ဆာလံ 37:23-24
ဆာလံ 37:23-24 Judson Bible (JBMLE)
ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
မျှဝေရန်
ဆာလံ 37 ကိုဖတ်ပါ။ဆာလံ 37:23-24 Common Language Bible (BCL)
ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။ ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
မျှဝေရန်
ဆာလံ 37 ကိုဖတ်ပါ။ဆာလံ 37:23-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် လူ၏ခြေလှမ်းများကို မြဲမြံစေ၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထာဝရဘုရားသည် သူ့ကို မိမိလက်တော်ဖြင့် ထောက်မတော်မူသောကြောင့် သူသည်လဲကျလျှင်လည်း ပြန်မထနိုင်တော့သည့်အဖြစ်သို့ ရောက်လိမ့်မည်မဟုတ်။
မျှဝေရန်
ဆာလံ 37 ကိုဖတ်ပါ။