နေဟမိ 6:15-16
နေဟမိ 6:15-16 Judson Bible (JBMLE)
အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလ လနှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။ ထိုသတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည်ဝန်းကျင်၌ နေသော တစ်ပါးအမျိုးသား အပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့်အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။
နေဟမိ 6:15-16 Common Language Bible (BCL)
အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။- ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
နေဟမိ 6:15-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဤသို့ဖြင့် ရက်ပေါင်းငါးဆယ့်နှစ်ရက်အကြာ၊ ဧလုလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။ ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။