ရောမ 11:17-18
ရောမ 11:17-18 Judson Bible (JBMLE)
အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့်အတူ သံလွင်ပင်အမြစ်ကိုလည်းကောင်း၊ အဆီဩဇာကိုလည်းကောင်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။- ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။
ရောမ 11:17-18 Common Language Bible (BCL)
လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။- သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။
ရောမ 11:17-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင် ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။