ရောမ 4:20-21
ရောမ 4:20-21 Judson Bible (JBMLE)
ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
ရောမ 4:20-21 Common Language Bible (BCL)
သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။- ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။
ရောမ 4:20-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်၏ကတိတော်အပေါ်၌ ယုံမှားသံသယမရှိဘဲ ယုံကြည်ခြင်းအားကြီးလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ ဘုရားသခင်သည် ကတိပေးတော်မူသောအရာကို ဆောင်ရွက်နိုင်စွမ်းလည်းရှိသည်ဟု အပြည့်အဝယုံကြည်လေ၏။