ဟေရှာယအနာဂတ္တိကျမ်း 6
6
ဟေရှာယကို ခေါ်ယူအမှုဆောင်စေခြင်း
1ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။ 2သရပ်#6:2 ချီးမွမ်းခြင်းဆိုင်ရာကောင်းကင်တမန်။တို့သည် ပလ္လင်တော်၏အထက်၌ရပ်နေကြ၏။ သူတို့တစ်ပါးစီ၌ တောင်ပံခြောက်ခုစီရှိ၍ တောင်ပံနှစ်ခုဖြင့် မျက်နှာကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ခြေကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ပျံသန်း၏။ 3ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”#ဗျာ 4:8။ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။ 4ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
5ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
6ထို့နောက် သရပ်#6:6 ချီးမွမ်းခြင်းဆိုင်ရာကောင်းကင်တမန်။တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။ 7ထိုမီးခဲဖြင့် ငါ့နှုတ်ကိုတို့ပြီးလျှင် “ကြည့်ရှုလော့။ ဤမီးခဲသည် သင့်နှုတ်ခမ်းကိုထိပြီ။ သင်၏ဒုစရိုက်ကိုဖယ်ရှားပြီ။ သင်၏အပြစ်ကိုလည်း ဖြေလွှတ်ပြီ”ဟု ဆို၏။ 8ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။ 9ကိုယ်တော်ကလည်း “ဤလူမျိုးထံသွား၍ ‘သင်တို့သည် ကြားလျက်ပင် နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် သတိမမူဘဲ မြင်ကြလိမ့်မည်’#မ 13:15၊ လု 8:10။ဟု ပြောလော့။ 10ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်း#6:10 တိုက်ရိုက်ပြန်ဆိုလျှင် “ဝဖြိုး”။စေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”#မ 13:15၊ တ 28:27။ဟု မိန့်တော်မူ၏။ 11ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊ 12ထာဝရဘုရားသည် လူတို့ကိုဝေးရာသို့ နှင်ထုတ်တော်မူ၍ ပြည်ထဲ၌ စွန့်ခွာထားသောနေရာများသာကျန်ရှိသည့်တိုင်အောင် ဖြစ်၏။ 13သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 6: MSBZ
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative