YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:39-41

ရှင်မာကု 15:39-41 Judson Bible (JBMLE)

ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။- မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။

ရှင်မာကု 15:39-41 Common Language Bible (BCL)

ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။- သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။

ရှင်မာကု 15:39-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။