က~မ္ဘာ~ဦး~ကျမ်း။ 27
27
1ထို နောက် ဣ ဇာက် သည် အို မင်း၍ မျက် စိ မှုန် သ ဖြင့် မ မြင် နိုင် သော အ ခါ သား အ ကြီး ဧ သော ကို၊ ငါ့ သား ဟု ခေါ် လျှင် ကျွန် တော် ရှိ ပါ သည် ဟု ထူး လေ သော်၊ 2အ ဘ က၊ ငါ အို မင်း လှ ပြီ။ သေ အံ့ သော နေ့ ရက် ကို ငါ မ သိ။ 3-4ငါ မ သေ မီ ငါ့ စိတ် ၀ိ ညာဉ် သည် သင့် ကို ကောင်း ကြီး ပေး စေ ရန် သင့် လက် နက် တည်း ဟူ သော လေး နှင့် မြှား ကျည် တောက် ကို ဆောင် ကိုင် ၍ တော သို့ သွား လျက် အ မဲ လိုက် ပြီး လျှင် ငါ မြိန် ရှက် သော ခဲ ဖွယ် ဘော ဇဉ် ကို ပြင် ဆင် ၍ ငါ စား ရန် ယူ ခဲ့ လော့ ဟု ပြော ဆို ၏။ 5ထို သို့ သား ဧ သော အား ဣ ဇာက် ပြော ဆို သည် ကို ရေ ဗ က္က ကြား ရ ၏။ 6-7ဧ သော သည် အ မဲ ကို လိုက်၍ ရ ယူ ရန် တော သို့ သွား စဉ် တွင် သား ယာ ကုပ် အား ရေ ဗ က္က ပြော သည် မှာ၊ သင့် အ ဘ က၊ ငါ မ သေ မီ ထာ၀ ရ ဘု ရား မျက် မှောက် တော် တွင် သင့် ကို ငါ ကောင်း ကြီး ပေး စေ ခြင်း ငှါ၊ ငါ စား ရန် အ မဲ ကို ယူ ခဲ့၍ ခဲ ဖွယ် ဘော ဇဉ် ကို ပြင် ဆင် လော့ ဟု၊ သင့် အစ် ကို ဧ သော အား ပြော ဆို သည် ကို ငါ ကြား ရ ပြီ။ 8သို့ ဖြစ်၍ ငါ့ သား၊ ငါ မိန့် မှာ သ မျှ စ ကား ကို နား ခံ လော့။ 9ဆိတ် အုပ် ရှိ ရာ သို့ သွား ၍ ကောင်း သော ဆိတ် ငယ် နှစ် ကောင် ကို ငါ့ ထံ ယူ ခဲ့ လော့။ သင့် အ ဘ မြိန် ရှက် သော ဘော ဇဉ် ကို ငါ ပြင် ဆင် ပြီး မှ၊ 10အ ဘ မ သေ မီ သုံး ဆောင် လျက် သင့် ကို ကောင်း ကြီး ပေး စေ ခြင်း ငှါ သူ့ ထံ ဆောင် ယူ ရ မည် ဟု ဆို လျှင်၊ 11ယာ ကုပ် က၊ အစ် ကို ဧ သော ကား အ မွေး ထူ ပြော သူ၊ ကျွန် တော် ကား နည်း ပါး သူ ဖြစ် ကြ ပါ ၏။ 12အ ကယ်၍ ကျွန် တော် ကို အ ဘ စမ်း သပ် လျှင် ပြက် ရယ် ပြု သူ ဟု မှတ် သ ဖြင့် ကျွန် တော် သည် ကိုယ့် အ ပေါ် တွင် မင်္ဂ လာ ကို မ ဟုတ်၊ အ မင်္ဂ လာ ကို သင့် စေ ပါ လိမ့် မည် ဟု အ မိ အား ပြန် လျှောက် သော်၊ 13အ မိ က ငါ့ သား၊ သင် ခံ ရ မည့် အ မင်္ဂ လာ သည် ငါ့ အ ပေါ် သို့ သင့် ရောက် ပါ စေ။ ငါ့ စ ကား ကို သာ နာ ခံ၍ ထို ဆိတ် ငယ် များ ကို ယူ ခဲ့ လော့ ဟု ဆို သည့် အ တိုင်း၊ 14သူ သွား ၍ အ မိ ထံ ဆောင် ယူ ခဲ့ သ ဖြင့် အ မိ ရေ ဗ က္က သည် ဣ ဇာက် မြိန် ရှက် သော ဘော ဇဉ် ကို ပြင် ဆင် ပြီး လျှင်၊ 15အိမ် တွင် သူ့ လက် ရှိ သား ကြီး ဧ သော ၏ ကောင်း မွန် သော အ၀တ် ကို သား ငယ် ယာ ကုပ်၀တ် ဆင် စေ လျက်၊ 16ထို ဆိတ် ငယ့် သား ရေ ကို လက် ၌ လည်း ကောင်း၊ ချော သော လည် ၌ လည်း ကောင်း၊ ဆင် ယင် ၍၊ 17ပြင် ဆင် ပြီး သော ခဲ ဖွယ် ဘော ဇဉ် နှင့် မုန့် ကို သား ယာ ကုပ် လက် သို့ အပ် လေ ၏။
18ယာ ကုပ် သည် အ ဘ ထံ ၀င် ၍ အ ဘ ဟု ခေါ် လျှင် အ ဘ က၊ ငါ့ သား၊ ငါ ရှိ ၏။ သင် မည် သူ နည်း ဟု မေး သော်၊ 19ယာ ကုပ် က ကျွန် တော် ကား၊ သား ဦး ဧ သော ဖြစ် ပါ၏။ အ ဘ အ မိန့် ရှိ သည့် အ တိုင်း ပြု ခဲ့ ပါ ပြီ။ ထ၍ ထိုင် ပါ။ အ ဘ စိတ်၀ိ ညာဉ် သည် ကျွန် တော် ကို ကောင်း ကြီး ပေး ရန် ကျွန် တော့် အ မဲ သား ကို သုံး ဆောင် ပါ ဟု လျှောက် လေ ၏။ 20အ ဘ ဣ ဇာက် က လည်း ငါ့ သား၊ ဤ သို့ လျင် မြန် စွာ တွေ့ ရ သည် ကား မည် သို့ နည်း ဟု သား အား မေး လျှင်၊ အ ဘ ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား သည် ကျွန် တော် ဆောင် ရွက် သော အ မှု ကို အ ထ မြောက် စေ တော် မူ သည် ဟု ပြန် လျှောက် သော်၊ 21ဣ ဇာက် က ငါ့ သား၊ သင် သည် သား ဧ သော မှန် သည်၊ မ မှန် သည် ကို သိ လို၍ စမ်း သပ် ရန် ချဉ်း ကပ် လော့ ဟု ဆို လျှင်၊ 22ယာ ကုပ် သည် အ ဘ ဣ ဇာက် ထံ ချဉ်း ကပ် ၍ အ ဘ လည်း စမ်း သပ် လျက် စ ကား သံ ကား ယာ ကုပ် အ သံ၊ လက် ကား ဧ သော့ လက် တည်း ဟု ဆို ရာ၊ 23လက် သည် အစ် ကို ဧ သော့ လက် ကဲ့ သို့ အ မွေး ထူ ပြော သော ကြောင့် ယာ ကုပ် ဖြစ် မှန်း ကို မ သိ သ ဖြင့် ကောင်း ကြီး ပေး လေ ၏။ 24တစ် ဖန်၊ သင် သည် ငါ့ သား ဧ သော မှန် သ လော ဟု မေး ပြန် လျှင်၊ 25မှန် ပါ သည် ဟု လျှောက် သော် အ ဘ က၊ ငါ့ သား၏ အ မဲ သား ကို စား၍ ငါ့ စိတ်၀ိ ညာဉ် သည် သင့် အား ကောင်း ကြီး ပေး ရန် ငါ့ ထံ သွင်း ခဲ့ လော့ ဟု ဆို လျှင် ယာ ကုပ် သည် အ မဲ သား နှင့် စ ပျစ် ရည် ကို အ ဘ ထံ ဆက် သွင်း၍၊ 26သုံး ဆောင် ပြီး မှ အ ဘ ဣ ဇာက် က ငါ့ သား၊ ချဉ်း ကပ်၍ ငါ့ ကို နမ်း ပါ လော့ ဟု ဆို လျှင်၊ ယာ ကုပ် ချဉ်း ကပ်၍ နမ်း လေ၏။ 27ယာ ကုပ် အ ၀တ် ၏ ရ နံ့ ကို ရ၍ အ ဘ က၊ ငါ့ သား၏ ရ နံ့ သည် ထာ၀ ရ ဘု ရား ကောင်း ကြီး ပေး တော် မူ သော လယ်၏ ရ နံ့ နှင့် တူ ၏။ 28ဘု ရား သ ခင် သည် မိုး ကောင်း ကင် ဆီး နှင်း ကို လည်း ကောင်း၊ မြေ ဆီ သြ ဇာ ကို လည်း ကောင်း၊ များ စွာ သော စ ပါး၊ ဆန်၊ စ ပျစ် ရည် ကို လည်း ကောင်း၊ သင့် အား ပေး တော် မူ ပါ စေ သော၊ 29လူ မျိုး တို့ သည် သင့် ထံ ကျွန် ခံ၍ လူ စု တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင် သည် ညီ အစ် ကို တို့၏ အ ရှင် ဖြစ် လျက် သင့် အ မိ သား တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင့် ကို အ မင်္ဂ လာ ပေး သူ တို့ သည် အ မင်္ဂ လာ ခံ ရ ကြ စေ သော။ သင့် ကို မင်္ဂ လာ ပေး သူ တို့ သည် မင်္ဂ လာ ခံ ရ ကြ စေ သ တည်း ဟု ကောင်း ကြီး ပေး လေ ၏။
30ဣ ဇာက် သည် ယာ ကုပ် ကို ကောင်း ကြီး ပေး ပြီး ၍ အ ဘ ထံ မှ ယာ ကုပ် ထွက် သွား သော ခ ဏ ချင်း တွင် အစ် ကို ဧ သော သည် အ မဲ လိုက် ရာ မှ ရောက် လာ ၏။ 31သူ လည်း ခဲ ဖွယ် ဘော ဇဉ် ကို ပြင် ဆင်၍ အ ဘ ထံ သို့ ဆောင် ခဲ့ ပြီး လျှင် အ ဘ စိတ် ဝိ ညာဉ် သည် ကျွန် တော် ကို ကောင်း ကြီး ပေး ရန် ထ၍ သား၏ အ မဲ သား ကို သုံး ဆောင် ပါ ဟု လျှောက် ရာ၊ 32အ ဘ ဣ ဇာက် က၊ သင် မည် သူ နည်း ဟု မေး လျှင် ကျွန် တော် ကား၊ သား ဦး ဧ သော ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊ 33ဣ ဇာက် သည် အ လွန် တုန် လှုပ် ချောက် ချား လျက်၊ သို့ ဖြစ် လျှင် အ မဲ သား ကို ရ၍ ငါ့ ထံ သွင်း ပြီး သူ ကား၊ မည် သူ နည်း။ သင် မ ရောက် မီ၊ အ မျိုး မျိုး ကို ငါ စား၍ ထို သူ့ အား ကောင်း ကြီး ပေး လေ ပြီ။ ကောင်း ကြီး လည်း သူ၌ တည် လိမ့် မည် ဟု ဆို လေ၏။ 34အ ဘ စ ကား ကို ဧ သော ကြား ရ လျင် အ လွန် နစ် နာ ၍ ပြင်း ထန် စွာ အော် ဟစ် လျက် အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု လျှောက် ဆို သော်၊ 35အ ဘ က၊ သင့် ညီ သည် ပ ရိ ယာယ် နှင့် လာ၍ သင် ရ ထိုက် ရာ ကောင်း ကြီး ကို ခံ ယူ လေ ပြီ ဟု ဆို ရာ၊ 36ဧ သော က သူ သည် ယာ ကုပ် အ မည် ကို ရ ၍ ကျွန် တော် ကို နှစ် ကြိမ် တိုင် လှည့် ပတ် စီး ပိုး ပါ ပြီ မ ဟုတ် တုံ လော။ အ ထက် သြ ရ သ ရိုက် ရာ ကို တစ် ကြိမ်၊ ယ ခု လည်း ကောင်း ကြီး ကို တစ် ကြိမ်၊ ယူ ပါ ပြီ ဟူ၍ လည်း ကောင်း၊ ကျွန် တော့် အ ဖို့ ကောင်း ကြီး တစ် ပါး ပါး ကို ခြွင်း ချန်၍ မ ထား ပါ လော ဟူ ၍ လည်း ကောင်း လျှောက် လျှင်၊ 37ဣ ဇာက် က သူ့ ကို သင့် အ ရှင် ငါ ဖြစ် စေ ပြီ။ ညီ အစ် ကို အ ပေါင်း တို့ ကို လည်း ကျွန့် အ ဖြစ် သူ့ အား ငါ ပေး ခဲ့ ပြီ။ စ ပါး၊ ဆန်၊ စ ပျစ် ရည် နှင့် သူ့ ကို ငါ ထောက် မ ပြီ။ ငါ့ သား၊ သင့် အ ဖို့ သော် ကား မည် သို့ ပြု နိုင် တော့ အံ့ နည်း ဟု ဧ သော အား ပြန် ဆို သော်၊ 38ဧ သော က အို အ ဘ၊ ကောင်း ကြီး တစ် ပါး သာ လျှင် ရှိ ပါ သ လော။ အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု ပြန် လျှောက် လျက် အော် ဟစ် ငို ကြွေး လေ၏။ 39အ ဘ ဣ ဇာက် က လည်း သင့် နေ ရာ သည် မြေ ဆီ သြ ဇာ နှင့် လည်း ကောင်း၊ အ ထက် မိုး ကောင်း ကင် ဆီး နှင်း နှင့် လည်း ကောင်း #27.39 သို့ မ ဟုတ် - ပြည့် စုံ စေ မည်။၀ေး ကွာ လိမ့် မည်။ 40ဓား လက် နက် ဖြင့် အ သက် ကို မွေး ရ လိမ့် မည်။ ညီ့ ထံ ကျွန် ခံ ရ လိမ့် မည်။ ထို နောက် သူ တင် သော ထမ်း ပိုး ကို သင့် ပ ခုံး မှ ထ ကြွ၍ ချိုး ဖြတ် ရ လိမ့် မည် ဟု ပြန် ဆို ၏။ 41ယာ ကုပ် ကို အ ဘ ပေး မိ သော ကောင်း ကြီး မင်္ဂ လာ ကြောင့် ဧ သော ရန် ငြိုး ထား၍ အ ဘ အ တွက် မြည် တမ်း ရာ နေ့ ရက် အ ချိန် နီး ပြီ။ ထို အ ခါ ညီ ယာ ကုပ် ကို ငါ သတ် မည် ဟု စိတ် တွင် အောက် မေ့ လေ၏။ 42သား ကြီး ဧ သော ပြော သော စ ကား အ ကြောင်း အ မိ ရေ ဗ က္က ကြား ရ လျှင် သား ငယ် ယာ ကုပ် ကို ခေါ် စေ၍ အစ် ကို ဧ သော သည် သင့် ကို သတ် မည် ကြံ စည် သ ဖြင့် သင့် အ မှု နှင့် စပ်၍ စိတ် သက် သာ ရ လေ ပြီ။ 43ထို ကြောင့် ငါ့ သား၊ အ မိ စ ကား ကို နား ခံ လော့။ ထ၍ ခါ ရန် မြို့ နေ ငါ့ မောင် လာ ဗန့် ထံ သို့ ပြေး သွား လော့။ 44အစ် ကို အ မျက် ပြေ သည့် တိုင် အောင် ဦး ရီး ထံ ခေ တ္တ နေ လော့။ 45သင် အ ပေါ်၌ အစ် ကို၏ ဒေါ သ မီး ငြိမ်း လျက် သင် ပြု ခဲ့ သော အ မှု ကို မေ့ လျော့ သော အ ခါ လူ လွှတ်၍ ထို အ ရပ် မှ သင့် ကို ငါ ခေါ် ယူ မည်။ ငါ့ သား နှစ်ယောက် လုံး ကို တစ် နေ့ ချင်း တွင် အ ဘယ် ကြောင့် ဆုံး ရှုံး ရ မည် နည်း ဟု ဆို လေ ၏။ 46ထို နောက် ရေ ဗ က္က က၊ ကျွန် မ သည်၊ ဟေ သ အ မျိုး သ မီး တို့ ကြောင့် ကိုယ့် အ သက် ကို ပင် ငြီး ငွေ့ လှ ၏။ ထို မိန်း မ တို့ ကဲ့ သို့ ဤ ပြည် သူ တည်း ဟူ သော ဟေ သ အ မျိုး သ မီး နှင့် ယာ ကုပ် အိမ် ထောင် ဘက် ပြု လျှင် ကျွန် မ အ သက် ရှင်၍ မည် သည့် အ ကျိုး ရှိ အံ့ နည်း ဟု ဣ ဇာက် အား ပြော ဆို ရာ၊
المحددات الحالية:
က~မ္ဘာ~ဦး~ကျမ်း။ 27: GHB
تمييز النص
شارك
نسخ
هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
Garrad Holy Bible © Bible Society of Myanmar, 1928.