က~မ္ဘာ~ဦး~ကျမ်း။ 31
31
1ထို နောက် လာ ဗန့် သား တို့ က၊ ငါ တို့ အ ဘ ဥ စ္စာ ရှိ သ မျှ ကို ယာ ကုပ် ယူ သွား လေ ပြီ။ အ ဘ ဥ စ္စာ အား ဖြင့် ဤ သို့ သော စည်း စိမ် များ ကို သူ ရ ရှိ ပြီ ဟု ဆို ကြ ကြောင်း ယာ ကုပ် ကြား သည့် ပြင်၊ 2လာ ဗန် သည် ရှေး ကာ လ ကဲ့ သို့ မ ဟုတ်၊ မျက် နှာ ထား ကြောင်း သိ မြင် ၏။ 3ထာ၀ ရ ဘု ရား က လည်း သင့် ဘိုး ဘ နေ သော ပြည်၊ အ မျိုး သား ချင်း တို့ ထံ ပြန် သွား လော့။ သင် နှင့် အ တူ ငါ ရှိ မည် ဟု ယာ ကုပ် အား မိန့် တော် မူ သော်၊ 4ယာ ကုပ် သည် ရာ ခေ လ နှင့် လေ အာ တို့ ကို သိုး အုပ် ရှိ ရာ တော သို့ ခေါ် စေ ပြီး လျှင်၊ 5သင် တို့ အ ဘ သည် ရှေး ကာ လ ကဲ့ သို့ မ ဟုတ်၊ ငါ၌ မျက် နှာ ထား သည် ကို သိ မြင် ရ၏။ သို့ ရာ တွင် ငါ့ အ ဘ ၏ ဘု ရား သ ခင် သည် ငါ နှင့် အ တူ ရှိ တော် မူ ၏။ 6သင် တို့ အ ဘ ထံ အ စွမ်း ရှိ သ မျှ နှင့် ငါ အ စေ ခံ ခဲ့ သည် ကို သင် တို့ သိ ကြ ၏။ 7သင် တို့ အ ဘ သည် ငါ ကို လှည့် စား ၍ အ ခ ကို ဆယ် ကြိမ် ပြောင်း လဲ သော် လည်း ငါ့ ကို ထိ ခိုက် ရန် ဘု ရား သ ခင် ခွင့် ပြု တော် မ မူ။ 8သူ က၊ အ ပြောက် ရှိ သော အ ကောင် တို့ သည် သင့် အ ခ ဖြစ် စေ ဟု ဆို လျှင် သိုး ဆိတ် အ ပေါင်း တို့ သည် အ ပြောက် ရှိ သော သား ငယ် များ ကို ပေါက် ဖွား ကြ ၏။ အ ကျား ရှိ သော အ ကောင် တို့ သည် သင့် အ ခ ဖြစ် စေ ဟု ဆို ပြန် လျှင် သိုး ဆိတ် အ ပေါင်း တို့ သည် အ ကျား ရှိ သော သား ငယ် များ ကို ပေါက် ဖွား ကြ ၏။ 9ထို သို့ လျှင်၊ ဘု ရား သ ခင် သည် သင် တို့ အ ဘ ၏ သိုး ဆိတ် များ ကို နုတ် ယူ၍ ငါ့ အားပေး သ နား တော် မူ ပြီ။ 10သိုး ဆိတ် များ သည် မိတ် လိုက် ကြ သော အ ခါ အိပ် မက် တွင် ငါ မျှော် ကြည့် ရာ အ မ တို့ နှင့် ပေါင်း ဖော် သော အ ထီး တို့ သည် အ ကျား၊ အ ပြောက်၊ အ ကွက် ရှိ ကြ သည် ကို ငါ မြင် ရ ၏။ 11ထို အိပ် မက် တွင် ပင် ဘု ရား သ ခင့် စေ တ မန် တော် က၊ ယာ ကုပ် ဟု ခေါ် တော် မူ လျှင် အ ကျွန်ုပ် ရှိ ပါ သည် ဟု ငါ ထူး သော် မျှော် ကြည့် လော့။ 12အ မ နှင့် ပေါင်း ဖော် သော အ ထီး ရှိ သ မျှ တို့ သည် အ ကျား၊ အ ပြောက်၊ အ ကွက် ရှိ ကြ၏။ သင့် အ ပေါ်၌ လာ ဗန် ပြု လေ သ မျှ ကို ငါ ရှု မြင် ၏။ 13ငါ ကား မှတ် တိုင် ပေါ် တွင် သင် ဆီ လောင်း၍ သ စ္စာ ပြု ရာ ဗေ သ လ အ ရပ်၌ ထင် ရှား ခဲ့ သော ဘု ရား ဖြစ် ၏။ ယ ခု ထ ပြီး လျှင် ဤ ပြည် မှ ထွက် လျက် နေ ရင်း ပြည် သို့ ပြန် သွား လော့ ဟူ၍ ငါ အား မိန့် တော် မူ သည် ဟု ယာ ကုပ် ကြား ပြော သော်၊ 14ရာ ခေ လ နှင့် လေ အာ တို့ က၊ ကျွန် မ တို့ မှာ အ ဘ အိမ် တွင် အ မွေ ဝေ ပုံ စု ရှိ သေး အံ့ လော။ 15အ ဘ သည် ကျွန် မ တို့ ကို သူ စိမ်း ကဲ့ သို့ မှတ် သည် မ ဟုတ် လော။ ကျွန် မ တို့ ကို ရောင်း ၍ ငွေ ကြေး ကို လည်း စား မျို ကုန် ပါ ပြီ တ ကား။ 16အ ဘ ထံ မှ ဘု ရား သ ခင် နုတ် ယူ တော် မူ သော စီး ပွား ဥ စ္စာ ရှိ သ မျှ သည် ကျွန် မ တို့ နှင့် သား သ မီး များ အ ပိုင် ဖြစ် ရ၏။ သို့ ဖြစ်၍ ဘု ရား သ ခင် မိန့် တော် မူ သည့် အ တိုင်း ပြု ပါ ဟု ပြန် ပြော ကြ ၏။
17ထို အ ခါ ယာ ကုပ် သည် ထ၍ သား မ ယား တို့ ကို ကု လား အုပ် ပေါ် မှာ စီး စေ လျက်၊ 18ပါ ဒ နာ ရံ ပြည် ၌ ဆည်း ပူး ခဲ့ သော ပ စ္စည်း ရှိ သ မျှ နှင့်၊ အ ပိုင် ရ သော သိုး ဆိတ် စ သည် တို့ ကို ဆောင် ယူ၍ အ ဘ ဣ ဇာက် နေ ရာ ခါ နာန် ပြည် သို့ ထွက် သွား လေ ၏။ 19သိုး မွေး ညှပ် ရန် လာ ဗန် သွား ခိုက် တွင် ရာ ခေ လ သည် အ ဘ၏ ရုပ် တု များ ကို ခိုး ယူ နှင့် ပြီ။ 20ယာ ကုပ် လည်း သွား မည့် အ ကြောင်း ကို အာ ရံ လူ မျိုး လာ ဗန် အား မ ကြား မ ပြော ဘဲ လျို့ ဝှက်၍ ထွက် ပြေး လေ ၏။ 21ထို သို့ ကိုယ့် ဥ စ္စာ ရှိ သ မျှ ပါ လျက် မြစ် ကြီး တစ် ဘက် သို့ ကူး ပြီး လျှင် ဂိ လဒ် တောင် တန်း ကို ရှေ့ ရှု သွား လေ ၏။
22ယာ ကုပ် ပြေး သွား ကြောင်း ကို သုံး ရက် မြောက် သော နေ့ တွင် လာ ဗန် ကြား သိ လျှင်၊ 23ဆွေ မျိုး သား ချင်း တို့ ကို ခေါ်၍ ခု နစ် ရက် လိုက် မှ ဂိ လဒ် တောင် တန်း ပေါ် တွင် မီ လေ ၏။ 24ညဉ့် အ ချိန် အာ ရံ လူ မျိုး လာ ဗန်၏ အိပ် မက် တွင် ဘု ရား သ ခင် ကြွ ရောက် တော် မူ၍ ယာ ကုပ် အား အ ကောင်း အ ဆိုး မ ပြော ရန် သ တိ ပြု လော့ ဟု မိန့် တော် မူ၏။ 25ထို အ ခါ ယာ ကုပ် သည် တောင် ပေါ် မှာ တဲ စိုက် နှင့် ပြီး နောက် လာ ဗန် လည်း လိုက် မှီ ၍ ဆွေ မျိုး သား ချင်း တို့ ပါ ဂိလဒ် တောင် တန်း ပေါ် မှာ တဲ စိုက် သ ဖြင့်၊ 26လာ ဗန် က၊ ငါ့ သ မီး တို့ ကို သုံ့ ပန်း ကဲ့ သို့ လျို့ ဝှက်၍ သင် သိမ်း သွား သည် ကား၊ မည် သို့ နည်း။ 27-28ရွှင် လန်း စွာ သီ ချင်း ဆို ခြင်း၊ စောင်း ပတ် သာ တီး ခြင်း များ နှင့် တ ကွ သင့် ကို လွှတ် လျှင် သား သ မီး တို့ ကို ငါ နမ်း ရှုပ် ခွင့် မ ရ စေ ရန် မ ကြား မ ပြော ဘဲ ဆိတ် ဆိတ် လျို့ ဝှက်၍ အ ဘယ် ကြောင့် ထွက် သွား ဘိ သ နည်း။ 29သင် ပြု သည် မှာ မိုက် လှ စွ တ ကား။ သင် တို့ ကို ထိ ခိုက် နိုင် ရန် ငါ့ လက် တွင် ရှိ၏။ သို့ သော် လည်း ယ မန် ညဉ့် မှာ သင် တို့ အ ဘ ၏ ဘု ရား သ ခင် က ယာ ကုပ် ၌ အ ကောင်း အ ဆိုး မ ပြော ရန် သ တိ ပြု လော့ ဟု ငါ့ အား မိန့် တော် မူ ၏။ 30ယ ခု မှာ သင် သည် အ ဘ အိမ် ကို လွမ်း ဆွတ် လှ ၍ ပြန် သွား ရ ငြား သော် လည်း ငါ့ ဘု ရား များ ကို အ ဘယ် ကြောင့် ခိုး ယူ ခဲ့ သ နည်း ဟု ယာ ကုပ် ကို မေး သော်၊ 31ယာ ကုပ် က၊ ဦး ရီး သည် ကိုယ့် သ မီး များ ကို အ နိုင် အ ထက် ပြန် သိမ်း မည် ဟု ထင် မှတ်၍ စိုး ရိမ် သော ကြောင့် ပြေး သွား ရ ပါ ၏။ 32ဦး ရီး၏ ဘု ရား များ ကို မူ ကား အ ကြင် သူ၌ တွေ့ အံ့။ ထို သူ့ ကို အ ရှင် မ ထား ပါ နှင့်။ ကျွန် တော့် ထံ ဦး ရီး ဥ စ္စာ ရှိ လျှင် ဆွေ မျိုး သား ချင်း တို့ ရှေ့ ဖော် ပြ ယူ သွား ပါ လော့ ဟု ရာ ခေ လ ခိုး ကြောင်း မ သိ သ ဖြင့် လာ ဗန် အား ပြန် လျှောက် ၏။ 33လာ ဗန် သည် ယာ ကုပ် တဲ၊ လေ အာ့ တဲ၊ ကျွန် မိန်း မ နှစ် ယောက် တို့ တဲ များ သို့ ၀င် ရောက် ရှာ ဖွေ၍ မ တွေ့ သော် လေ အာ့ တဲ မှ ထွက်၊ ရာ ခေ လ တဲ သို့၀င် လေ ၏။ 34ရာ ခေ လ သည် ထို ရုပ် တု များ ကို ကု လား အုပ် က ထဲ တွင် ယူ ထည့် ပြီး လျှင် ၎င်း အ ပေါ် မှာ ထိုင် နေ ၏။ လာ ဗန် သည် တစ် တဲ လုံး ကို ရှာ၍ မ တွေ့ သော်၊ 35ရာ ခေ လ က မိန်း မ တို့ ဓ မ္မ တာ အ တိုင်း ဖြစ် နေ သော ကြောင့် အ ဘ ရှေ့ တွင် ကျွန် မ မ ထ နိုင် သည် ကို စိတ် မ ရှိ ပါ နှင့် ဟု အ ဘ အား လျှောက် ဆို ရာ လာ ဗန် သည် ရုပ် တု များ ကို ရှာ၍ မ တွေ့ ခဲ့။ 36ထို အ ခါ ယာ ကုပ် အ မျက် ထွက်၍ လာ ဗန် ကို အ ပြစ် ဖွဲ့ ဆို သည် ကား၊ ဦး ရီး သည် ပြင်း ထန် စွာ လိုက် လာ သည် မှာ ကျွန် တော် လွန် ကျူး ၍ ပြု ခဲ့ မိ သော ပြစ် မှု မည် သို့ နည်း။ 37ကျွန် တော့် အ သုံး အ ဆောင် များ တွင် ရှာ ဖွေ သ ဖြင့်၊ ဦး ရီး အိမ် ထောင် အ သုံး အ ဆောင် မည် မျှ တွေ့ သ နည်း။ တွေ့ မိ ခဲ့ လျှင် နှစ် ဦး ဆွေ မျိုး သား ချင်း တို့ မျက် မှောက်၊ ဤ တွင် ထား၍ ကျွန် တော် တို့ နှစ် ဘက် ကြား မှာ စီ ရင် ကြ ပါ စေ။ 38ဦး ရီး ထံ အ နှစ် နှစ် ဆယ် ပတ် လုံး ကျွန် တော် နေ ခဲ့ ရာ ဦး ရီး သိုး မ၊ ဆိတ် မ တို့ သား မ ပျက်၊ ဆိတ် ထီး၊ သိုး ထီး တို့ ကို လည်း ကျွန် တော် မ စား ပါ။ 39သား ရဲ ကိုက် သေ အ ကောင် ကို ဦး ရီး ထံ ကျွန် တော် မ ယူ မ ဆောင်၊ ကိုယ် တိုင် ရှုံး ခံ ရ၏။ နေ့ ညဉ့် မ ဟူ ခိုး ရာ ပါ အ ကောင် အ တွက် ကျွန် တော့် ထံ ဦး ရီး အ စား တောင်း လေ့ ရှိ ၏။ 40နေ့၌ ကား နေ ပူ၊ ညဉ့်၌ ကား နှင်း ခဲ ကြောင့် ကျွန် တော် နွမ်း ရိ၍ အ အိပ် လည်း ပျက် ရ၏။ 41ထို သို့ အ နှစ် နှစ် ဆယ် ပါတ် လုံး ဦး ရီး အိမ် တွင် နေ၍ သ မီး နှစ် ယောက် အ တွက် ဆယ့် လေး နှစ်၊ သိုး ဆိတ် များ အ တွက် ခြောက် နှစ် ကြာ အ စေ ခံ ရ ပါ လျက် အ ခ ကို ဆယ် ကြိမ် ပြောင်း လဲ ပြီ တ ကား။ 42ယ ခု လည်း ကျွန် တော့် ဘက်၌ ကျွန် တော့် အ ဘ ဣ ဇာက်၏ ကြောက် ရွံ့ ရို သေ ဖွယ် ရာ ဘု ရား၊ အာ ဗြ ဟံ၏ ဘု ရား ရှိ တော် မ မူ ခဲ့ လျှင် ဦး ရီး သည် ကျွန် တော် ကို လက် ချည်း လွှတ် လိမ့် တ ကား။ ကျွန် တော့် စိတ် ဆင်း ရဲ ခြင်း၊ လက် ပင် ပန်း ခြင်း ကို ဘု ရား သ ခင် ရှု မြင်၍ ယ မန် ညဉ့် တွင် ဦး ရီး ကို ဆုံး မ တော် မူ ပြီ ဟု လျှောက် ဆို သော်၊ 43လာ ဗန် က၊ ဤ သ မီး တို့ သည် ငါ့ သ မီး၊ ဤ သူ ငယ် တို့ သည် ငါ့ သူ ငယ်၊ ဤ သိုး ဆိတ် တို့ သည် ငါ့ သိုး ဆိတ် ဖြစ် ကြ၏။ မြင် လေ သ မျှ သော အ ရာ များ သည် ငါ ပိုင် ဖြစ် ကုန်၏။ ငါ့ သ မီး တို့ အား လည်း ကောင်း၊ သူ တို့ ဖွား သော သူ ငယ် တို့ အား လည်း ကောင်း၊ ယ နေ့ မည် သို့ ငါ ပြု နိုင် သ နည်း။ 44သို့ ဖြစ်၍ သင် နှင့် ငါ စပ် ကြား တွင် သက် သေ ဖြစ် စေ ရန် ငါ တို့ နှစ် ဦး ပ ဋိ ညာဉ် ဖွဲ့ ကြ ကုန် အံ့ ဟု ယာ ကုပ် အား ပြန် ပြော ၏။ 45ယာ ကုပ် သည် ကျောက် ကို ယူ၍ မှတ် တိုင် အ ဖြစ် စိုက် ထူ လျက်၊ 46ကျောက် များ ကို စု ကြ ပါ ဟု ဆွေ မျိုး သား ချင်း တို့ အား ဆို သည့် အ တိုင်း ကျောက် များ ကို ယူ၍ ကျောက် ပုံ ကို တည် လုပ် ပြီး မှ ၎င်း အ နီး စား သောက် ကြ လေ၏။ 47ထို ကျောက် ပုံ ကို လာ ဗန် က၊ #31.47 အာ ရံ စ ကား ဖြင့် အ နက် ကား၊ သက် သေ ကျောက် ပုံယေ ဂါ သ ဟာ ဒု သ ဟူ ၍ လည်း ကောင်း၊ ယာ ကုပ် မူ ကား #31.47 ဟေ ဗြဲ စ ကား ဖြင့် အ နက် ကား၊ သက် သေ ကျောက် ပုံဂိ လဒ် ဟူ ၍ လည်း ကောင်း သ မုတ် ကြ လေ ၏။ 48လာ ဗန် က လည်း၊ ငါ နှင့် သင့် စပ် ကြား တွင် ဤ ကျောက် ပုံ သည် ယ နေ့ သက် သေ ဖြစ် သည် ဟု ဆို သည် ကို အ စွဲ ပြု၍ ဂိ လဒ် အ မည် ဖြင့် မှည့် ကြ သည့် ပြင်၊ 49-50အ ချင်း ချင်း ပျက် ကွက် ကြ သော အ ခါ ငါ နှင့် သင့် စပ် ကြား တွင် ထာ၀ ရ ဘု ရား စောင့်၍ ကြည့် တော် မူ ပါ စေ သော။ ငါ့ သ မီး တို့ ကို သင် ညှဉ်း ဆဲ သည် ဖြစ် စေ၊ ၎င်း တို့ မှ တစ် ပါး အ ခြား မိန်း မ တို့ နှင့် စုံ ဘက် သည် ဖြစ် စေ၊ ငါ တို့၌ လူ သက် သေ မ ရှိ၊ ဘု ရား သ ခင် သည် ငါ နှင့် သင့် စပ် ကြား တွင် သက် သေ ဖြစ် တော် မူ သည် ဟု ထပ် မံ ပြော ဆို သော ကြောင့် #31.50 အ နက် ကား၊ အ စောင့် ပြ အိုးမိ ဇ ပါ ဟူ၍ လည်း သ မုတ် ကြ သေး ၏။ 51တစ် ဖန် လာ ဗန် က၊ ငါ နှင့် သင့် စပ် ကြား တွင် ငါ တည် လုပ် ပြီး ဤ ကျောက် ပုံ၊ ဤ မှတ် တိုင် ကို ကြည့် ပါ လော့။ 52ငါ သည် သင့် ထံ သို့ လည်း ကောင်း၊ သင် သည် ငါ့ ထံ သို့ လည်း ကောင်း၊ ထိ ခိုက် ရန် နှင့် စပ် လျဉ်း၍ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင် ကို မ လွန် ရ ဟု၊ ၎င်း ကျောက် ပုံ၊ ၎င်း မှတ် တိုင် သည် သက် သေ ဖြစ် ပါ စေ သော။ 53အာ ဗြ ဟံ၏ ဘု ရား၊ နာ ခေါ်၏ ဘု ရား၊ ၎င်း တို့ အ ဘ၏ ဘု ရား သည် ငါ တို့ စပ် ကြား တွင် စီ ရင် ဆုံး ဖြတ် တော် မူ စေ သ တည်း ဟု ယာ ကုပ် အား ဆို သည့် အ တိုင်း ယာ ကုပ် သည် အ ဘ ဣ ဇာက်၏ ကြောက် ရွံ့ ရို သေ ဖွယ် ရာ ကို တိုင် တည်၍ သ စ္စာ ထား ပြီး လျှင်၊ 54တောင် ပေါ် မှာ ပူ ဇော် သ က္ကာ ကို ဆက် ကပ်၍ ဆွေ မျိုး သား ချင်း တို့ ကို စား သောက် စေ ခြင်း ငှါ ခေါ် ဖိတ် သ ဖြင့် သူ တို့ စား သောက် ပြီး မှ တောင် ပေါ် တွင် ညဉ့် အိပ် ကြ ၏။ 55နံ နက် အ ချိန် လာ ဗန် ထ၍ သား သ မီး တို့ ကို နမ်း ရှုပ် လျက် ကောင်း ကြီး ပေး ပြီး မှ နေ ရင်း အ ရပ် သို့ ပြန် သွား လေ ၏။
المحددات الحالية:
က~မ္ဘာ~ဦး~ကျမ်း။ 31: GHB
تمييز النص
شارك
نسخ

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
Garrad Holy Bible © Bible Society of Myanmar, 1928.