ရှင်~လု~ကာ 11
11
1တစ် ခု သော နေ ရာ တွင် ပ ဌ နာ ပြု တော် မူ သည့် အ ဆုံး၌ တ ပည့် တော် တစ် ယောက် က အ ရှင် ဘု ရား၊ ယော ဟန် သည် ကိုယ့် တ ပည့် တို့ အား သွန် သင် သည့် နည်း တူ တ ပည့် တော် တို့ လည်း ပ ဌ နာ ပြု ရန် သွန် သင် တော် မူ ပါ ဟု လျှောက် သော်၊ 2ကိုယ် တော် က ပ ဌ နာ ပြု၍ ဆု တောင်း ရ မည် မှာ #11.2 ကောင်း ကင် ဘုံ ၌ စံ နေ တော် မူ သော ဟူ ၍ ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။ အ ဘ၊ နာ မ တော် ကို ရို သေ ကြ ပါ စေ သော။ နိုင် ငံ တော် တည် ထောင် ပါ စေ သော။ 3#11.3 အ လို တော် သည် ကောင်း ကင် ဘုံ ၌ ပြည့်စုံ သ ကဲ့ သို့ မြေ ကြီး ပေါ် မှာ ပြည့်စုံ ပါ စေ သော ဟူ ၍ ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။တစ် ရက် စာ ကို နေ့ စဉ် သ နား တော် မူ ပါ။ 4အ ပြစ် မြီ စား တိုင်း ပေါ် တွင် ဖြေ လွှတ် သော အ ကျွန်ုပ် တို့ အ ပြစ် များ ကို ဖြေ လွှတ် တော် မူ ပါ။ စုံ စမ်း ရာ သို့ ဝင် စေ တော် မ မူ ပါ နှင့်#11.4 အ ဆိုး မှ ကယ် နုတ် တော် မူ ပါ ဟူ ၍ ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။ ဟူ ၍ တည်း ဟု မိန့် တော် မူ ၏။
5ကိုယ် တော် က လည်း သင် တို့ အ နက် တစ် ယောက် ယောက် သည် မိတ် ဆွေ ဖြစ် သူ့ ထံ သန်း ခေါင် အ ချိန် သွား ပြီး လျှင် အ ဆွေ မုန့် သုံး လုံး ချေး ပါ။ 6ခ ရီး ရောက် မ ဆိုက် မိတ် ဆွေ တစ် ယောက် ကို တည် ရန် မ ရှိ ပါ ဟု ဆို သော်။ 7အိမ် တွင် ရှိ သူ က ကျွန်ုပ် ကို ဒု က္ခ မ ရှာ ပါ နှင့်။ တံ ခါး ပိတ် ထား ပါ ပြီ။ သား သ မီး တို့ လည်း ကျွန်ုပ် နှင့် တ ကွ အိပ် လျက် ရှိ ကြ သ ဖြင့် ထ၍ မ ပေး နိုင် ဟု အ ကယ် ဆို ခဲ့ လျှင်၊ 8မိတ် ဆွေ ဝတ် ကြောင့် ထ၍ မ ပေး သော် လည်း အ နှောင့် အ ရှက် ကြောင့် လို သ မျှ ကို ထ၍ ပေး လိမ့် မည် ငါ ဆို၏။ 9သင် တို့ အား ငါ ဆို သည် ကား တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့ ပွင့် လိမ့် မည်။ 10အ သို့ ဆို သော် တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။ 11အ ဘ ဖြစ် သော သင် တို့ တွင် သား က ငါး တောင်း လျှင် ငါး အ စား မြွေ ပေး မည့် သူ၊ 12ဥ တောင်း လျှင် ကင်း ပေး မည့် သူ ရှိ သ လော။ 13သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား သန့် ရှင်း သော ဝိ ညာဉ် တော် ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော ဟု မိန့် တော် မူ၏။
14ကိုယ် တော် သည် နတ် အ ကို နှင် ထုတ် တော် မူ၍ နတ် ထွက် ခွာ သော် သူ အ သည် စ ကား ပြော သ ဖြင့် လူ ပ ရိ သတ် အံ့ သြ ကြ ရာ၊ 15အ ချို့ က သူ သည် နတ် မင်း ဗေ လ ဇေ ဗု လ ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ၏။ 16အ ချို့ က လည်း စုံ စမ်း၍ မိုး ကောင်း ကင် မှ နိ မိတ် လ က္ခ ဏာ ကို ကိုယ် တော့် ထံ တောင်း ကြ၏။ 17-18ထို သူ တို့ အ ထင် အ မြင် များ ကို သိ မြင် တော် မူ သော် ကိုယ် တော် က ဗေ လ ဇေ ဗု လ ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု သင် တို့ ဆို ကြ သည် မှာ အ တွင်း၌ ကွဲ ပြား လျက် ရှိ သော နိုင် ငံ တိုင်း ပျက် စီး၍ တစ် အိမ် ကို တစ် အိမ် ဖိ လဲ တတ်၏။ ထို နည်း တူ စာ တန် သည် အ တွင်း၌ ကွဲ ပြား လျက် ရှိ လျှင် သူ့ နိုင် ငံ သည် မည် သို့ တည် မြဲ မည် နည်း။ 19ဗေ လ ဇေ ဗု လ ကို မှီ၍ နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် သင် တို့၏ သား များ မှာ မည် သူ့ ကို မှီ၍ နှင် ထုတ် ကြ သ နည်း။ ထို ကြောင့် သူ တို့ သည် သင် တို့ အ ပေါ် တွင် တ ရား စီ ရင် သူ ဖြစ် ကြ ရ လိမ့် မည်။ 20ဘု ရား သ ခင့် လက် ညှိုး တော် ဖြင့် နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် ဘု ရား သ ခင်၏ နိုင် ငံ တော် သည် သင် တို့ ထံ ရောက် နှင့် လေ ပြီ။ 21ခွန် အား ကြီး သူ သည် လက် နက် စုံ စွဲ ကိုင် လျက် ကိုယ့် ဝင်း အိမ် ကို စောင့် နေ သည့် ကာ လ ပ စ္စည်း များ လုံ ခြုံ သော် လည်း၊ 22သူ့ ထက် ခွန် အား ကြီး သူ သည် ရောက် လာ အောင် မြင် သော် အား ကိုး သော လက် နက် စုံ ကို သိမ်း၍ ဥ စ္စာ များ ကို ခွဲ ယူ တတ်၏။ 23ငါ့ ဘက်၌ မ ရှိ သူ သည် တစ် ဖက်၌ ရှိ၏။ ငါ နှင့် အ တူ မ စု မ သိမ်း သူ လည်း ခွဲ လွှင့် သူဖြစ်၏။ 24နတ် ဆိုး တစ် ကောင် သည် လူ ထဲ မှ ထွက် ခွာ ပြီး လျှင် ရေ မ ရှိ သော အ ရပ် များ ကို လျှောက် လျက် နား နေ ရာ ရှာ၍ မ တွေ့ သော် ထွက် လာ ရင်း ငါ့ အိမ် သို့ ပြန် မည် ဟု ဆို လျက်၊ 25ပြန် ရောက် သည့် ကာ လ သုတ် သင် ပြု ပြင် လျက် ထား သည် ကို တွေ့ မြင် သ ဖြင့်၊ 26မိ မိ ထက် ဆိုး သွမ်း သော နတ် ခု နစ် ကောင် ကို ခေါ် ပြီး နောက် ဝင် နေ သည် နှင့် ထို လူ၏ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး သ တည်း ဟု မိန့် တော် မူ ၏။
27ထို သို့ မိန့် တော် မူ စဉ် ကိုယ် တော် ကို လွယ် ရ သော ဝမ်း နှင့် စို့ တော် မူ သော သား မြတ် များ၌ မင်္ဂ လာ ရှိ သည် ဟု အ သံ လွင့်၍ လူ ပ ရိ သတ် ရှိ မိန်း မ တစ် ယောက် လျှောက် သော်၊ 28ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ စောင့် ရှောက် သူ တို့၌ သာ၍ မင်္ဂ လာ ရှိ သည် ဟု မိန့် တော် မူ၏။
29လူ ပ ရိ သတ် ထပ် မံ စု ရုံး ကြ သည့် ကာ လ ကိုယ် တော် က ယ ခု လူ မျိုး သည် ဆိုး သွမ်း သော လူ မျိုး ဖြစ် သ တည်း။ နိ မိတ် လက္ခ ဏာ တောင်း ကြ သည် မှာ ယော န၏ နိ မိတ် လ က္ခ ဏာ မှ တစ် ပါး မည် သည့် နိ မိတ် လ က္ခ ဏာ ကို မျှ ပြ မည် မ ဟုတ်။ 30ယော န သည် နိ နေ ဝေ မြို့ သူ မြို့ သား တို့ အား နိ မိတ် လ က္ခ ဏာ ဖြစ် သည့် နည်း တူ လူ့ သား သည် ယ ခု လူ မျိုး အား နိ မိတ် လက္ခ ဏာ ဖြစ် လိမ့် မည်။ 31ရှော လ မုန် မင်း၏ ဉာဏ် ပ ညာ စ ကား ကို ကြား နာ ခြင်း ငှာ မြေ ကြီး အ စွန်း အ ဖျား က ရောက် လာ သော တောင် ပြည့် ရှင် ဘု ရင် မ သည် တ ရား စီ ရင် တော် မူ သည့် ကာ လ၊ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် လိမ့် မည်။ ရှော လ မုန် မင်း ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။ 32ယော န ဟော ပြော သော ကြောင့် နောင် တ ရ သော နိ နေ ဝေ မြို့ သူ မြို့ သား တို့ လည်း ထို ကာ လ၌ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် ကြ လိမ့် မည်။ ယော န ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။ 33မီး ထွန်း ပြီး နောက် မြေ တွင်း၌ ဖြစ် စေ၊ တောင်း အောက်၌ ဖြစ် စေ မည် သူ မျှ မ ထား တတ်။ အ လင်း ကို ဝင် လာ သူ တို့ မြင် နိုင် ရန် ခုံ ပေါ် တွင် သာ တင် ထား တတ် ၏။ 34မျက် စိ သည် ကိုယ် ခ န္ဓာ၏ မီး ရှူး သ ဖွယ် ဖြစ် လျက် သင့် မျက် စိ ကောင်း လျှင် တစ် ကိုယ် လုံး အ လင်း နှင့် ပြည့်၏။ မ ကောင်း လျှင် မူ ကား ကိုယ် ခ န္ဓာ သည် မှောင် နှင့် ပြည့် ၏။ 35ထို ကြောင့် သင်၌ ရှိ သော အ လင်း သည် မှောင် ဖြစ် သည် မ ဖြစ် သည် ကို ရှု ကြည့် ကြ လော။ 36သင့် ကိုယ် ခ န္ဓာ သည် တစ် ပိုင်း မျှ မ မှောင် ဘဲ လုံး လုံး အ လင်း နှင့် ပြည့် လျှင် မီး ရှူး တောက် ပ၍ လင်း စေ သည့် နည်း တူ တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည် ဟု မိန့် တော် မူ၏။
37ထို သို့ မိန့် တော် မူ ပြီး နောက် ဖာ ရိ ရှဲ တစ် ယောက် သည် ကိုယ် တော် ကို သုံး ဆောင် တော် မူ ရန် ပင့် ခေါ် သည့် အ တိုင်း ကြွ ဝင်၍ စား ပွဲ ထိုင် တော် မူ ရာ၊ 38ထို ဖာ ရိ ရှဲ မြင် သော် မ သုံး ဆောင် မီ ဦး စွာ ဆေး ကြော တော် မ မူ သည် ကို အံ့ သြ သော ကြောင့်၊ 39အ ရှင် ဘု ရား က ဖာ ရိ ရှဲ ဖြစ် သော သင် တို့ သည် ယ ခု အ ခါ အိုး ခွက် ပြင် ဘက် ကို စင် ကြယ် စေ သော် လည်း၊ အ တွင်း သ ဘော မူ ကား အ ဓ မ္မ မှု လွန် ကျူး မှု များ နှင့် ပြည့်၏။ 40အ ချင်း လူ မိုက် တို့၊ အ ပြင် ကို ဖန် ဆင်း သော အ ရှင် သည် အ တွင်း ကို လည်း ဖန် ဆင်း တော် မူ သည် မ ဟုတ် လော။ 41ထည့် ထား ရာ များ ကို စွန့် ကြဲ ပေး ကမ်း ကြ လော့။ သို့ ပြု လျှင် သင် တို့ သုံး သော အ ရာ ရာ သည် စင် ကြယ် လေ ပြီ။
42အ ချင်း ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ ပါး လင် စ သော ဟင်း သီး ဟင်း ရွက် တိုင်း ဆယ် ဘို့ တစ် ဖို့ ကို လှူ လျက် တ ရား စောင့် ခြင်း နှင့် ဘု ရား ကြည် ညို ခြင်း ကို ချန် လှပ် ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ ဤ ဝတ် များ ကို စောင့် သင့်၏။ 43အ ချင်း ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ဓ မ္မာ ရုံ များ တွင် မြင့် မြတ် သော နေ ရာ၌ ထိုင် ခြင်း၊ စျေး များ တွင် နှုတ် ဆက် ခံ ခြင်း ကို နှစ် သက် ကြ၏။ 44သင် တို့၌ အ မင်္ဂ လာ ရှိ၏။ မ ထင် ရှား၍ လူ တို့ မ သိ ဘဲ ကျော် သွား သော သင်္ချိုင်း ဂူ များ ကဲ့ သို့ ဖြစ် ကြ သည် တ ကား ဟု မိန့် တော် မူ၏။
45ထို ကာ လ ကျမ်း တတ် တစ် ယောက် က ဆ ရာ၊ ဤ သို့ ဆို ရာ တွင် အ ကျွန်ုပ် တို့ ကို လည်း ကဲ့ ရဲ့ ပါ သည် ဟု ပြန် ဆို သော်၊ 46ကိုယ် တော် က အ ချင်း ကျမ်း တတ် တို့၊ သင် တို့၌ လည်း အ မင်္ဂ လာ ရှိ၏။ ထမ်း ခဲ သော ဝန် ထုပ် များ ကို သူ တစ် ထူး တို့ အ ပေါ် တွင် တင် ပြီး လျှင် လက် တစ် ချောင်း နှင့် မျှ ကိုယ် တိုင် မ မ ကြ။ 47သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ကိုယ့် ဘိုး ဘေး များ သတ် ခဲ့ သော ပ ရော ဖက် တို့၏ သင်္ချိုင်း ဂူ များ ကို သင် တို့ တည် ဆောက် ကြ လေ စွ။ 48သူ တို့ သတ် ခဲ့ သည် နှင့် အ ညီ သင် တို့ တည် ဆောက် ကြ သ ဖြင့် ဘိုး ဘေး တို့၏ အ မှု ကို နှစ် သက် သော သက် သေ ခေါင်း ဆောင် ဖြစ် ကြ သည် တ ကား။ 49အ ချို့ တို့ ကို သတ် ဖြတ် ခြင်း၊ အ ချို့ တို့ ကို ညှဉ်း ပန်း ခြင်း များ ကို သင် တို့ ပြု အံ့ သော ပ ရော ဖက် များ၊ တ မန် များ ကို ငါ စေ လွှတ် မည် ဟု ဘု ရား သ ခင်၏ ဉာဏ် တော် မိန့် မြွက် သည့် အ ကြောင်း မှာ၊ 50-51အာ ဗေ လ အ သွေး မှ ပူ ဇော် ရာ ပ လ္လင် တော် နှင့် ဗိ မာန် တော် ကြား တွင် သေ ရ သော ဇာ ခ ရိ အ သွေး တိုင် အောင် ဤ လော က တည် သည် က စ၍ လွန် ခဲ့ သော ပ ရော ဖက် ရှိ သ မျှ တို့ အ သွေး ကို ယ ခု လူ မျိုး ထံ မှ တောင်း ဆို ရ စေ ခြင်း ငှာ တည်း။ ယ ခု လူ မျိုး ထံ မှ မု ချ တောင်း ဆို တော် မူ လိမ့် မည် ငါ ဆို၏။ 52အ ချင်း ကျမ်း တတ် တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ အ သိ ပ ညာ ဆိုင် ရာ သော့ ကို ယူ သွား သော သင် တို့ သည် ကိုယ် တိုင် မ ဝင်။ ဝင် သူ တို့ ကို လည်း ကန့် ကွက် ကြ သည် တ ကား ဟု မိန့် တော် မူ၏။
53-54ထို အ ရပ် မှ ထွက် ကြွ တော် မူ သော် ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို ကြီး စွာ ရန် ငြိုး ဖွဲ့ သ ဖြင့် နှုတ် တော် ထွက် စ ကား ကို ဖမ်း မိ ရန် စောင့် စား လျက် အ မျိုး မျိုး မေး မြန်း ကြ ၏။
Цяпер абрана:
ရှင်~လု~ကာ 11: GHB
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
Garrad Holy Bible © Bible Society of Myanmar, 1928.