က~မ္ဘာ~ဦး~ကျမ်း။ 18

18
1ထာ ဝ ရ ဘု ရား သည် မံ ရေ ညန် မြိုင် အ နီး၊ အာ ဗြ ဟံ အား ထင် ရှား တော် မူ သည် မှာ နေ ပူ သော အ ချိန် တွင် တဲ၀ ၌ အာ ဗြ ဟံ ထိုင် လျက် ရှိ စဥ်၊ 2မျှော် ကြည့် ၍ ရှေ့ တွင် ရပ် နေ သူ သုံး ဦး တို့ ကို မြင် သော အ ခါ ခ ရီး ဦး ကြို ပြု ရန် ထို တဲ၀ မှ ပြေးပြီး လျှင် ပျပ်၀ပ် ရှိ ခိုး လျက်၊ 3အ ရှင် ဘု ရား၊ ကိုယ် တော့် ထံ မျက် နှာ သာ ရ ပါ လျှင် ကျွန် တော့် ထံ မှ လွန် ကြွ တော် မ မူ ပါ နှင့်။ 4ကျွန် တော့် ထံ သို့ ရောက် ရှိ တော် မူ ကြ ပါ ပြီး ဖြစ်၍ ရေ အ နည်း ငယ် ကို ယူ ခဲ့ ပါ ရ စေ။ ခြေ ကို ဆေး ပြီး လျှင် သစ် ပင် ရိပ် ၌ နား နေ တော် မူ ကြ ပါ။ 5ခဲ ဖွယ် စား ဖွယ် အ နည်း ငယ် ကို လည်း ယူ ခဲ့ ပါ မည်။ အား ဖြည့် တင်း ပြီး မှ ကြွ တော် မူ ကြ ပါ ဟု လျှောက် သော် ထို သူ တို့ က သင့် စ ကား အ တိုင်း ပြု လေ လော့ ဟု ဆို ကြ ၏။ 6အာ ဗြ ဟံ လည်း တဲ အ တွင်း စာ ရာ့ ထံ သို့ အ လျင် ဝင် သွား ပြီး လျှင် ဂျုံ မုန့် ညက် သုံး စိတ် ကို အ မြန် ပြင် ဆင် နယ် ၍ မုန့် လုပ် ပါ ဟု ဆို လေ ၏။ 7ထို နောက် နွား အုပ် သို့ ပြေး လျက် နူး ညံ့ ၍ စား ဖွယ် ကောင်း သော နွား ပေါက် တစ် ကောင် ကို ယူ ခဲ့ ပြီး လျှင် လူ ငယ့် လက် သို့ အပ် သ ဖြင့် မြန် မြန် ပြင် ဆင် စေ ၏။ 8တစ် ဖန် နို့ ဓမ်း နှင့် နို့ ရည် ကို လည်း ကောင်း၊ ပြင် ဆင် ပြီး သော နွား ပေါက် ကို လည်း ကောင်း ယူ ၍ ထို သူ တို့ ရှေ့ ပွဲ ခင်း ပြီး လျှင် သုံး ဆောင် ကြ ရာ သူ တို့ အ ပါး သစ် ပင် ရိပ် တွင် ရပ် နေ ၏။ 9သူ တို့ က လည်း သင့် မ ယား စာ ရာ သည် အ ဘယ် မှာ ရှိ သ နည်း ဟု မေး ကြ လျှင်၊ 10တဲ အ တွင်း၌ ရှိ ပါ သည် ဟု ပြန် လျှောက် ရာ နောင် နှစ် မိုး ဦး ကာ လ၌ သင့် ထံ ငါ မု ချ ပြန် လာ ဦး မည် ဖြစ်၍ သင့် မ ယား စာ ရာ သည် သား ကို ရ လိမ့် မည် ဟု မိန့် မြွက် တော် မူ သော် ကိုယ် တော့် နောက် တဲ၀ တွင် ရှိ နေ သူ စာ ရာ ကြား ရ ၏။ 11အာ ဗြ ဟံ နှင့် စာ ရာ တို့ သည် အ သက် အ ရွယ် ကြီး ရင့် လှ ပြီ။ စာ ရာ လည်း မိန်း မ တို့ ဓ မ္မ တာ ကုန် ခန်း ပြီး ဖြစ် ၍၊ 12စာ ရာ က၊ ငါ လည်း အို မင်း ပြီ။ သ ခင် လည်း အို မင်း ပြီ။ ပျော် ပါး ခွင့် ငါ ရှိ အံ့ လော့ ဟု ဆို လျက် စိတ် တွင် ရယ် လေ ၏။ 13သင့် မ ယား စာ ရာ က၊ အို မင်း သော ငါ သည် သား ကို အ မှန် ရ နိုင် မည် လော ဟု ဆို လျက် အ ဘယ် ကြောင့် ရယ် သ နည်း။ 14ငါ ထာ ဝ ရ ဘု ရား မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ ရှိ သ လော။ နောင် နှစ် ယ ခု အ ခါ သ မ ယ မိုး ဦး ကာ လ ရောက် လျှင် သင့် ထံ ငါ ပြန် လာ ဦး မည် ဖြစ်၍ စာ ရာ သည် သား ကို ရ လိမ့် မည် ဟု အာ ဗြ ဟံ အား ထာ၀ ရ ဘုရား မိန့် တော် မူ ၏။ 15စာ ရာ က လည်း ကျွန် မ မ ရယ် ပါ ဟု ကြောက် ၍ ကွယ် ဆို လျှင် သင် မ ရယ် သည် မ ဟုတ် ဟု မိန့် တော် မူ၏။
16ထို အ ရပ် မှ သူ တို့ ထ၍ သော ဒုံ မြို့ ကို စီး ကြည့် ကြ ရာ၊ 17-18အာ ဗြ ဟံ သည် လမ်း ညွှန် ရန် လိုက် လေ ၏။ ထာ၀ ရ ဘု ရား က လည်း အာ ဗြ ဟံ အား ဖြင့် ကြီး မြတ် ၍ တန် ခိုး နှင့် ပြည့် စုံ သော လူ မျိုး ဖြစ် သည့် ပြင် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ကို ထောက် ၍ ငါ ပြု ဆဲ အ မှု ကို အာ ဗြ ဟံ အား ထိမ် ချန် ရ မည် လော။ 19ငါ ဘု ရား က တိ ထား သည့် အ တိုင်း အာ ဗြ ဟံ့ အ ပေါ် သက် ရောက် ခွင့် ရှိ စေ ရန် ငါ ဘု ရား၏ နည်း လမ်း ကို နောက် သား နောင် လာ အိမ် သူ အိမ် သား တို့ စောင့် ရှောက်၍ တ ရား သ ဖြင့် ဖြောင့် မှန် စွာ ဆောင် ရွက် ကြ ရ မည့် အ ကြောင်း ပ ညတ် ထား စေ ခြင်း ငှာ ထို သူ့ ကို ငါ#18.19 ပါ ဠိ - သိ မှတ် ပြီရွေး ကောက် ပြီ ဟု မြွက် ဆို တော် မူ ၏။ 20တစ် ဖန် ထာ ဝ ရ ဘု ရား က သော ဒုံ၊ ဂေါ မော ရ မြို့ များ တစ် ဘက် အော် ဟစ် သံ ပြင်း ထန် ၍ ၎င်း မြို့ များ အ ပြစ် အ လွန် ကြီး လေး သော ကြောင့်၊ 21ငါ့ ရှေ့ သို့ ရောက် ရှိ သော အော် ဟစ် သံ အ တိုင်း အ မှန် ပြု မ ပြု ကို ငါ ဆင်း သက် ရှု မှတ် မည် ဟု မိန့် တော် မူ သော်၊ 22သူ တို့ သည် ထို အ ရပ် ကို ကျော ခိုင်း ၍ သော ဒုံ မြို့ သို့ သွား ကြ၏။ အာ ဗြ ဟံ မူ ကား၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ရပ် နေ သေး သ တည်း။ 23ထို အ ခါ အာ ဗြ ဟံ တိုး ၀င် ၍ သူ တော် ကောင်း တို့ ကို မ သူ တော် တို့ နှင့် အ တူ ကိုယ် တော် ပယ် ရှင်း တော် မူ မည် လော။ 24ထို မြို့ တွင် အ ကယ် ၍ သူ တော် ကောင်း ငါး ဆယ် ရှိ လျှင် ထို သူ တော် ကောင်း ငါး ဆယ် အ တွက် ၎င်း မြို့ ကို မ နှ မြော ဘဲ ပယ် ရှင်း တော် မူ မည် လော။ 25ထို သို့ သူ တော် ကောင်း တို့ ကို မ သူ တော် တို့ နှင့် ရော ပြွမ်း၍ ကွပ် မျက် ရ ခြင်း အ မှု သည် ကိုယ် တော် နှင့် ကင်း​ ၀ေး ပါ စေ သော။ မြေ တစ် ပြင် လုံး၏ တ ရား မင်း သည် တ ရား သ ဖြင့် ပြု တော် မူ မည် မ ဟုတ် လော ဟု လျှောက် ဆို ရာ၊ 26သော ဒုံ မြို့ အ တွင်း သူ တော် ကောင်း ငါး ဆယ် ငါ တွေ့ ရ လျှင် သူ တို့ အ တွက် တစ် မြို့ လုံး ကို ငါ နှ မြော မည် ဟု ထာ၀ ရ ဘု ရား မိန့် တော် မူ ၏။ 27တစ် ဖန် အာ ဗြ ဟံ က၊ မြေ မှုန့် နှင့် ဖုတ် မျှ သာ ဖြစ် သော အ ကျွန်ုပ် သည် အ ရှင် ဘု ရား အား လျှောက်၀ံ့ သည် မှာ၊ 28ဆို ခဲ့ သော သူ တော် ကောင်း ငါး ဆယ် အ နက် အ ကယ် ၍ ငါး ​ယောက် လျော့ လျှင် ထို ငါး ​ယောက် လျော့ သော ကြောင့် တစ် မြို့ လုံး ကို ဖျက် ဆီး တော် မူ မည် လော ဟု မေး လျှောက် ပြန် သော် ထို မြို့ တွင် လေး ဆယ့် ငါး​ ယောက် ကို တွေ့ ရ လျှင် ငါ ဖျက် ဆီး မည် မ ဟုတ် ဟု မိန့် တော် မူ၏။ 29တစ် ဖန် ထို မြို့ တွင် အ ကယ်၍ လေး ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် လျှင် ထို လေး ဆယ့် အ တွက် ငါ စီ ရင် မည် မ ဟုတ် ဟု မိန့် တော် မူ ၏။ 30နောက် တစ် ဖန် အ ရှင် ဘု ရား၊ စိတ် ရှိ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် လျှောက် ပါ ရ စေ ဦး။ ထို မြို့ တွင် အ ကယ် ၍ သုံး ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် သော် ထို မြို့ တွင် သုံး ဆယ် ကို တွေ့ ရ လျှင် ငါ စီ ရင် မည် မ ဟုတ် ဟု မိန့် တော် မူ၏။ 31တစ် ဖန် အ ကျွန်ုပ် သည် အ ရှင် ဘု ရား အား လျှောက်၀ံ့ သည် မှာ ထို မြို့ တွင် အ ကယ် ၍ နှစ် ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် သော် နှစ် ဆယ့် အ တွက် ငါ ဖျက် ဆီး မည် မ ဟုတ် ဟု မိန့် တော် မူ၏။ 32အ ရှင် ဘု ရား၊ စိတ် ရှိ တော် မ မူ ပါ နှင့်။ ယ ခု တစ် ကြိမ် သာ အ ကျွန်ုပ် လျှောက် ပါ ရ စေ ဦး။ ထို မြို့ တွင် အ ကယ် ၍ တစ် ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် သော် တစ် ဆယ့် အ တွက် ငါ ဖျက် ဆီး မည် မ ဟုတ် ဟု မိန့် တော် မူ၏။ 33ထာ ဝ ရ ဘု ရား သည် အာ ဗြံ ဟံ အား မိန့် မြွက် တော် မူ ခြင်း ကို အ ဆုံး သတ် ပြီး မှ ကြွ သွား တော် မူ၏။ အာ ဗြ ဟံ လည်း ကိုယ့် နေ ရာ သို့ ပြန် သွား လေ ၏။

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول