ဆာလံကျမ်း 4
4
ညအချိန်ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာများဖြင့်၊ ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊
အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။
အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။
အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
2အချင်းလူသားတို့၊ ငါ၏ဘုန်းအသရေကိုမည်မျှကြာအောင် ရှုတ်ချကြမည်နည်း။
မည်သည့်အချိန်အထိ အချည်းနှီးသောအရာကိုနှစ်သက်၍ လိမ်လည်ခြင်းကိုလိုက်ရှာကြမည်နည်း။(စေလာ#4:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3ထာဝရဘုရားသည် သန့်ရှင်းသူကို မိမိအတွက် သီးသန့်ခွဲထားတော်မူကြောင်း သိမှတ်ကြလော့။
ထာဝရဘုရားကို ငါခေါ်သောအခါ ကိုယ်တော်သည် နားညောင်းတော်မူ၏။
4အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။
သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ#4:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ဖြောင့်မတ်ခြင်းယဇ်များကိုပူဇော်၍
ထာဝရဘုရားကိုယုံကြည်ကိုးစားကြလော့။
6များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
7အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့်
စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
8အကျွန်ုပ်သည် ငြိမ်းချမ်းစွာလဲလျောင်း၍ အိပ်ပျော်ပါမည်။ အကြောင်းမူကား အို ထာဝရဘုရား၊
ကိုယ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ကို ပေးတော်မူပါ၏။
Currently Selected:
ဆာလံကျမ်း 4: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: