ထွက်မြောက်ရာကျမ်း 5
5
ဖာရောမင်းကြီးကို မောရှေထိပ်တိုက်တွေ့ခြင်း
1ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
2သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။ 3ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။ 4သို့သော် အီဂျစ်ဘုရင်က သူတို့အား “မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူတို့ကို အလုပ်ပျက်အောင် အဘယ်ကြောင့် ပြုကြသနည်း။ သင်တို့၏အလုပ်ထဲသို့ ပြန်သွားကြ”ဟု ဆို၏။ 5တစ်ဖန် ဖာရောမင်းကြီးက “ကြည့်လော့။ ယခု ဤပြည်၌ ဤလူမျိုးအများအပြားရှိ၏။ သူတို့အလုပ်ရပ်သွားအောင် သင်တို့ပြုကြပြီတကား”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့ ပို၍နှိပ်စက်ခံရခြင်း
6ထိုနေ့ချင်းတွင် ဖာရောမင်းကြီးသည် လူတို့ကိုအဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူတို့အား 7“ထိုလူတို့ အုတ်လုပ်ဖို့ကောက်ရိုးကိုယခင်ကကဲ့သို့ ဆက်၍မပေးကြနှင့်။ သူတို့ကိုယ်တိုင် ကောက်ရိုးကို သွားရှာကြပါစေ။ 8သို့ရာတွင် ယခင် သူတို့ပြုလုပ်သောအုတ်အရေအတွက်အတိုင်း သူတို့ကိုလုပ်စေရမည်။ အရေအတွက်ကို မလျော့စေနှင့်။ အကြောင်းမူကား သူတို့သည် ပျင်းရိကြ၏။ ထို့ကြောင့် သူတို့က ‘ငါတို့၏ဘုရားသခင်အား သွား၍ယဇ်ပူဇော်ကြစို့’ဟု အော်ဟစ်ပြောဆိုကြ၏။ 9သူတို့အား ပို၍ပင်ပန်းသောအလုပ်ကိုလုပ်စေပါ။ အလုပ်ကိုသာလုပ်စေပြီး လှည့်ဖြားသောစကားတို့ကို နားမယောင်စေနှင့်”ဟု အမိန့်ပေးလေ၏။
10ထို့ကြောင့် အစ္စရေးလူမျိုးတို့ကို အဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူများသည် ထွက်သွား၍ သူတို့အား “ဖာရောမင်းကြီးက ‘ငါသည် သင်တို့ကို ကောက်ရိုးမပေး။ 11သင်တို့ကိုယ်တိုင် ကောက်ရိုးကိုတွေ့နိုင်သည့်နေရာမှ သွားယူကြလော့။ သို့သော် သင်တို့၏အလုပ်အနည်းငယ်မျှ မလျော့ရ’ဟူ၍ မိန့်ဆို၏”ဟု ပြောလေ၏။ 12သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။ 13အဓမ္မစေခိုင်းသူများကလည်း “သင်တို့၏အလုပ်ကို ကောက်ရိုးရရှိစဉ်ကအတိုင်း တစ်နေ့အလုပ်ကို တစ်နေ့အတွင်း ပြီးစီးစေကြလော့”ဟု ဖိအားပေးပြောဆိုလေ၏။ 14ဖာရောမင်းကြီး၏အဓမ္မစေခိုင်းသူများသည် မိမိတို့ခန့်ထားသောအစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများကိုလည်း ရိုက်နှက်ကာ “သင်တို့သည် ယခင်ကကဲ့သို့ သင်တို့လုပ်ရမည့်အုတ်ကို သတ်မှတ်ချက်အတိုင်း မနေ့ရောယနေ့ပါ အဘယ်ကြောင့် မပြီးစီးကြသနည်း”ဟု ဆိုကြ၏။
15ထိုအခါ အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများသည် ဖာရောမင်းကြီးထံသို့ဝင်၍ “အရှင်မင်းကြီး၏အစေအပါးတို့အား အဘယ်ကြောင့် ဤသို့ပြုပါသနည်း။ 16အရှင်မင်းကြီး၏အစေအပါးတို့အား ကောက်ရိုးကိုမပေးကြပါ။ သို့သော် ‘အုတ်များကိုလုပ်ကြလော့’ဟု အကျွန်ုပ်တို့အားဆိုကြပါ၏။ ကြည့်ပါလော့။ အရှင်မင်းကြီး၏အစေအပါးတို့သည် ရိုက်နှက်ခံရပါ၏။ အရှင်မင်းကြီး၏လူတို့၌သာ အပြစ်ရှိပါ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
17ဖာရောမင်းကြီးကလည်း “သင်တို့သည် ပျင်းရိသောသူများဖြစ်ကြ၏။ ပျင်းရိသောကြောင့် သင်တို့က ‘ထာဝရဘုရားအား သွား၍ယဇ်ပူဇော်ကြစို့’ဟု ဆိုကြ၏။ 18ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။
19ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။ 20ဖာရောမင်းကြီးထံမှ သူတို့ထွက်သွားသောအခါ သူတို့နှင့်တွေ့ဆုံရန် စောင့်နေကြသော အာရုန်နှင့်မောရှေကို တွေ့လျှင်
21“သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်#5:21 တိုက်ရိုက်ပြန်ဆိုလျှင် “စက်ဆုပ်ရွံရှာဖွယ်အနံ့”။ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။
22မောရှေသည် ထာဝရဘုရားထံသို့ပြန်လာ၍ “အို ဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ဒုက္ခရောက်စေတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ 23အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 5: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: