YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28:16-20

ရှင်မဿဲ 28:16-20 Judson Bible (JBMLE)

တစ်​ကျိပ်​တစ်​ပါး​သော တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား၍ ယေ​ရှု​မှာ​ထား​တော်​မူ​သော တောင်​ပေါ်​သို့ တက်​ကြ​လျှင်၊ ကိုယ်​တော်​ကို​တွေ့​မြင်၍ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။- အ​ချို့​တို့​သည် ယုံ​မှား​ခြင်း​ရှိ​ကြ၏။- ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။- သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။- ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ရှင်မဿဲ 28:16-20 Common Language Bible (BCL)

တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ဦး​တို့​သည်​သ​ခင်​ယေ​ရှု မှာ​ကြား​တော်​မူ​သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည် တောင်​ပေါ်​သို့​သွား​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။- သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။- သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။- သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

ရှင်မဿဲ 28:16-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​သည် ဂါလိလဲ​နယ်​သို့​သွား​၍ သူ​တို့​အား ယေရှု​မှာကြား​ထား​တော်မူ​သော​တောင်​ပေါ်သို့ တက်​ကြ​ပြီး ကိုယ်တော်​ကို​တွေ့မြင်​၍ ရှိခိုး​ကြ​၏။ သို့သော် အချို့​တို့​သည် သံသယ​ဖြစ်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍“ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။ ထို့ကြောင့် သင်​တို့​သည်​သွား​၍ လူမျိုး​တကာ​တို့​ကို ငါ့​တပည့်​ဖြစ်​စေ​လျက် ခမည်းတော်၊ သား​တော်၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နာမ​၌ သူ​တို့​ကို​ဗတ္တိဇံ​ပေး​ကြ​လော့။ သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။