ဆာလံ 77:1-2
ဆာလံ 77:1-2 Judson Bible (JBMLE)
ငါသည် ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။ ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရဘုရားကို ရှာရ၏။ ညအချိန်၌ပင် လက်ကိုဆန့်လျက်နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။
ဆာလံ 77:1-2 Common Language Bible (BCL)
ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။ ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
ဆာလံ 77:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဘုရားသခင်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်တောင်းလျှောက်၏။ ဘုရားသခင်ထံသို့ အသံကိုလွှင့်သောအခါ ကိုယ်တော်သည် ငါ့ကို စူးစိုက်နားထောင်တော်မူ၏။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။