ကမ္ဘာဦးကျမ်း 1
1
ဖန်ဆင်းခြင်း
1အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
2မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။ 3ဘုရားသခင်က “အလင်းဖြစ်စေ”#၂ကော 4:6။ဟု မိန့်တော်မူရာ အလင်းဖြစ်လေ၏။ 4ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ ဘုရားသခင်သည် အလင်းနှင့်အမှောင်ကို ပိုင်းခြားတော်မူ၏။ 5ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
6တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။ 7ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 8ဘုရားသခင်သည် မိုးမျက်နှာကြက်ကို မိုးကောင်းကင် ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဒုတိယနေ့ရက်ဖြစ်လေ၏။
9တစ်ဖန် ဘုရားသခင်က “မိုးကောင်းကင်အောက်၌ရှိသောရေသည် တစ်နေရာတည်း၌စုဝေးစေ။ ကုန်းမြေပေါ်လာစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 10ဘုရားသခင်သည် ကုန်းမြေကို မြေကြီး ဟုခေါ်ဝေါ်၍ ရေစုဝေးရာကို ပင်လယ် ဟုခေါ်ဝေါ်တော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ 11တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 12မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော အပင်ကိုလည်းကောင်း ပေါက်စေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ 13ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ တတိယနေ့ရက်ဖြစ်လေ၏။
14တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။ 15မြေကြီးကိုအလင်းပေးရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များ ဖြစ်တည်စေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 16ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။ 17ဘုရားသခင်သည် ထိုအလင်းအိမ်များကို မိုးကောင်းကင်မျက်နှာကြက်၌ ထားတော်မူ၍ မြေကြီးကိုအလင်းပေးစေ၏။ 18နေ့နှင့်ညကို အုပ်စိုးစေ၍ အလင်းနှင့်အမှောင်ကို ပိုင်းခြားစေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ 19ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ စတုတ္ထနေ့ရက်ဖြစ်လေ၏။
20တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။ 21ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ 22ဘုရားသခင်သည် ထိုသတ္တဝါတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ ပင်လယ်ရေများ၌ ပြည့်ကြလော့။ ငှက်တို့လည်း မြေကြီးပေါ်၌ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။ 23ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပဉ္စမနေ့ရက်ဖြစ်လေ၏။
24တစ်ဖန် ဘုရားသခင်က “မြေကြီးသည် သက်ရှိသတ္တဝါကို အမျိုးအလိုက် ပေါက်ဖွားစေ။ ယဉ်ပါးသောတိရစ္ဆာန်၊ တွားသွားသောတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်တို့ကို အမျိုးအလိုက် ပေါက်ဖွားစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 25ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်ကို အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်ကို အမျိုးအလိုက်၊ မြေပေါ်ရှိတွားသွားသောတိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
26တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။ 27ဘုရားသခင်သည် မိမိပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းရာတွင် ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။#က 5:2၊ မ 19:4၊ မာ 10:6။
28ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ 29တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။ 30တောရိုင်းတိရစ္ဆာန်အားလုံး၊ မိုးကောင်းကင်ငှက်အားလုံး၊ မြေပေါ်မှာတွားသွားသောသတ္တဝါအားလုံး စသည့် သက်ရှိသတ္တဝါတို့စားစရာအတွက်မူကား စိမ်းလန်းသောမြက်ပင်အမျိုးမျိုးတို့ကို ငါပေး၏”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ 31ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
Trenutno izabrano:
ကမ္ဘာဦးကျမ်း 1: MSBU
Istaknuto
Podijeli
Kopiraj
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: