YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:42-45

ရှင်မာကု 15:42-45 Judson Bible (JBMLE)

ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊- အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- ယေ​ရှု​သည် ယ​ခု​ပင်​သေ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​ခြင်း​ရှိ​သ​ဖြင့် တပ်​မှူး​ကို​ခေါ်၍၊ သေ​သည်​ကား ကြာ​ပြီ​လော​ဟု မေး၏။- သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။

ရှင်မာကု 15:42-45 Common Language Bible (BCL)

ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။- ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။- သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။

ရှင်မာကု 15:42-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​တည်းဟူသော အဖိတ်နေ့​ဖြစ်​သဖြင့် ညနေချမ်း​အချိန်​ရောက်​သောအခါ ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ပိလတ်​မင်း​သည် ယေရှု​သေဆုံး​ပြီ​လော​ဟု​အံ့ဩ​၍ တပ်မှူး​ကို​ခေါ်​လျက် ယေရှု​သေဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​၊ မ​ဟုတ်​မေး​လေ​၏။ တပ်မှူး​ထံမှ ဟုတ်မှန်​ကြောင်း​သိ​ရ​လျှင် အလောင်း​တော်​ကို ယောသပ်​အား​ပေး​လေ​၏။