တောလည်ရာ 14:21-23
တောလည်ရာ 14:21-23 Judson Bible (JBMLE)
ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ ငါ့ဘုန်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကိုလည်းကောင်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။
တောလည်ရာ 14:21-23 Common Language Bible (BCL)
ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊- ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။- သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။
တောလည်ရာ 14:21-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် အမှန်ပင်အသက်ရှင်သည်ဖြစ်၍ ကမ္ဘာမြေတစ်ခွင်လုံးသည် ထာဝရဘုရား၏ဘုန်းအသရေနှင့်ပြည့်လိမ့်မည်။ အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့် ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။