YouVersion Logo
Search Icon

တမန်တော် 6

6
လူခုနေယောက်ဟို ရွေးချယ်ခြင်း
1အေးနေ့ရက်များနှိုက် တဘဲ့တော်များ တိုးပွားလာသောအခါ၊ ဟေလသစကားဟို ပြောသော ယုဒလူလို့ဟ မိမိလို့ထဲမှ မုဆိုးမများဟ နေ့စဉ် ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရအယ်ဟု ဟေဗြဲစကားဟို ပြောသော ယုဒလူလို့ဟို အပစ်တင်ကြအယ်။ 2အဲလိုမို့ တဆယ့်နေပါးသော တမန်တော်လို့ဟ တဘဲ့တော်အပေါင်းလို့ဟို ခေါ်ယွေ့ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော် ဟောပြောမှုဟို လျစ်လျူရှုပင်း ငွေရေးကြေးရေး စီမံဆောင်ရွက်ရန် မသင့်။ 3အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ နင်လို့အထဲမှ ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ဉာဏ်ပညာနဲ့ ပြေ့ဝယွေ့ ဂုဏ်သတင်းကောင်းသော လူခုနေဦးဟို ရွေးချယ်ကြလော့။ ငါလို့ဟ အေးသူလို့ဟို ဟေတာဝန်အတွက် ခန့်ထားမယ်၊ 4ငါလို့တတ်တိုင်းဟ ဆုတောင်းခြင်းနဲ့ နှုတ်ကပတ်တော် ဟောပြောခြင်း အလုပ်အားဖြင့်သာ အချိန်ဟို ကုန်လွန်စေကြမယ်” ဟု ဆိုအယ်။
5ဟေအကြံဟို တဘဲ့တော် တဖွဲ့လုံးဟ နှစ်သက်ကြအယ်။ သူလို့ဟ ယုံကြည်ခြင်း အားကြီးယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝသူ သတေဖန် မှစယွေ့ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနဲ့ ယုဒဘာသာသို့ ကူးပြောင်းလာသူ အန္တိအုတ်မြို့သား နိကောလလို့ဟိုလည်း ရွေးချယ်ကြအယ်။ 6အဲသူလို့အား တမန်တော်လို့ ဆေ့မှာ ရပ်စေကြပင်း၊ တမန်တော်လို့ဟ ဆုတောင်းယွေ့ အဲသူလို့ရဲ့ ခေါင်းပေါ်မှာ မိမိလို့ရဲ့လက်ဟို တင်ကြအယ်။
7အဲလိုမို့ ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်ဟ ဆက်လက်ပင်း ပျံ့နှံ့သွားအယ်။ ယေရုရှလင်မြို့တွင် တဘဲ့တော်လို့ရဲ့ အရေအတွက်ဟ ရမ်းဆာ့ တိုးပွားပင်း၊ ယဇ်ပုရောဟိတ် အမြောက်အများပင် ယုံကြည်ခြင်းတရားဟို လက်ခံလာကြအယ်။
သတေဖန်ဟို ဖမ်းဆီးခြင်း
8သတေဖန်ဟ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟို ကြွယ်ဝစွာ ခံစားရသူ၊ တန်ခိုးတော်နဲ့ ပြေ့ဝသူဖြစ်သဖြင့် အံ့ဩဖွယ်ရာအမှုများနဲ့ နိမိတ်လက္ခဏာများဟို လူလို့ဆေ့တွင် ပြုလေအယ်။ 9အဲပင်းရင် လွတ်လပ်သောသူများ#၆.၉ လွတ်လပ်သောသူများ၊ ကျွန်ပြုခံရသော ယုဒလူမျိုးများ ဖြစ်သော်လည်း၊ ဝယ်ယူခြင်းခံရပင်း အဲဟာမဟုတ်ရင် ၎င်းလို့ရဲ့ လွပ်လပ်ခွင့် ပေးထားခြင်းခံရသောသူ။ လို့ခေါ်လဲ့ တရားဇရပ်မှ လူအချို့လို့ဖြစ်ကြသော ကုရေနေမြို့သားနဲ့ အာလေဇန္ဒြူယမြို့သားမှ စယွေ့ ကိလိကိပြေနဲ့ အာရှပြေမှ လာသောသူလို့ဟ ထယွေ့ သတေဖန်နဲ့ စတင် ငြင်းကြအယ်။ 10အဲလိုလဲ သတေဖန်ဟ ဝိညာဉ်တော်ပေးလဲ့ အသိပညာနဲ့ ပြောဆိုသဖြင့် အဲသူလို့ဟ ချေပနိန်စွမ်း မဆိကြ။ 11အေးလိုမို့ သူလို့ဟ လူလို့အား သွေးထိုးပေးယွေ့ “ဟေသူဟ မောရှေနဲ့ ဘုရားသခင်အား ပစ်မား ပြောဆိုတာဟို ငါလို့ ကြားအယ်” ဟု ပြောခိုင်းကြအယ်။ 12ဟေနည်းအားဖြင့် သူလို့ဟ လူများ၊ ကျမ်းတတ်ဆရာများနဲ့ အကြီးအကဲများအား လှုံ့ဆော်ကြအယ်။ သူလို့ဟ သတေဖန်ဟို ဝင်ရောက် ဖမ်းဆီးယွေ့ သူ့ဟို တရားလွှတ်တော်ဆေ့ ခေါ်သွားကြအယ်။ 13အဲပင်းရင် သူလို့ဟ မမန်လဲ့ သက်သေများဟို ခေါ်ခဲ့ယွေ့ အဲသက်သေများဟ “ဟေသူဟ သန့်ဆှင်းသော အရပ်နဲ့ ပညတ်တရားတော်ဟို ဆန့်ကျင်ယွေ့ အမြဲတမ်း ပြောဆိုလျက်နေအယ်။ 14နာဇရက်မြို့သား ယေရှုဟ ဗိမာန်တော်ဟို ဖျက်ဆီးယွေ့ ငါလို့အား မောရှေ ပေးအပ်ခဲ့လဲ့ ထုံးတမ်းစဉ်လာများဟို ပြောင်းလဲစေလိမ့်မယ် ဖြစ်ကျောန်း အဲသူပြောဆိုတာဟို ငါလို့ ကြားရအယ်” ဟု ထွက်ဆိုကြအယ်။ 15တရားလွှတ်တော်တွင် ထိန်လျက်နေကြသော သူအပေါင်းလို့ဟ သတေဖန်ဟို အာရုံစိုက်ယွေ့ ကျေ့သောအခါ သူ့ရဲ့ မျက်နှာဟ ခေါန်းခင်တမန် မျက်နှာနဲ့တူတာဟို တွေ့မျော်ရကြအယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for တမန်တော် 6