ရောမ 10:10-11
ရောမ 10:10-11 Judson Bible (JBMLE)
ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။- ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
ရောမ 10:10-11 Common Language Bible (BCL)
အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။- ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။
ရောမ 10:10-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။