YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:1-13

ရှင်မာကု 13:1-13 Judson Bible (JBMLE)

ကိုယ်​တော်​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သော်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား ကြည့်​ရှု​တော်​မူ​ပါ။ ဧ​ရာ​ကျောက်​ကြီး​တ​ကား၊ ဧ​ရာ​တိုက်​ဆောင်​ကြီး​တ​ကား​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဤ​ကြီး​စွာ​သော တိုက်​ဆောင်​တို့​ကို သင်​သည် ယ​ခု​မြင်​ရ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊- ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု အ​ခြား​သူ​မ​ပါ​ဘဲ လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။- သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ရှေ့​ဦး​စွာ လူ​မျိုး​အ​ပေါင်း​တို့​အား ဟော​ရ​လိမ့်​မည်။ သင်​တို့​ကို အပ်​နှံ​ခြင်း​ငှာ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။- ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

ရှင်မာကု 13:1-13 Common Language Bible (BCL)

ဗိ​မာန်​တော်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​စဉ် တ​ပည့် တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ကြည့်​တော်​မူ​ပါ။ ဤ ကျောက်​တုံး​များ​သည်​ကြီး​မား​လှ​၍ ဤ​အ​ဆောက် အ​အုံ​များ​သည်​လည်း​ကြီး​ကျယ်​လှ​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​၏။ သ​ခင်​ယေ​ရှု​က ``ဤ​အ​ဆောက်​အ​အုံ​ကြီး​များ ကို ယ​ခု​သင်​မြင်​သည်​မ​ဟုတ်​လော။ ယင်း​အ​ဆောက် အ​အုံ​များ​မှ​ကျောက်​တုံး​အား​လုံး​ပင်​ပြို​ကျ ရ​လိမ့်​မည်။ ကျောက်​တစ်​တုံး​မျှ​မူ​လ​နေ​ရာ​တွင် ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။- လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။'' ``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။- ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။- သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။- လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။- ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''

ရှင်မာကု 13:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဗိမာန်​တော်​မှ​ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​က “ဆရာ၊ ကြည့်​ပါ။ အလွန်​ကြီးမား​သော​ကျောက်တုံး​များ​နှင့် အလွန်​ထည်ဝါ​သော​အဆောက်အအုံ​များ​ပါ​တကား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ဤ​ကြီးမား​သော​အဆောက်အအုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေရာ​၌ ကျောက်တုံး​တစ်တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သံလွင်​တောင်​ပေါ်၌ ဗိမာန်​တော်​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​နေ​တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​က “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ထို​အရာ​အားလုံး​ပြည့်စုံ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု ကိုယ်တော်​ကို တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။ များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူသုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ သင်​တို့​သည် စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို ကြား​ရ​သောအခါ စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အရာ​များ​သည် ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။ သင်​တို့​ကိုယ်တိုင်​လည်း သတိပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ရိုက်နှက်​ခြင်း​ခံရ​ကြ​ပြီး ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အတွက်​သက်သေ​ဖြစ်​ကြ​လိမ့်မည်။ ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​အား ဦးစွာ​ဟောပြော​ကြ​ရ​မည်။ လူ​တို့​သည် သင်​တို့​ကို​ခေါ်ဆောင်​သွား​၍ အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို​ပြောဆို​ရ​မည်နည်း​ဟူ၍ ကြိုတင်​စိုးရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အချိန်​နာရီ​၌ သင်​တို့​အား ဖော်ပြ​တော်မူ​သော​အရာ​ကို​သာ ပြောဆို​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​ကိုယ်တိုင်​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြစ်​၏။ ညီအစ်ကို​ချင်း တစ်ဦး​က တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို​သေ​စေရန်​ပြု​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။