YouVersion Logo
Search Icon

ယောဟန် 2

2
ကာနမြို့ မင်္ဂလာဆောင်ပွဲ
1နောက်နေရက်ပင်းနောက် ဂါလိလဲပြေ ကာနမြို့မှာ မင်္ဂလာဆောင်ပွဲ ကျင်းပအယ်။ အဲနေရာဟို ယေရှုရဲ့ အမေ့ လာရောက်အယ်၊ 2ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့လည်း အေးပွဲသို့ ဖိတ်ခြင်းဟို ခံရအယ်။ 3စပျစ်ယေ ကုန်သွားသောအခါ ယေရှုရဲ့ အမေ့ဟ “အေးသူလို့မှာ စပျစ်ယေ မဆိတော့ဝူး” လို့ ယေရှုအား ပြောကြားအယ်။
4ယေရှုဟ “ငါ ပစာ လုပ်ရမယ်ဆိုတာဟို နင်ပြောဖို့ မလိုဝူး၊ ငါ့အချိန် မရောက်သေးဝူး” လို့ ပြန်ပြောအယ်။
5အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား “သူစေခိုင်းလဲ့အတိုင်း လုပ်ဆောင်ကြလော့” ဟု ဆိုအယ်။
6ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။ 7ယေရှုဟ “အေးအိုးများတွင် ယေအပြေ့ ထည့်ကြလော့” လို့ အစေခံလို့အား မိန့်အယ်။ သူလို့ဟ အိုးအဝထိ ယေပြေ့အောန် ထည့်ကြအယ်၊ 8အဲပင်းရင် ကိုယ်တော်ဟ “အေးအိုးများမှ အခု ယေ ကတစ်ဟို ခပ်ယွေ့ ပွဲအုပ်ဆေ ယူသွားကြလော့” ဟု သူလို့အား မိန့်အယ်။ သူလို့ဟ ပွဲအုပ်ဆေဟို ယေ ယူသွားအယ်၊ 9ပွဲအုပ်ဟ စပျစ်ယေအဖြစ် ပြောင်းလဲလာသောယေဟို မြည်းကျေ့အယ်။ အစေခံလို့ဟ စပျစ်ယေဟို ပစာမှ ရဆိကျောန်းဟို သိကြသော်လည်း ပွဲအုပ်မှာ မသိ၊ အဲလိုလဲ ပွဲအုပ်ဟ မင်္ဂလာဆောင်သတို့သားဟို ခေါ်ပင်းရင်၊ 10“လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။
11ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
12 # မ ၄.၁၃ အဲဟာပင်းနောက် ယေရှုနဲ့ သူ့အမေ့၊ ညီအကိုများနဲ့ တဘဲ့တော်လို့ဟ ကပေရနောင်မြို့ဟို ကြွယွေ့ ရက်ကတစ် နေထိန်အယ်။
ယေရှု ဗိမာန်တော်ဟို သွားခြင်း
(မဿဲ ၂၁.၁၂,၁၃; မာကု ၁၁.၁၅–၁၇; လုကာ ၁၉.၄၅,၄၆)
13ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲ နီးကပ်လာသောအခါ ယေရှုဟ ယေရုရှလင်မြို့ဟို သွားအယ်။ 14ယေရှုဟ ဗိမာန်တော်အတွင်းတွင် နွားများ၊ သိုးများ၊ ချိုးတူးငက်များဟို ရောင်းသူများနဲ့ ငွေလဲလှယ်နေသူများ စားပွဲနှိုက် ထိန်နေတာဟို တွေ့အယ်။ 15အဲအခါ ကြိုးနဲ့ ကျာပွတ်ဟို ပြုလုပ်ပင်း သိုး၊ နွားနဲ့တကွ အဲလူအားလုံးဟို ဗိမာန်တော်ထဲမှ မောင်းထုတ်အယ်၊ ငွေလဲလှယ်သူလို့ရဲ့ ငွေများဟို မောက်ချယွေ့ သူလို့ရဲ့ စားပွဲများဟို လောပစ်အယ်။ 16ကိုယ်တော်ဟ ချိုးတူးငက်လို့ ရောင်းသူများအား “ဟေအရာများဟို ယူသွားကြ၊ တို့ဖရဲ့ အိုင်တော်ဟို ဆေး မဖြစ်စေနဲ့” မိန့်အယ်။ 17သူ့ရဲ့ တဘဲ့တော်လို့ဟ “ကိုယ်တော်ရဲ့ အိုင်တော်အတွက် စိတ်အားထက်သန်ခြင်းဟ ငါ့ဟို လွှမ်းမိုးလျက် ဆိအယ်” ဟူသော ရေးထားတာဟို သတိရကြအယ်။
18ယုဒအာဏာပိုင်လို့ဟ မေးခွန်းများနဲ့ ကိုယ်တော်ဆေဟို ပြန်လာပင်း “နင်ဟ ဟေအမှုအရာများဟို ပြုလုပ်ပိုင်ကျောန်း သိသာစေရန် ငါလို့အား ပစာ နိမိတ်လက္ခဏာဟို ပြမှာတုန်း။”
19 # မ ၂၆.၆၁; ၂၇.၄၀; မာ ၁၄.၅၈; ၁၅.၂၉ ယေရှုဟ “ဟေဗိမာန်တော်ဟို ဖြိုဖျက်ကြလော့၊ သုံးရက်အတွင်း ငါ ပြန်လည် တည်ဆောက်မယ်” ဟု မိန့်အယ်။
20ယုဒအမျိုးသားလို့ဟ “ဟေဗိမာန်တော်ဟို တည်ဆောက်ရန် လေးဆယ့်ခြောက်နှစ် ကြာအယ်၊ နင်ဟ သုံးရက်နဲ့ ပြန်ဆောက်မို့လော” ဟု ပြောပြန်ကြအယ်။
21အဲလိုလဲ ယေရှုဟ မိမိ ကိုယ်ခန္ဓာဖြစ်သော ဗိမာန်တော်ဟို ရည်ညွှန်းယွေ့ ပြောခြင်းဖြစ်အယ်။ 22ကိုယ်တော် သေခြင်းမှ ဆှင်ပြန်ထမြောက်ပင်းနောက် တဘဲ့တော်လို့ဟ ကိုယ်တော်မိန့်ခဲ့သော စကားဟို အမှတ်ရကြအယ်။ အဲပင်းရင် ကျမ်းစာနဲ့ ယေရှု မိန့်ခဲ့သော စကားဟို ယုံကြည်ကြအယ်။
လူ့သဘောသဘာဝဟို ယေရှု သိခြင်း
23ပသခါပွဲအတွင်း ယေရုရှလင်မြို့နှိုက် ယေရှုဆိစဉ် ရမ်းဆာ့သောလူလို့ဟ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာများဟို မျော်ရကြသဖြင့် ကိုယ်တော်ဟို ယုံကြည်လာကြအယ်။ 24အဲလိုလဲ ယေရှုဟ အဲသူလို့ဟို မယုံကြည်ဝူး၊ အကျောန်းမှာ ကိုယ်တော်ဟ ခပ်သိမ်းသောသူလို့အား သိအယ်။ 25ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in