ရှင်မဿဲ 5:38-39
ရှင်မဿဲ 5:38-39 Judson Bible (JBMLE)
သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။
ရှင်မဿဲ 5:38-39 Common Language Bible (BCL)
``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။- သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။
ရှင်မဿဲ 5:38-39 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ ဟု ပြောထားသည်ကို သင်တို့ကြားရ၏။ သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။