ဆာလံ 40:1-2
ဆာလံ 40:1-2 Judson Bible (JBMLE)
ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။ ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက ငါ့ကိုဆယ်နုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။
ဆာလံ 40:1-2 Common Language Bible (BCL)
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။ ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
ဆာလံ 40:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ထာဝရဘုရားကို စေ့စေ့စောင့်မျှော်လျက်နေ၏။ ကိုယ်တော်သည် ငါ့ဘက်သို့လှည့်၍ ငါ၏အော်ဟစ်သံကို ကြားတော်မူ၏။ ကိုယ်တော်သည် ကြောက်မက်ဖွယ်သေတွင်းနှင့် ရွှံ့နွံထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူပြီးလျှင် အကျွန်ုပ်၏ခြေကို ကျောက်ပေါ်၌ရပ်စေ၍ အကျွန်ုပ်၏ခြေလှမ်းများကို မြဲမြံစေတော်မူ၏။