သုတ္တံ 1:1-4
သုတ္တံ 1:1-4 Judson Bible (JBMLE)
ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည်လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊
သုတ္တံ 1:1-4 Common Language Bible (BCL)
ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊ ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
သုတ္တံ 1:1-4 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒါဝိဒ်၏သားတော်၊ အစ္စရေးဘုရင်၊ ရှောလမုန်၏သုတ္တံစကားများ။ ဤစကားတို့သည် ဉာဏ်ပညာနှင့်ဆုံးမပဲ့ပြင်ခြင်းကို သိရှိစေရန်အတွက်လည်းကောင်း၊ အသိဉာဏ်နှင့်ဆိုင်သောစကားတို့ကို နားလည်စေရန်အတွက်လည်းကောင်း၊ ပညာသတိနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် သမာသမတ်ရှိခြင်းကို ရရှိစေရန်အတွက်လည်းကောင်း၊ အသိဉာဏ်နည်းပါးသောသူတို့အား ဆင်ခြင်ဉာဏ်ကိုပေး၍ လူငယ်တို့အား အသိပညာနှင့်အလိမ္မာဉာဏ်ကို ပေးရန်အတွက်လည်းကောင်း ဖြစ်ကြ၏။