ဆာလံ 75:1
ဆာလံ 75:1 Judson Bible (JBMLE)
အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
ဆာလံ 75:1 Common Language Bible (BCL)
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။
ဆာလံ 75:1 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်၏နာမတော်သည် နီးသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ လူတို့သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ပြောကြားကြပါ၏။