ယောဘဝတ္ထု 9
9
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“ဤအမှန်တရားကို ငါသိပါ၏။ သို့သော် လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ 3လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။ 4ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။ 5ကိုယ်တော်သည် တောင်တို့ကို ရွှေ့ပစ်လိုက်၏။ အမျက်တော်ဖြင့် တောင်တို့ကိုမှောက်လှန်တော်မူသောအခါ မည်သူမျှ မသိနားမလည်ကြ။ 6မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။ 7နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။ 8ကောင်းကင်မျက်နှာကြက်ကို တစ်ပါးတည်းဖြန့်ကြက်တော်မူ၍ ပင်လယ်လှိုင်းလုံးများကို နင်းတော်မူ၏။ 9ဓူဝံကြယ်၊ သရဝဏ်ကြယ်၊ ဖျောက်ဆိပ်ကြယ်၊ တောင်ပိုင်းကြယ်တို့ကို ဖန်ဆင်းတော်မူ၏။ 10စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။ 11ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။ 12ကိုယ်တော်သိမ်းယူတော်မူလျှင် မည်သူတားနိုင်သနည်း။ ‘မည်သို့ပြုတော်မူသနည်း’ဟု ကိုယ်တော်အား မည်သူမေးလျှောက်ဝံ့သနည်း။ 13ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။ 14ထို့ကြောင့် ကိုယ်တော်ကို ငါမည်သို့တုံ့ပြန်နိုင်မည်နည်း။ တုံ့ပြန်နိုင်မည့်စကားကိုလည်း ငါမည်သို့ရှာနိုင်ပါမည်နည်း။ 15ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။ 16ငါခေါ်၍ ကိုယ်တော်ပြန်ထူးလျှင်ပင် ငါ့အသံကို နားညောင်းတော်မူသည်ဟု ငါမယုံနိုင်ပါ။ 17အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။ 18ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။ 19ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။ 20ငါဖြောင့်မတ်လျှင်ပင် ငါ့နှုတ်သည် ငါ့ကိုသာ အပြစ်တင်လိမ့်မည်။ ငါ၌အပြစ်တင်စရာမရှိလျှင်ပင် ငါ့ကိုကောက်ကျစ်သောသူဟု မိန့်တော်မူလိမ့်မည်။ 21ငါသည် အပြစ်တင်စရာမရှိသောသူဖြစ်လျက်ပင် ငါ့ကိုယ်ငါမသိနိုင်။ ငါ့အသက်ကိုပင် ငါအလေးမထားနိုင်တော့ပါ။ 22အားလုံးတို့သည် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ‘ကိုယ်တော်သည် အပြစ်တင်စရာမရှိသောသူကိုလည်းကောင်း၊ ဆိုးယုတ်သောသူကိုလည်းကောင်း ဖျက်ဆီးတော်မူမည်’ဟု ငါဆိုခြင်းဖြစ်၏။ 23ဘေးဆိုးရောက်လာ၍ ရုတ်တရက်သေဆုံးကြရသောအခါ၊ အပြစ်မဲ့သူတို့စုံစမ်းခြင်းခံရသောအခါ ကိုယ်တော်ပြုံးရယ်တော်မူ၏။ 24ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။ 25ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။ 26ကျူရိုးလှေများကဲ့သို့လည်းကောင်း၊ သားကောင်ကိုထိုးသုတ်သောလင်းယုန်ကဲ့သို့လည်းကောင်း လျင်မြန်လွန်းလှ၏။ 27‘ငါသည် ကိုယ့်စိတ်ဒုက္ခကို မေ့ထားပြီး မျက်နှာကို ကြည်ကြည်ရွှင်ရွှင်ထားမည်’ဟု ငါဆိုလျှင်လည်း 28ငါခံစားရသောဒုက္ခဝေဒနာအလုံးစုံကြောင့် ငါကြောက်ရွံ့နေ၏။ ကိုယ်တော်သည် ငါ့ကိုအပြစ်ဒဏ်နှင့် ကင်းလွတ်စေတော်မူမည်မဟုတ်ကြောင်း ငါသိ၏။ 29ငါ၌အပြစ်ရှိသည်ဟု စီရင်ခြင်းကိုခံရမည်ဆိုလျှင် အဘယ်ကြောင့် ဤသို့အချည်းနှီးကြိုးစားအားထုတ်နေရမည်နည်း။ 30ငါသည် နှင်းရည်ဖြင့် ရေချိုး၍ ငါ့လက်ကို ပြာရည်ဖြင့် စင်ကြယ်အောင်ဆေးကြောလျှင်လည်း 31ကိုယ်တော်သည် ငါ့ကိုတွင်းထဲသို့ပစ်ချတော်မူမည်ဖြစ်၍ ငါ့အဝတ်တို့ပင် ငါ့ကိုစက်ဆုပ်ရွံရှာကြလိမ့်မည်။ 32ငါသည် ကိုယ်တော်နှင့်အတူ တရားရုံးသို့သွား၍ တရားရင်ဆိုင်မည့်အကြောင်း ကိုယ်တော်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။ 33ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။ 34ကိုယ်တော်သည် မိမိ၏ကြိမ်လုံးကို ငါ့ထံမှဖယ်ရှားတော်မူပါစေသော။ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာတို့ဖြင့် ငါ့ကိုမခြောက်လှန့်ပါစေနှင့်။ 35သို့ဖြစ်လျှင် ငါသည် မကြောက်မရွံ့လျှောက်တင်ဝံ့လိမ့်မည်။ ယခုမူ ထိုသို့ မလျှောက်တင်ဝံ့ပါတကား။
Currently Selected:
ယောဘဝတ္ထု 9: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: