YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 25

25
တဲတော်ဆောက်ရန်အတွက် အလှူပစ္စည်းများ
1ထာဝရဘုရား​က မောရှေ​အား 2“​ငါ့​ထံသို့ အလှူပစ္စည်း​ကို​ယူဆောင်​လာ​ကြ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​အား​ဆင့်ဆို​လော့​။ ငါ့​အား စေတနာ​စိတ်​ဖြင့်​ပေးလှူ​သူ​အပေါင်း​တို့​ထံမှ အလှူပစ္စည်း​ကို သင်​တို့​ခံယူ​ရ​မည်​။ 3သူ​တို့​ထံမှ သင်​ခံယူ​ရ​မည့် အလှူပစ္စည်း​ဟူမူကား ရွှေ​၊ ငွေ​၊ ကြေးနီ​၊ 4အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ 5အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​၊ တဟာရှ#25:5 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။​သားရေ​၊ အကေရှား#25:5 “ထနောင်းမျိုး”။​သစ်သား​၊ 6မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊ 7ဧဖုဒ်#25:7 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ စသည်​တို့​ဖြစ်​ကြ​၏​။
8သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။ 9ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပုံစံ​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​၏​ပုံစံ​ကို သင့်​အား​ငါ​ပြ​သမျှ​အတိုင်း သင်​တို့​လုပ်​ရ​မည်​။
သေတ္တာတော်
10သူ​တို့​သည် အလျား​နှစ်တောင့်ထွာ#25:10 “45 လက်မ သို့မဟုတ် 112.5 စင်တီမီတာ”။​၊ အနံ​တစ်တောင့်ထွာ#25:10 “27 လက်မ သို့မဟုတ် 67.5 စင်တီမီတာ”။​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော သေတ္တာ​ကို အကေရှား#25:10 “ထနောင်းမျိုး”။​သစ်သား​ဖြင့်​လုပ်​၍ 11သင်​သည် ၎င်း​ကို ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ အတွင်း​ရော​အပြင်​ပါ​မွမ်းမံ​၍ ထို​သေတ္တာ​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။ 12ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ သေတ္တာ​၏​ခြေ​လေး​ချောင်း​ဘေး​တစ်​ဖက်​၌​နှစ်​ကွင်း​၊ အခြား​ဘေး​တစ်ဖက်​၌​နှစ်​ကွင်း တပ်​ရ​မည်​။ 13သင်​သည် အကေရှား#25:13 “ထနောင်းမျိုး”။​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ 14သေတ္တာ​ကို​ထမ်း​ရန် ထမ်းပိုး​တို့​ကို သေတ္တာ​၏​ဘေး​တစ်ဖက်တစ်ချက်​ရှိ​ကွင်း​များ​ထဲသို့ လျှို​ထား​ရ​မည်​။ 15ထမ်းပိုး​တို့​ကို သေတ္တာ​မှ​မ​ဖယ်ရှား​ဘဲ သေတ္တာ​၏​ကွင်း​များ​ထဲ၌ ရှိ​နေ​စေ​ရ​မည်​။ 16သင့်​အား ငါ​ပေးအပ်​မည့်​သက်သေခံချက်​ကို သေတ္တာ​ထဲတွင်​ထား​ရ​မည်​။ 17သင်​သည် အလျား နှစ်တောင့်ထွာ​၊ အနံ တစ်တောင့်ထွာ​ရှိ​သော ကရုဏာ​တော်​ပလ္လင်#25:17 သို့မဟုတ် “အဖုံး”။​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။ 18ကရုဏာ​တော်​ပလ္လင်#25:18 သို့မဟုတ် “အဖုံး”။​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ်#25:18 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​ထား​ရ​မည်​။ 19ခေရုဗိမ်#25:19 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တစ်​ပါး​ကို အစွန်း​တစ်ဖက်​၌​လည်းကောင်း​၊ ကျန်​ခေရုဗိမ်​တစ်​ပါး​ကို အခြား​အစွန်း​တစ်ဖက်​၌​လည်းကောင်း ခေရုဗိမ်​တို့​ကို ကရုဏာ​တော်​ပလ္လင်#25:19 သို့မဟုတ် “အဖုံး”။​နှင့်တစ်သားတည်း​ဖြစ်​အောင် ပလ္လင်​၏​အစွန်း​နှစ်​ဖက်​တွင် ထုလုပ်​ရ​မည်​။ 20ခေရုဗိမ်#25:20 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​သည် အတောင်​များ​ကို အထက်​သို့​ဖြန့်​လျက်​၊ သူ​တို့​၏​အတောင်​များ​ဖြင့် ကရုဏာ​တော်​ပလ္လင်#25:20 သို့မဟုတ် “အဖုံး”။​ကို​အုပ်မိုး​လျက်​၊ တစ်ပါး​နှင့်​တစ်ပါး​မျက်နှာချင်းဆိုင်​လျက် ရှိ​ရ​မည်​။ ခေရုဗိမ်​တို့​သည် ကရုဏာ​တော်​ပလ္လင်#25:20 သို့မဟုတ် “အဖုံး”။​ဘက်​သို့ မျက်နှာမူ​ရ​မည်​။ 21ကရုဏာ​တော်​ပလ္လင်#25:21 သို့မဟုတ် “အဖုံး”။​ကို သေတ္တာ​ပေါ်တွင်​တင်​ရ​မည်​။ သင့်​အား​ငါ​ပေးအပ်​မည့်​သက်သေခံချက်​ကို သေတ္တာ​ထဲတွင်​ထား​ရ​မည်​။ 22ငါ​သည် ထို​နေရာ​၌ သင်​နှင့်​တွေ့ဆုံ​မည်​။ သက်သေခံချက်​သေတ္တာ​တော်​ပေါ်​ရှိ ခေရုဗိမ်#25:22 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှစ်​ပါး​အကြား ကရုဏာ​တော်​ပလ္လင်#25:22 သို့မဟုတ် “အဖုံး”။​အထက်​မှ​နေ​၍ အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​ရ​မည့်​စကား​အလုံးစုံ​ကို ငါ​မှာကြား​မည်​။
စားပွဲ
23သင်​သည် အလျား​နှစ်တောင်#25:23 “36 လက်မ သို့မဟုတ် 90 စင်တီမီတာ”။​၊ အနံ​တစ်တောင်#25:23 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော​စားပွဲ​ကို အကေရှား#25:23 “ထနောင်းမျိုး”။​သစ်သား​ဖြင့်​လုပ်​၍ 24ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ အနား​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။ 25အနား​ပတ်ပတ်လည်​၌ လက်တစ်ဝါး#25:25 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။​အကျယ်​ရှိ​သော​ဘောင်​ကို​လုပ်​၍ ထို​ဘောင်​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။ 26ထို​စားပွဲ​အတွက် ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ ထို​ကွင်း​များ​ကို စားပွဲ​၏​ခြေ​လေး​ချောင်း​ရှိ ထောင့်​လေး​ထောင့်​၌ တပ်​ရ​မည်​။ 27ထို​ကွင်း​များ​သည် စားပွဲ​ကို​ထမ်း​ရန်​ထမ်းပိုး​များ​လျှိုစရာ​အဖြစ် ဘောင်​နှင့်​ကပ်​လျက်​ရှိ​ရ​မည်​။ 28အကေရှား​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ ထို​ထမ်းပိုး​များ​ဖြင့် စားပွဲ​ကို ထမ်း​ရ​မည်​။ 29ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် စားပွဲ​အတွက် လင်ပန်း​များ​၊ ခွက်​များ​၊ ကရား​များ​၊ ပန်းကန်လုံး​များ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။ 30ငါ့​ရှေ့မှောက်​၊ စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို အစဉ်မပြတ်​တင်​ထား​ရ​မည်​။
ဆီမီးခုံ
31သင်​သည် ရွှေ​စင်​ဖြင့်​ဆီမီးခုံ​ကို လုပ်​ရ​မည်​။ ဆီမီးခုံ​တိုင်​၊ ဆီမီးခုံ​၏​အလက်​၊ ခွက်​များ​၊ ပွင့်ဖတ်အုံ​များ​၊ ပွင့်ဖတ်​များ​ကို တစ်သားတည်း​ဖြစ်​အောင် ထုလုပ်​ရ​မည်​။ 32ဆီမီးခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​မှ တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက်​၊ အခြား​တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက် အားလုံးပေါင်း အလက်​ခြောက်​လက်​ထွက်​ရ​မည်​။ 33အလက်​တစ်​ခု​၌ ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​ရ​မည်​။ အခြား​အလက်​တစ်​ခု​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​ရ​မည်​။ ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​သည် တူ​ရ​မည်​။ 34ဆီမီးခုံ​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​လေး​ခွက်​ရှိ​ရ​မည်​။ 35ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​တွင် အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု ရှိ​ရ​မည်​။ 36အလက်​နှင့် အလက်​တို့​၏​ပွင့်ဖတ်အုံ​များ​သည် ဆီမီးခုံ​နှင့်တစ်သားတည်း​ဖြစ်​ရ​မည်​။ ဆီမီးခုံ​တစ်ခုလုံး​ကို ရွှေ​စင်​တစ်တုံးတည်း​ဖြင့် ထုလုပ်​ရ​မည်​။
37ဆီမီးခုံ​တွင် မီးခွက်​ခုနစ်​လုံး လုပ်​ရ​မည်​။ ဆီမီးခုံ​၏​ရှေ့​ဘက်​၌​လင်း​စေရန် ထို​မီးခွက်​များ​ကို ထွန်းညှိ​ရ​မည်​။ 38ဆီမီးခုံ​၏​မီးညှပ်​နှင့်​မီးကျီးခံဗန်း​တို့​ကို​လည်း ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။ 39ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ရွှေ​စင်​တစ်​တာလန်#25:39 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။​နှင့် ထုလုပ်​ရ​မည်​။ 40တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့် ထို​အရာ​တို့​၏​ပုံစံ​အတိုင်း လုပ်​ရန်​သတိပြု​ရ​မည်​။#ဟေဗြဲ 8:5။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ထွက်မြောက်ရာကျမ်း 25