ထွက်မြောက်ရာကျမ်း 4
4
မောရှေကိုပြသောအံ့ဖွယ်နိမိတ်လက္ခဏာများ
1မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ 2ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
3ကိုယ်တော်ကလည်း “တောင်ဝှေးကို မြေပေါ်သို့ ပစ်ချလော့”ဟု မိန့်တော်မူလျှင် သူသည် မြေပေါ်သို့ ပစ်ချ၏။ ထိုအခါ တောင်ဝှေးသည် မြွေဖြစ်သွားသဖြင့် မောရှေသည် ထိုမြွေရှေ့မှ ထွက်ပြေးလေ၏။ 4ထိုအခါ ထာဝရဘုရားက မောရှေအား “သင်၏လက်ကိုဆန့်၍ မြွေ၏အမြီးကို ဖမ်းကိုင်လော့”ဟု မိန့်တော်မူသဖြင့် သူသည် မိမိ၏လက်ကိုဆန့်၍ ဖမ်းဆွဲလိုက်ရာ ထိုမြွေသည် သူ၏လက်ထဲ၌ တောင်ဝှေးပြန်ဖြစ်လေ၏။ 5ထာဝရဘုရားက “ဤအမှုကိုထောက်၍ သူတို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မူကြောင်း သူတို့ယုံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
6တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခု သင်၏လက်ကို သင့်ရင်ခွင်#4:6 သို့မဟုတ် “သင့်ဝတ်ရုံ”။ထဲသို့သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိ၏လက်ကို ရင်ခွင်#4:6 သို့မဟုတ် “ဝတ်ရုံ”။ထဲသို့သွင်းပြီး ပြန်ထုတ်သောအခါ သူ၏လက်သည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြစ်လေ၏။ 7ထိုအခါ ကိုယ်တော်က “သင်၏လက်ကို သင့်ရင်ခွင်ထဲသို့ ပြန်သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိလက်ကို ရင်ခွင်ထဲသို့ ပြန်သွင်းပြီး ပြန်ထုတ်သောအခါ ပကတိအသားအရေအတိုင်း ပြန်ဖြစ်လေ၏။ 8ထာဝရဘုရားက “အကယ်၍ သူတို့သည် သင့်ကိုမယုံ၊ ပထမနိမိတ်လက္ခဏာကိုလည်း မယုံလျှင် နောက်နိမိတ်လက္ခဏာကိုကား ယုံကြလိမ့်မည်။ 9သူတို့သည် ဤနိမိတ်လက္ခဏာနှစ်ခုစလုံးကိုလည်းမယုံ၊ သင်၏စကားကိုလည်း နားမထောင်လျှင် နိုင်းမြစ်မှရေကိုယူ၍ ကုန်းမြေပေါ်တွင် လောင်းချလော့။ ထိုအခါ နိုင်းမြစ်မှယူလာသောရေသည် ကုန်းမြေပေါ်တွင် သွေးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
10မောရှေက ထာဝရဘုရားအား “အို အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်သည် ယခင်ကဖြစ်စေ၊ မနေ့ကဖြစ်စေ၊ ကိုယ်တော်၏အစေအပါးအား ကိုယ်တော်မိန့်ဆိုတော်မူသောအချိန်၌ပင်ဖြစ်စေ စကားပြောကောင်းသူမဟုတ်ပါ။ အကျွန်ုပ်သည် နှုတ်လေးလျှာလေးသောသူလည်း ဖြစ်ပါ၏”ဟု ပြန်လျှောက်လေ၏။
11ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ 12ယခု သွားလော့။ ငါသည် သင့်နှုတ်နှင့်အတူရှိမည်။ သင်ပြောဆိုရမည့်အရာကို သင့်အား ငါသွန်သင်မည်”ဟု မိန့်တော်မူ၏။
13မောရှေက “အို အကျွန်ုပ်၏ဘုရားရှင်၊ အခြားတစ်ယောက်ကို စေလွှတ်တော်မူပါ”ဟု ပြန်လျှောက်လေ၏။
14ထိုအခါ ထာဝရဘုရားသည် မောရှေကို အမျက်ထွက်၍ “လေဝိအမျိုးအာရုန်သည် သင်၏အစ်ကိုမဟုတ်လော။ သူသည် နှုတ်ရေးကျွမ်းကျင်သည်ကို ငါသိ၏။ သူသည် သင့်ကိုကြိုဆိုရန် ထွက်လာပြီ။ သင်နှင့်တွေ့သောအခါ သူသည် စိတ်ထဲ၌ ဝမ်းမြောက်လိမ့်မည်။ 15သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။ 16သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။ 17သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
မောရှေအီဂျစ်ပြည်သို့ပြန်သွားခြင်း
18ထို့နောက် မောရှေသည် မိမိယောက္ခမယေသရောထံသို့ပြန်လာပြီး “အကျွန်ုပ်သည် အီဂျစ်ပြည်၌ရှိသော အကျွန်ုပ်၏အမျိုးသားချင်းတို့ အသက်ရှင်သေးသလောဟု ကြည့်ရှုရန် သူတို့ထံ ပြန်သွားခွင့်ပြုပါ”ဟု ဆို၏။ ယေသရောကလည်း မောရှေအား “ငြိမ်းချမ်းစွာသွားလော့”ဟု ဆိုလေ၏။
19ထာဝရဘုရားက “အီဂျစ်ပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သင်၏အသက်ကိုရန်ရှာသောသူအပေါင်းတို့သည် သေလွန်ကြပြီ”ဟု မောရှေအား မိဒျန်ပြည်၌ မိန့်တော်မူ၏။ 20ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
21ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။ 22ထိုအခါ သင်သည် ဖာရောမင်းကြီးအား ‘ထာဝရဘုရားက အစ္စရေးလူမျိုးသည် ငါ့သား၊ ငါ၏သားဦးဖြစ်၏။ 23ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
24မောရှေသည် ခရီးသွားစဉ်တွင် စခန်းချရာနေရာ၌ ထာဝရဘုရားသည် သူနှင့်တွေ့၍ သူ့ကို ကွပ်မျက်ရန်ရှာကြံလေ၏။ 25ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင် 26ကိုယ်တော်သည် မောရှေထံမှထွက်သွားလေ၏။ ထိုအခါ ဇိပေါရက “သင်သည် အရေဖျားလှီးခြင်းကြောင့် သွေးနှင့်ဆိုင်သောလင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလေ၏။
မောရှေနှင့်အာရုန်တို့ပြန်ဆုံကြခြင်း
27ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။ 28မောရှေသည် မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံနှင့် မိမိပြုရန် မိန့်မှာတော်မူသောနိမိတ်လက္ခဏာအလုံးစုံတို့ကို အာရုန်အားပြောကြားလေ၏။ 29ထို့နောက် မောရှေနှင့်အာရုန်တို့သည် သွား၍ အစ္စရေးအမျိုးသားသက်ကြီးဝါကြီးအပေါင်းတို့ကို စုဝေးစေကြ၏။ 30မောရှေအား ထာဝရဘုရားမိန့်တော်မူသောစကားအားလုံးကို အာရုန်သည် ထိုသူတို့အား ပြောကြား၍ အစ္စရေးလူမျိုးတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာတို့ကိုပြလေ၏။ 31ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 4: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: