YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:32-72

ရှင်မာကု 14:32-72 Judson Bible (JBMLE)

ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊- ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊- ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ ရှေ့​မြွက်​ဆို​သည်​နည်း​တူ ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။- သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စေ​လွှတ်​သော​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို​ကိုင်​လျက် ချက်​ချင်း​လာ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း၍ လုံ​ခြုံ​စွာ ဆောင်​သွား​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။- ထို​သူ​တို့​သည် လာ၍ ကိုယ်​တော်​ကို​ဆွဲ​ကိုင် ဖမ်း​ဆီး​ကြ၏။- အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​သည် ဓား​ကို ဆွဲ​ထုတ်​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင်​တို့​သည် ဓား​ပြ​ကို ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား၊- ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊- ကျမ်း​စာ​ပြည့်​စုံ​မည် အ​ကြောင်း​တည်း​ဟု ထို​လူ​များ​ကို မိန့်​တော်​မူ၏။- ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်၍ ပြေး​ကြ၏။ လု​လင်​တစ်​ယောက်​သည် စောင်​တစ်​ထည်​ကို​သာ ဝတ်​လျက် နောက်​တော်​သို့​လိုက်​သည်​ဖြစ်၍၊ မင်း​လု​လင်​တို့​သည် ထိုသူ​ကို ဖမ်း​ဆီး​ကြ၏။- သူ​သည်​လည်း စောင်​ကို​စွန့်​ပစ်၍ အ​ဝတ်​မ​ရှိ​ဘဲ လု​လင်​တို့​လက်​မှ ထွက်​ပြေး​လေ၏။ ထို​သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ၏။ ထို​မင်း​ထံ၌ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​ရ​မည်​အ​ကြောင်း သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- လူ​များ​တို့​သည် မ​မှန်​သော​သက်​သေ​ကို ခံ​ကြ​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည်​မ​ညီ။- အ​ချို့​တို့​သည်​ထ၍၊ ဤ​သူ​က၊ လူ​တို့​လက်​ဖြင့် လုပ်​သော၊- ဤ​ဗိ​မာန်​တော်​ကို ငါ​ဖြို​ဖျက်၍ လူ​တို့​လက်​ဖြင့် မ​လုပ်​သော ဗိ​မာန်​တော်​တစ်​ဆူ​ကို တည်​ဆောက်​မည်​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။- သို့​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည် မ​ညီ။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​လယ်၌ မတ်​တတ်​ထ၍၊ သင်​သည် တစ်​ခွန်း​မျှ​ပြန်၍ မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့​သက်​သေ​ခံ​သ​နည်း​ဟု ယေ​ရှု​ကို​မေး​လျှင်၊- ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊- ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက် အ​ဘယ်​သက်​သေ​ကို လို​သေး​သ​နည်း။- ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။- ထို​အ​ခါ အ​ချို့​တို့​သည် ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​သီး​နှင့် ထိုး​လျက်၊ ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ မင်း​လု​လင်​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်​ကြ၏။ ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊- ပေ​တ​ရု​သည် မီး​လှုံ​လျက်​နေ​သည်​ကို မြင်​သော​အ​ခါ သူ့​ကို​စေ့​စေ့​ကြည့်၍၊ သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။- နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊- တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။

ရှင်မာကု 14:32-72 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊- ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊- ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။ ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။- ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။- ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။ ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။- လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။ ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​တွင် တစ်​ကျိပ် နှစ်​ပါး​အ​ဝင်​ဖြစ်​သော​ယု​ဒ​ရောက်​ရှိ​လာ​၏။ သူ​နှင့်​အ​တူ​တုတ်၊ ဋ္ဌား​ကိုင်​သူ​လူ​အ​မြောက် အ​မြား​ပါ​၏။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​က​စေ​လွှတ်​၍​ရောက်​ရှိ လာ​ကြ​ခြင်း​ဖြစ်​သည်။- ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ က ``ငါ​နမ်း​ရှုပ်​နှုတ်​ဆက်​သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍​အ​စောင့်​နှင့်​ခေါ်​သွား​ကြ လော့'' ဟု​သူ​တို့​အား​အ​မှတ်​ပေး​ခဲ့​၏။ သူ​သည်​ရောက်​လာ​ပြီး​လျှင်​ချက်​ချင်း​ပင် ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ကာ ``အ​ရှင်​ဘု​ရား'' ဟု​ဆို​၍​ကိုယ်​တော်​ကို​နမ်း​ရှုပ်​လေ​သည်။- လူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။- ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။- သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို ဖမ်း​ဆီး​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​ဆီး​ရန်​တုတ်၊ ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။- ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် သင်​တို့ ရှေ့​မှာ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ သင်​တို့​ငါ့​ကို မ​ဖမ်း​မ​ဆီး​ခဲ့​ကြ။ သို့​ရာ​တွင်​ကျမ်း​စာ​လာ သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်'' ဟု​ထို​သူ​တို့ အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။ ပိတ်​ပိုင်း​လွှာ​တစ်​ခု​ကို​သာ​ဝတ်​ထား​သည့်​လူ​ငယ် လူ​ရွယ်​တစ်​ယောက်​သည် ကိုယ်​တော်​၏​နောက်​တော် က​လိုက်​လာ​၏။ လူ​အ​ချို့​တို့​သည်​သူ့​ကို​ဖမ်း ဆီး​မည်​ပြု​ကြ​သော​အ​ခါ၊- သူ​သည်​ပိတ်​ပိုင်း​လွှာ​ကို​စွန့်​၍​အ​ဝတ်​မ​ပါ​ဘဲ ထွက်​ပြေး​လေ​၏။ ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။- ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ ယု​ဒ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​အား​သေ​ဒဏ်​ပေး​နိုင်​ရန်​သက်​သေ ကို​ရှာ​သော်​လည်း​မ​တွေ့​ကြ။- လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။ လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ့​လက်​ဖြင့်​တည်​ဆောက် သော ဤ​ဗိ​မာန်​ကို​ငါ​ဖြို​ဖျက်​မည်။ ထို​နောက်​သုံး​ရက် ကြာ​သော​အ​ခါ လူ့​လက်​ဖြင့်​မ​တည်​မ​ဆောက်​သည့် ဗိ​မာန်​တော်​ကို​ငါ​တည်​ဆောက်​မည်​ဟု သူ​ပြော​ဆို သည်​ကို​အ​ကျွန်ုပ်​တို့​ကိုယ်​တိုင်​ကြား​ပါ​သည်'' ဟု မ​ဟုတ်​မ​မှန်​ထွက်​ဆို​ကြ​၏။- သို့​ရာ​တွင်​ထို​သူ​တို့​ထွက်​ဆို​ချက်​များ​ပင်​လျှင် ကိုက်​ညီ​မှု​မ​ရှိ။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။- ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏ အ​ဝတ်​ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ငါ​တို့​အ​ဘယ်​မှာ လျှင်​သက်​သေ​များ​ထပ်​၍​လို​ပါ​တော့​မည်​နည်း။- ဘု​ရား​သ​ခင်​အား​ထို​သူ​ပြစ်​မှား​ပြော​ဆို​သည် ကို​သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​စီ​ရင် ချက်​ချ​မှတ်​ကြ​မည်​နည်း'' ဟု​ဆို​၏။ ထို​သူ​အား​လုံး​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့် သေ​ဒဏ်​ပေး​ထိုက်​သည်'' ဟု​စီ​ရင်​ချက်​ချ​မှတ် ကြ​၏။- အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။ ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။- ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။ ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။ အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။- ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။

ရှင်မာကု 14:32-72 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က“ငါ​ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ “အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ”​ဟု တောင်းလျှောက်​တော်မူ​၏။ ထို့နောက် ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“ရှိမုန်၊ သင်​သည် အိပ်ပျော်​နေ​သလော။ တစ်​နာရီ​မျှ သတိ​နှင့်​မ​စောင့်​နိုင်​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ထွက်သွား​၍ အထက်​က​တောင်းလျှောက်​ခဲ့​သည့်​အတိုင်း ဆုတောင်း​ပြီးမှ နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။ ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ တော်လောက်​ပေ​၏။ အချိန်​ရောက်လာ​ပြီ။ ကြည့်ရှု​လော့။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ်​၌​ပင် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​က​စေလွှတ်​လိုက်​သော လူ​အစုအဝေး​တို့​သည်​လည်း တုတ်​၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေရှု​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​၍ လုံခြုံ​စွာ​ခေါ်ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ ထို့ကြောင့် သူ​သည် ရောက်လာ​သည်​နှင့် ကိုယ်တော်​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ ထိုစဉ် အနီး​၌​ရပ်​နေ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ ယေရှု​က ထို​သူ​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း သင်​တို့​နှင့်အတူ​ရှိ​လျက် ဗိမာန်​တော်​၌​သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​သည် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်ပြေး​ကြ​၏။ လူငယ်​တစ်​ဦး​သည် မိမိ​ကိုယ်​ပေါ်တွင် ပိတ်ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်းဆီး​ကြ​၏။ သို့သော် သူ​သည် ပိတ်ချော​ထည်​ကို​ထား​ခဲ့​၍ အဝတ်မပါ​ဘဲ​ထွက်ပြေး​သွား​လေ​၏။ ထို့နောက် သူ​တို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်​မင်း​ထံသို့ ခေါ်ဆောင်​သွား​ကြ​ရာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့်​ကျမ်းပြု​ဆရာ​များ​အားလုံး​သည် စုဝေး​လာ​ကြ​၏။ ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အတွင်း​ထဲ​အထိ ကိုယ်တော့်​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​လျက် မီး​လှုံ​နေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့်​သက်သေ​ကို ရှာ​ကြ​သော်လည်း မ​တွေ့​ကြ။ အကြောင်းမူကား လူ​များစွာ​တို့​သည် ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​ကြ​သော်လည်း သူတို့​၏​သက်သေခံ​ချက်​များ​သည် ကိုက်ညီ​မှု​မ​ရှိ​ကြ​ပေ။ ထိုအခါ လူ​အချို့​တို့​သည်​ထ​၍ ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​လျက် “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်ဆောက်​သော အခြား​ဗိမာန်​တော်​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​၏​သက်သေခံ​ချက်​သည်​လည်း အလားတူပင်​ကိုက်ညီ​မှု​မ​ရှိ​ပေ။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် သူ​တို့​ရှေ့၌​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ယေရှု​အား​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် တစ်ခွန်းမျှ​မ​ဖြေကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ တစ်ဖန် ယဇ်ပုရောဟိတ်​မင်း​က “သင်​သည် မင်္ဂလာရှိ​သော​အရှင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​သလော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“ငါ​ဖြစ်​၏။ လူ့သား​သည် တန်ခိုး​တော်​၏​လက်ယာ​ဘက်​၌​ထိုင်​လျက် ကောင်းကင်​မိုးတိမ်​များ​ဖြင့်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို သေဒဏ်​ခံထိုက်​သည်​ဟု စီရင်​ကြ​၏။ ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။ ပေတရု​သည် ခြံဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်ပုရောဟိတ်​မင်း​၏​အစေခံ​မိန်းမ​တစ်​ဦး​သည်​လာ​၍ မီးလှုံ​နေ​သော​ပေတရု​ကို​တွေ့​လျှင် သူ့​ကို​စူးစိုက်​ကြည့်​လျက် “သင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။ ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။ ပေတရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်တည်​၍​ကျိန်ဆို​လေ​၏။ ထို​ခဏချင်း​တွင် ဒုတိယ​အကြိမ် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သော​စကား​ကို သတိရ​သဖြင့် ချုံးပွဲချ​ငိုကြွေး​လေ​၏။