ယေရှုခရစ်တော်ဖွားမြင်တော်မူသည့်ဖြစ်စဉ်မှာ ဤသို့ဖြစ်၏။ ကိုယ်တော်ယေရှု၏မိခင်မာရိသည် ယောသပ်နှင့်လက်ထပ်ပေါင်းသင်းရန် စေ့စပ်ထားခဲ့သူဖြစ်၏။ သို့သော် ထိုသို့ပေါင်းသင်းနေထိုင်ခြင်းမပြုမီ မာရိသည် အပျိုစင်ဘဝ၌ရှိစဉ် ဉာဏ်အလင်းတော်၏တန်ခိုးအားဖြင့် ပဋိသန္ဓေစွဲနေသည်ကို သိရလေ၏။ ယောသပ်သည် စိတ်ထားမှန်သောသူဖြစ်သည်နှင့်အညီ မာရိကို လူအများရှေ့တွင် အရှက်မကွဲစေလိုသဖြင့် မာရိနှင့်မင်္ဂလာပွဲကို တိတ်တဆိတ်ဖျက်သိမ်းရန် ကြံရွယ်လေ၏။