YouVersion Logo
Search Icon

ယောဟန် 9

9
ယေရှုဟ မွေးရာပါ မျက်စေ့ကန်းသောသူတယောက်ဟို ပျောက်ကင်းစေခြင်း
1ယေရှုဟ လမ်းဆှောက်ယွေ့ သွားစဉ် အမေ့ဖိုက်ထဲဟ မျက်စေ့ကန်းသော သူတယောက်ဟို မျော်လေအယ်။ 2ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ “ဆရာ၊ ဟေသူဟ ပစာအပစ်ကျောန့် မျက်စေ့ကန်းတုန်း။ မိမိ အပစ်ကျောန့်လား အဲဟာမဟုတ်ရင် မိဘ အပစ်ကျောန့်လား” ဟု မေးဆှောက်ကြအယ်။
3ယေရှုဟ “သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျောန့်လည်း မဟုတ်။ သူမျက်စေ့မမျော်ရခြင်းမှာ ဘုရားသခင်ရဲ့ တန်ခိုးတော် သူနှိုက် ထင်ဆှားစေရန် ဖြစ်အယ်။ 4ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။ 5#မ ၅.၁၄; ယော ၈.၁၂ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်” ဟု မိန့်အယ်။
6ဟေလို မိန့်ပင်းနောက် ယေရှုဟ မြေပေါ်ဟို ဆံထွေးနဲ့ ထွေးယွေ့ ရွံ့လုပ်ပင်း ကန်းနေသောသူရဲ့ မျက်စေ့ဟို ရွံ့နဲ့ လူးယွေ့ 7သူ့ဟို “သွားပင်း ရှိလောင် ယေကန်နှိုက် မျက်စေ့ဟို ဆေးလော့” ဟု မိန့်အယ်။ ရှိလောင် အဓိပ္ပာယ်မှာ “စေလွှတ်အယ်” ဟု ဖြစ်အယ်။ အဲသူဟ သွားယွေ့ မျက်စေ့ဟို ဆေးပင်းနောက် မျက်စေ့မျော်လျက် ပြန်လာအယ်။
8သူဟ ကျောန်နန်ဖြစ်တာဟို အိုင်နီးချင်းမှစယွေ့ မျော်ဖူးသောသူလို့ဟ “ဟေသူဟ ထိန်ပင်း တောင်းစားလေ့ဆိသောသူ မဟုတ်လော” ဟု ဆိုကြအယ်။
9လူအချို့လို့ဟ “ဟုတ်အယ်” ဟု လည်းကောင်း၊ အချို့ဟ “အဲသူ မဟုတ်၊ အဲသူနဲ့ တူသောသူ ဖြစ်အယ်” ဟု လည်းကောင်း ဆိုကြအယ်။
သူတတ်တိုင်းပင် “ငါဟ အေးသူပင် ဖြစ်အယ်” ဟု ဆိုအယ်။
10သူလို့ဟ “နင် အခု စလိုမျက်စေ့ မျော်လာတုန်း” ဟု မေးကြအယ်။
11အေးသူဟ “ယေရှု နာမယ်ဆိသော သူတယောက်ဟ ရွံ့လုပ်ယွေ့ ငါ့မျက်စေ့ဟို လူးပင်း ရှိလောင် ယေကန်ဟို သွားယွေ့ မျက်စေ့ဟို ဆေးခိုင်းအယ်။ အဲလိုမို့ ငါဟ သွားယွေ့ ဆေးလိုက်ရာ မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။
12သူလို့ဟ “အဲသူဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။
သူဟ “ငါမသိ” ဟု ပြန်ဖြေအယ်။
ဖာရိရှဲလို့ဟ အနာရောဂါပျောက်ကင်းမှုဟို စစ်ဆေးခြင်း
13လူလို့ဟ မျက်စေ့ကန်းဖူးသော အေးသူဟို ဖာရိရှဲလို့ ဆေဟို ခေါ်ခဲ့ကြအယ်။ 14ယေရှုဟ ရွံ့နဲ့ပြုလုပ်ယွေ့ သူရဲ့မျက်စေ့ဟို မျော်စေသောနေ့ဟ ဥပုသ်နေ့ ဖြစ်အယ်။ 15အဲပင်းရင် ဖာရိရှဲလို့ဟ စလို နင်ရဲ့ မျက်စေ့မျော်လုန်း ဟု မေးကြအယ်။ သူဟ အေးသူလို့အား “ငါ့မျက်စေ့နှိုက် သူဟ ရွံ့နဲ့လူးပင်း၊ ငါရဲ့မျက်စေ့ဟို ဆေးလိုက်ရာ အခု မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။
16ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။
အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။
17အေးနောက် ဖာရိရှဲလို့ဟ မျက်စေ့ကန်းဖူးသောသူဆေ တခါပြန်လာယွေ့ “နင့်မျက်စေ့မျော်စေသောသူရဲ့ အကျောန်းဟို နင်စလိုပြောမလုန်း” ဟု မေးကြအယ်။
အေးသူဟ “ပရောဖက် ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
18ယုဒအာဏာပိုင်လို့ဟ မခင် အေးသူမျက်စေ့ကန်းတာဟို လည်းကောင်း၊ အခု မျက်စေ့ပြန်ပင်း မျော်လာတာဟို လည်းကောင်း မယုံကြသဖြင့် သူရဲ့မိဘလို့ဟို ခေါ်ယွေ့၊ 19“ဟေသူဟ နင်လို့ရဲ့ သားလော၊ နင်လို့ပြောလဲ့အတိုင်း အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းသလော၊ အေးတိုင်းမန်ရင် စလို မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။
20သူ့ရဲ့ မိဘလို့ဟလည်း “ဟေသူဟ ငါလို့ရဲ့ သား မန်အယ်၊ ပင်းရင် အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းတာဖြစ်ကျောန်း ငါလို့ သိကြအယ်။ 21အဲလိုလဲ အခု သူဟ စလိုမျက်စေ့မျော်တာဟို ငါလို့ မသိကြ၊ သူ့အား စသူ မျက်စေ့မျော်စေတာဟိုလည်း မသိပါ။ သူ့အား မေးမန့်။ သူဟ အရွယ်ရောက်ပီ၊ သူရဲ့အကျောန်းဟို သူ့တတ်တိုင်း ပြောပြနိန်လိမ့်မယ်” ဟု ပြန်ပြောကြအယ်။ 22သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။ 23အေးကျောန့် သူ့ရဲ့ မိဘလို့ဟ “သူဟ အရွယ်ရောက်ပီ၊ သူ့ဟို မေးမန့်” ဟု ဆိုကြခြင်း ဖြစ်အယ်။
24အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။
25အေးသူဟလည်း “ဟေသူဟ အပစ်သား ဖြစ်အယ် အဲဟာမဟုတ်ရင် မဖြစ်အယ်ဟို ငါမသိဝူး။ ငါသိလဲ့တခုမှာ၊ ငါဟ မခင် မျက်စေ့ကန်းယွေ့ အခု မျက်စေ့မျော်အယ်” ဟု ပြန်ပြောအယ်။
26အေးသူလို့ဟလည်း “သူဟ နင့်ဟို စလို ပြုတုန်း၊ စလို နင့်မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။
27အေးသူဟ “နင်လို့အား ငါပြောပြပင်း ဖြစ်အယ်၊ နင်လို့ဟ နားမထောင်ကြ။ ပစာကျောန့် ထပ်ပင်း ကြားလိုကြတုန်း။ နင်လို့ဟလည်း သူ့ရဲ့ တဘဲ့ ဖြစ်လိုသလော” ဟု ဖြေအယ်။
28အေးသူလို့ဟ သူ့အား ကဲ့ရဲ့ပင်း “နင်ဟ သူ့တဘဲ့ ဖြစ်အယ်၊ အဲလိုလဲ ငါလို့ဟတော့ မောရှေရဲ့ တဘဲ့များ ဖြစ်အယ်ဟု ပြောအယ်။ 29ဘုရားသခင်ဟ မောရှေအား ဗျာဒိတ်ပေးခဲ့ကျောန်းဟို ငါလို့ သိအယ်။ ဟေသူဟ ပစာဟလာတာဟို မသိ” ဟု ဆိုကြအယ်။
30အေးသူဟ “သူဟ ငါ့မျက်စေ့ဟို မျော်စေခဲ့သူ ဖြစ်အယ်၊ အဲလိုလဲ သူဟ ဖယ်နားဟ လာတာဟို မသိရခြင်းမှာ အံ့ဩဖို့ကောင်းအယ်။ 31ဘုရားသခင်ဟ အပစ်ဆိသောသူလို့ရဲ့ စကားဟို နားမထောင်တာဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟို ရိုသေလေးစားယွေ့ အလိုတော်တိုင်း လိုက်ဆှောက်သူရဲ့ စကားဟို နားထောင်အယ်။ 32အမိဖိုက်ထဲဟ မျက်စေ့ကန်းသောသူဟို မျက်စေ့မျော်စေဖို့ တတ်နိန်ခြင်းဟို ကမ္ဘာဦးစကတည်းဟ တယောက်မှ မကြားဖူးဝူး။ 33ဟေသူဟ ဘုရားသခင်ဆေမှ လာသောသူမဟုတ်ရင် ပစာအမှုဟိုမှ မတတ်နိန်” ဟု ဆိုအယ်။
34အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
ဝိညာဉ်မျက်စေ့ကန်းခြင်း
35သူလို့ဟ သူဟို အပြင်မောင်းထုတ်လိုက်ကျောန်းဟို ယေရှု ကြားယွေ့ ကိုယ်တော်ဟ သူဟို တွေ့သောအခါ၊ “နင်ဟ လူသားဟို ယုံကြည်သလော” ဟု မေးလေအယ်။
36အေးသူဟ “ဆရာ၊ ငါ သူ့ဟို ယုံကြည်နိန်စေရန် အဲသူဟ စသူဖြစ်တာဟို ငါ့ဟို ပြောပြပါ” ဟု မေးအယ်။
37ယေရှုဟ “နင်ဟ သူ့ဟို မျော်ခဲ့ပင်း ဖြစ်အယ်၊ သူဟ အခု နင်နဲ့ စကားပြောနေသောသူ ဖြစ်အယ်” ဟု မိန့်အယ်။
38အေးသူဟ “သခင်ဘုရား၊ ငါ ယုံကြည်အယ်” ဟု ဆှောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။
39ယေရှုဟ “မျက်စေ့ကန်းသောသူဟို မျော်စေရန်နဲ့ မျက်စေ့မျော်သောသူဟို မျက်စေ့ကန်းစေခြင်းငှာ ငါဟ တရားစီရင်ရန် ဟေလောကဟို ကြွလာခြင်းဖြစ်အယ်” ဟု မိန့်လေအယ်။
40ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။
41ယေရှုဟ “နင်လို့ဟ မျက်စေ့ကန်းသောသူများဖြစ်ခဲ့ကြရင် နင်လို့နှိုက် အပစ်ဆိခဲ့မယ် မဟုတ်၊ အဲလိုလဲ ငါလို့ မျော်အယ်ဟု နင်လို့ အခုဆိုကြသဖြင့် နင်လို့အပစ်ဟ တည်မြဲတည်အယ်” ဟု မိန့်လေအယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in