က~မ္ဘာ~ဦး~ကျမ်း။ 20
20
1အာ ဗြ ဟံ သည် သူ့ နေ ရာ မှ နေ ဂပ် ခ ရိုင် သို့ ခ ရီး သွား သ ဖြင့် ကာ ဒေ ရှ မြို့ နှင့် ရှု ရ မြို့ စပ် ကြား မှာ နေ ပြီး လျှင် ဂေ ရာ မြို့ တွင် တည်း ခို ၏။ 2ထို အ ခါ မ ယား စာ ရာ နှင့် စပ်၍ ငါ့ နှ မ ဖြစ် သည် ဟု ပြော လေ့ ရှိ သော ကြောင့် ဂေ ရာ မင်း အ ဘိ မ လက် သည် လူ လွှတ်၍ စာ ရာ ကို ခေါ် ဆောင် လေ ၏။ 3ညဉ့် အ ချိန် အ ဘိ မ လက် မင်း အိပ် မက် တွင် ဘု ရား သ ခင် ကြွ ရောက် လျက် သင် ခေါ် ဆောင် ခဲ့ သူ မိန်း မ မှာ ကာ မ ပိုင် လင် ရှိ၍ သင် သည် အ သေ ဖြစ် ပြီ ဟု မိန့် ဆို တော် မူ လျင်၊ 4အ ဘိ မ လက် မင်း သည် ထို မိန်း မ နှင့် မ သင့် မြတ် သေး သည် ဖြစ် ၍ အ ရှင် ဘု ရား၊ ဖြောင့် မတ် သော လူ မျိုး ကို ကွပ် မျက် တော် မူ မည် လော။ 5နှ မ ဖြစ် သည် ဟု အ ကျွန်ုပ် အား ထို ယောက်ျား ဆို ခဲ့ သည် မ ဟုတ် ပါ လော။ မောင် ဖြစ် သည် ဟု မိန်း မ ကိုယ် တိုင် လည်း ဆို ခဲ့ သည် မ ဟုတ် ပါ လော။ ရိုး သား သော စိတ်၊ အ ပြစ် ကင်း သော လက် ဖြင့် ဤ အ မှု ကို အ ကျွန်ုပ် ပြု မိ ပါ ပြီ ဟု လျှောက် ဆို ၏။ 6ထို အိပ် မက် တွင် ပင် ဘု ရား သ ခင် က၊ သင် သည် ရိုး သား သော စိတ် နှင့် ပြု မှန်း ကို ငါ သိ၏။ ငါ့ အား မ ပြစ် မှား စေ ခြင်း ငှာ သင့် ကို ငါ တား မြစ် ပြီ။ သို့ ဖြစ်၍ ထို မိန်း မ ကို သင် ထိ ပါး ခွင့် ငါ မ ပေး ခဲ့ ချေ။ 7ထို ကြောင့် လင် အား သူ့ မ ယား ကို ပြန် အပ် လော့။ သူ သည် ပ ရော ဖက် ဖြစ်၍ သင့် အ ဖို့ ပ ဌ နာ ပြု လျှင် သင် သည် အ သက် ချမ်း သာ ရ လိမ့် မည်။ ပြန် ၍ မ အပ် ခဲ့ မူ သင် မှ စ၍ သင် နှင့် ဆိုင် သူ အ ပေါင်း တို့ သည် မု ချ သေ ရ ကြ မည် ကို သိ မှတ် လော့ ဟု မိန့် တော် မူ ၏။ 8အ ဘိ မ လက် မင်း သည် နံ နက် အ ချိန် ထ၍ ကျွန် အ ပေါင်း တို့ ကို ခေါ် ပြီး လျှင် ထို အ ခြင်း အ ရာ အ လုံး စုံ ကို ပြန် ကြား သ ဖြင့် အ လွန် ကြောက် ကြ ကုန် ၏။ 9အာ ဗြ ဟံ ကို လည်း အ ဘိ မ လက် မင်း ခေါ်၍ သင် သည် ငါ တို့၌ မည် သို့ ပြု ဘိ သ နည်း။ ငါ အား လည်း ကောင်း၊ ငါ့ နိုင် ငံ အား လည်း ကောင်း၊ ကြီး လေး သော အ ပြစ် ကို ရောက် လို စေ ရန် သင့် အ ပေါ် တွင် မည် သို့ ငါ ပြစ် မှား သ နည်း။ မ ပြု အပ် သော အ မှု များ ကို ငါ၌ သင် ပြု ခဲ့ ပြီ တ ကား ဟု မိန့် ဆို လေ ၏။ 10အ ဘိ မ လက် မင်း က လည်း မည် သည် ကို မြော် မြင် ၍ ထို အ မှု ကို ပြု ခဲ့ သ နည်း ဟု အာ ဗြ ဟံ ကို မေး ပြန် လျှင်၊ 11အာ ဗြ ဟံ က၊ ဤ မြို့ တွင် ဘု ရား သ ခင် ကို ခန့် ညား သော သ ဘော ကင်း ကြ သည် ဖြစ် ၍ မ ယား အ တွက် ကျွန် တော် ကို သတ် ကြ လိမ့် မည် ထင် သော ကြောင့် ပြု မိ ပါ ပြီ။ 12၎င်း ပြင် သူ သည် အ ဘ တူ၊ အ မိ ကွဲ နှ မ မှန် ပါ၏။ ကျွန် တော့် မ ယား လည်း ဖြစ် ပါ၏။ 13ဘု ရား သ ခင် သည် ကျွန် တော် ကို ဆွေ မျိုး သား ချင်း တို့ နှင့် ခွာ၍ လှည့် လည် စေ တော် မူ သော အ ခါ ကျွန် တော် က ငါ၌ သင် ပြု အပ် သော ကျေး ဇူး ကား ရောက် လေ ရာ ရာ တွင် သင့် မောင် ဖြစ် ကြောင်း ပြော ရ မည် ဟူ၍ မ ယား အား မှာ ထား ပါ သည် ဟု လျှောက် ပြန် လေ ၏။ 14ထို နောက် အ ဘိ မ လက် မင်း သည် သိုး၊ ဆိတ်၊ နွား၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ များ ကို ယူ၍ အာ ဗြ ဟံ အား ပေး လျက် မ ယား စာ ရာ ကို လည်း ပြန် အပ် ပြီး လျှင်၊ 15ငါ့ ပြည် သည် သင့် ရှေ့ တွင် ရှိ၏။ အ လို ရှိ ရာ အ ရပ် မှာ နေ လော့ ဟု အ မိန့် ရှိ သည့် ပြင်၊ 16စာ ရာ အား လည်း ပါ ရှိ သူ အ ပေါင်း တို့ တွင် မျက် နှာ ဖုံး အ ဖြစ် သင့် မောင် အား သင့် အ ဖို့ ငွေ တစ် ထောင် ကို ငါ ပေး ပြီ။ ထို သို့ လူ အ ပေါင်း တို့ ရှေ့ သင် ကို အ သ ရေ ရှိ စေ ပြီ ဟု မိန့် ဆို လေ ၏။ 17အာ ဗြ ဟံ လည်း ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု သည့် အ တိုင်း ဘု ရား သ ခင် သည် အ ဘိ မ လက် မင်း မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ ကို ကျန်း မာ စေ တော် မူ သ ဖြင့် သူ တို့ သည် သား များ ရ ကြ ၏။ 18အ ကြောင်း မှာ အာ ဗြ ဟံ့ မ ယား စာ ရာ့ အ တွက် ထာ၀ ရ ဘု ရား သည် အ ဘိ မ လက် မင်း၏ မိ ဖု ရား၊ မောင်း မ မိဿံ အ ပေါင်း တို့ အား သား မ ရ စေ ခြင်း ငှာ စီ ရင် တော် မူ ခဲ့ သော ကြောင့် တည်း။
Цяпер абрана:
က~မ္ဘာ~ဦး~ကျမ်း။ 20: GHB
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
Garrad Holy Bible © Bible Society of Myanmar, 1928.