ဆာလံ 140:1-2
ဆာလံ 140:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ထာဝရဘုရား၊ ဆိုးညစ်သောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။ သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
ဆာလံ 140:1-2 Judson Bible (JBMLE)
အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ထိုသူတို့သည် နှလုံးထဲမှာ မကောင်းသောအကြံအစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
ဆာလံ 140:1-2 Common Language Bible (BCL)
အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။ သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။