ရှင်မာကု 11:12-26
ရှင်မာကု 11:12-26 Judson Bible (JBMLE)
နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။- အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊- ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။ ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊- ဗိမာန်တော်အထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား ဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။- ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။- ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။- ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။- သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
ရှင်မာကု 11:12-26 Common Language Bible (BCL)
နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့ သည် ဗေသနိရွာမှပြန်လာကြစဉ်ကိုယ်တော် သည်ဆာလောင်မွတ်သိပ်တော်မူ၏။- အရွက်ဝေဆာလျက်ရှိသောသင်္ဘောသဖန်းပင် ကိုအဝေးကမြင်တော်မူလျှင် အသီးတွေ့လို တွေ့ငြားအပင်အနီးသို့ချဉ်းကပ်တော်မူ၏။ သဖန်းသီးပေါ်ချိန်မဟုတ်၍အပင်ပေါ်တွင် အရွက်များသာတွေ့တော်မူ၏။- ထိုအခါကိုယ်တော်က ``နောင်အစဉ်အဆက် သင်၏အသီးကိုအဘယ်သူမျှမစားစေရ'' ဟုသင်္ဘောသဖန်းပင်အားမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်ကိုတပည့်တော်တို့ ကြားကြ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။- ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။- ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။ နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။- ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။ သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။- သို့ဖြစ်၍သင်တို့အားငါဆိုသည်ကား သင်တို့သည် မိမိတို့တောင်းလျှောက်သည့်အရာကိုမုချရမည် ဟု ယုံကြည်ကြလျှင်တောင်းလျှောက်သမျှကို ရကြလိမ့်မည်။- သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။- (သင်တို့သည်သူတစ်ပါး၏အပြစ်များကို မဖြေလွှတ်လျှင် ကောင်းကင်ဘုံတွင်ရှိတော်မူ သောသင်တို့အဖသည်သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်)'' ဟုတပည့် တော်တို့အားပြန်လည်မိန့်ကြားတော်မူ၏။
ရှင်မာကု 11:12-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နောက်တစ်နေ့၌ ဗေသနိရွာမှ သူတို့ထွက်ခွာကြသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ ထိုစဉ် အရွက်များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးမှမြင်၍ ထိုအပင်၌ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား အပင်ရှိရာသို့ကြွတော်မူ၏။ သို့သော် ရောက်တော်မူသောအခါ သဖန်းသီးပေါ်ချိန်မဟုတ်သောကြောင့် ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှတွေ့တော်မမူချေ။ ထိုအခါ ထိုအပင်အား“သင့်ထံမှအသီးကို ယခုမှစ၍ ကာလအစဉ်အဆက် မည်သူမျှ မစားရပါစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းကြားကြ၏။ သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။ ထို့ပြင် ဗိမာန်တော်ကိုဖြတ်၍ ကုန်ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ ကိုယ်တော်သည် သူတို့အားသွန်သင်လျက်“ ‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထိုအကြောင်းကိုကြားသိသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြ၏။ မှောင်ရီပျိုးစချိန်ရောက်လာသောအခါ ယေရှုနှင့်တပည့်တော်တို့သည် မြို့ပြင်သို့ထွက်သွားကြ၏။ နံနက်စောစော လမ်း၌ဖြတ်သွားကြစဉ် အမြစ်မှစ၍ ညှိုးနွမ်းခြောက်သွေ့နေသောသဖန်းပင်ကို သူတို့မြင်ကြ၏။ ထိုအခါ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ကိုယ်တော်ကျိန်တော်မူသောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့ပါပြီ”ဟု လျှောက်လေ၏။ ယေရှုကလည်း“ဘုရားသခင်ကို ယုံကြည်ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျက် မိမိစိတ်နှလုံးထဲ၌ သံသယကင်းမဲ့ကာ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းသောအခါ တောင်းလျှောက်သမျှသောအရာတို့ကို ရရှိပြီဟုယုံကြည်ကြလော့။ ထိုအခါ သင်တို့အတွက် ထိုအတိုင်းဖြစ်လိမ့်မည်။ သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။ [သို့သော် သင်တို့ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်]”ဟု မိန့်တော်မူ၏။