ရှင်မဿဲခရစ်ဝင် 9
9
အပြစ်များခွင့်လွှတ်ပိုင်ခွင့်
1ထို့နောက် ကိုယ်တော်သည် လှေပေါ်တက်၍ ပင်လယ်ကိုကူးပြီးလျှင် မိမိနေရပ်မြို့သို့ကြွတော်မူ၏။ 2ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
3ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဤသူသည် ဘုရားသခင်ကိုစော်ကားပြောဆိုသည်”ဟု အချင်းချင်းပြောဆိုကြ၏။
4ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။ 5‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။ 6သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။ 7ထိုအခါ လေဖြတ်သောသူသည် ထ၍ မိမိအိမ်သို့ပြန်သွားလေ၏။ 8ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
မဿဲကိုခေါ်ယူတော်မူခြင်း
9ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
10ထို့နောက် ကိုယ်တော်သည် အိမ်ထဲတွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသောအခွန်ကောက်ခံသူတို့နှင့်အပြစ်သားတို့သည် ရောက်လာ၍ တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ 11ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။
12ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ 13‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’#ဟော 6:6။ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
အစာရှောင်ခြင်းနှင့်ဆိုင်သောမေးခွန်း
14ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ 15ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
16 မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ အကြောင်းမူကား ဖာထားသောပိတ်စသည် အဝတ်ကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။ 17စပျစ်ဝိုင်အသစ်ကိုလည်း သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် သားရေဘူးသည် ပေါက်ပြဲသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံးကို တာရှည်ထိန်းသိမ်းနိုင်၏”ဟု မိန့်တော်မူ၏။
အသက်ပြန်ရှင်သည့်သူငယ်မနှင့် ရောဂါပျောက်ကင်းသောအမျိုးသမီး
18ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။ 19ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။
20-21ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။
22ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင်“သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။
23ထို့နောက် ယေရှုသည် ထိုအကြီးအကဲ၏အိမ်သို့ရောက်တော်မူ၍ ပလွေမှုတ်သူတို့နှင့် ရုတ်ရုတ်သဲသဲဖြစ်နေသောလူအစုအဝေးတို့ကိုမြင်လျှင် 24“ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ 25သို့သော် ကိုယ်တော်သည် လူအစုအဝေးတို့ကို အပြင်သို့ထွက်စေပြီးနောက် အထဲသို့ဝင်၍ မိန်းကလေး၏လက်ကိုကိုင်တော်မူရာ မိန်းကလေးသည်ထလေ၏။ 26ဤသတင်းသည်လည်း ထိုနယ်တစ်နယ်လုံးသို့ ပျံ့နှံ့သွား၏။
မျက်မမြင်ကိုမျက်စိပြန်မြင်စေတော်မူခြင်း
27ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။
28အိမ်ထဲသို့ ဝင်တော်မူသောအခါ ထိုမျက်မမြင်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ယေရှုကလည်း“ဤအရာကို ငါလုပ်နိုင်သည်ဟု သင်တို့ယုံကြည်ကြသလော”ဟု မေးတော်မူလျှင် သူတို့က “ယုံကြည်ပါ၏ သခင်ဘုရား”ဟု ပြန်လျှောက်ကြ၏။
29ထိုအခါ ယေရှုသည် သူတို့၏မျက်စိကိုတို့လျက်“သင်တို့၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသော် 30သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။ 31သို့သော် သူတို့သည် ထွက်သွား၍ ကိုယ်တော်၏သတင်းကို ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့စေကြ၏။
နတ်ဆိုးကိုနှင်ထုတ်တော်မူခြင်း
32ထိုသူတို့ထွက်ခွာသွားကြစဉ် နတ်ဆိုးပူးသည့် ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ 33နတ်ဆိုးကိုနှင်ထုတ်တော်မူသောအခါ ဆွံ့အသောသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည်အံ့ဩ၍ “အစ္စရေးပြည်၌ ဤကဲ့သို့သောအဖြစ်ကို မမြင်ဖူးပါ”ဟု ပြောဆိုကြ၏။ 34သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်”ဟု ပြောဆိုကြ၏။
ရိတ်သိမ်းခြင်း၏အရှင်
35ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။ 36ကိုယ်တော်သည် လူထုပရိသတ်တို့ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ပစ်ထားခြင်းခံရ၍ စိတ်ပင်ပန်းနွမ်းနယ်နေကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၏။ 37ထိုအခါ ကိုယ်တော်က“ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားတို့သည်နည်းလှ၏။ 38ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကို စေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
Currently Selected:
ရှင်မဿဲခရစ်ဝင် 9: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: