YouVersion Logo
Search Icon

မဿဲ 14

14
နှစ်ခြင်းဆရာယောဟန် ကွယ်လွန်ခြင်း
(မာကု ၆.၁၄–၂၉; လုကာ ၉.၇–၉)
1အေးကာလနှိုက် ဂါလိလဲပြေဟို အုပ်စိုးသူဟေရုဒ်ဟ ယေရှုရဲ့ သတင်းဟို ကြားရင်၊ 2“ဟေသူဟ နှစ်ခြင်းဆရာယောဟန် ဖြစ်အယ်။ သူဟ သေရာမှ အသက်ပြန်ဆှင်လေပီ။ အဲကျောန့် တန်ခိုး နိမိတ်လက္ခဏာများဟို လုပ်နိန်အယ်” ဟု မိမိအမှုထမ်းလို့အား မိန့်အယ်။
3 # လု ၃.၁၉,၂၀ အကျောန်းမှာ ဟေရုဒ်ဟ ညီဖြစ်သူ ဖိလိပ္ပုရဲ့ ပေါင်အိုမ ဟေရောဒိနဲ့ ပတ်သက်ယွေ့ အစောထဲဟ ယောဟန်ဟို ဖမ်းဆီးတုတ်ချေပင်း ထောင်ထဲမှာ လှောင်ထားခြင်း ဖြစ်အယ်။ 4အကျောန်းမှာ ယောဟန်ဟ “နင်သည် အဲမိန်းမဟို လက်ထပ်ယူတာ ပညတ်နဲ့ညီသလော” ဟု ဟေရုဒ်အား ပြောခဲ့သောကျောန့် ဖြစ်အယ်။ 5ဟေရုဒ်ဟ ယောဟန်ဟို သတ်ချင်သော်လည်း ယုဒအမျိုးသားလို့ဟို ကြောက်လေအယ်။ ပစာကို့ သူလို့ဟ ယောဟန်ဟို ပရောဖက်တပါးဟု ထင်နေစာရီးကျောန့် ဖြစ်အယ်။
6ဟေရုဒ်ရဲ့ မွေးနေ့နှိုက် ဟေရောဒိရဲ့ သမီးဟ ဧည့်သည်တော်များ ဆေ့တွင် အကနဲ့ ဖျော်ဖြေလျက် ဟေရုဒ်ရဲ့ စိတ်ဟို ရမ်းဆာ့ ရွှင်လန်းစေအယ်။ 7အေးကျောန့် ဟေရုဒ်ဟ “နင်တောင်းသမျှ အရာအားလုံး ငါပေးမယ်” ဟု ကျိန်ဆိုယွေ့ သူ့အား ကတိပြုလေအယ်။
8မိနီငယ်ဟလည်း သူ့မေ့ရဲ့ အကြံပေးချက်အရ “နှစ်ခြင်းဆရာယောဟန်ရဲ့ ဦးခေါန်းဟို လင်ပန်းပေါ်တွင် တင်ပင်း ငါ့အား ဟေနေရာတွင်ပင် ပေးပါ” ဟု တောင်းဆှောက်အယ်။
9ဘုရင်ဟ စိတ်မချမ်းမသာဖြစ်သော်လည်း ဧည့်သည်တော်များဆေ့တွင် မိမိပေးခဲ့လဲ့ ကတိဟို ထောက်ယွေ့ မိနီငယ် တောင်းဆှောက်လဲ့အတိုင်း ပေးစေရန် အမိန့်ချအယ်။ 10အဲလိုမို့ ယောဟန်ရဲ့ ဦးခေါန်းဟို ထောင်ထဲတွင် ဖြတ်စေအယ်။ 11ဦးခေါင်းဟို လင်ပန်းပေါ်တင်ယွေ့ ယူလာကာ မိနီငယ်အား ပေးပင်းမှ မိနီငယ်ဟလည်း အဲဦးခေါန်းဟို သူ့မေ့ဆေဟို ယူသွားအယ်။ 12ယောဟန်ရဲ့ တဘဲ့လို့ဟ လာယွေ့ အလောင်းဟို ယူပင်းရင် သင်္ဂြိုဟ်ကြအယ်။ အဲပင်းရင် ယေရှုဆေဟို သွားယွေ့ သတင်းပေးကြအယ်။
ယေရှုဟ လူငါးထောင်ဟို ကျွေးမွေးခြင်း
(မာကု ၆.၃၀–၄၄; လုကာ ၉.၁၀–၁၇; ယောဟန် ၆.၁–၁၄)
13ယေရှုဟ ယောဟန်ရဲ့ သတင်းဟို ကြားသောအခါ အဲအရပ်မှ တကိုယ်တည်း ဆိတ်ကွယ်ရာ အရပ်ဟို လှေဖြင့် သွားအယ်။ အေးအကျောန်းဟို လူလို့ကြားရင်၊ သူလို့ရဲ့ မြို့ရွာများကို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်တော်ဟို ကုန်းကျောန်းနဲ့ လိုက်ကြအယ်။ 14ယေရှုဟ လှေပေါ်မှ ဆင်းပင်း လူအုပ်ဟို မျော်သောအခါ သူလို့ဟို သနားစိတ်ဆိသဖြင့် ဖျားနာသူများဟို ကျန်းမာစေအယ်။
15အဲညနေခင်းအချိန်နှိုက် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “ဟေအရပ်ဟ လူသူမဆိလဲ့ အရပ်ဖြစ်အယ်။ အချိန်လည်း ရမ်းဆာ့နောက်ကျပီ။ လူလို့အား ကျေးရွာများဟို သွားယွေ့ မိမိလို့အတွက် အစားအစာ ဝယ်ယူနိန်စေရန် စေလွှတ်ပါ” ဟု ဆှောက်ကြအယ်။
16ယေရှုဟ “သူလို့သွားရန် မလို။ နင်လို့တတ်တိုင်း သူလို့အား စားစရာ ပေးကြလော့” ဟု မိန့်အယ်။
17တဘဲ့တော်လို့ဟ “ငါလို့မှာ မုန့်ငါးလုံးနဲ့ ငါးနေကောင် ဆိအယ်” ဟု ဆှောက်ကြအယ်။
18ယေရှုဟ “အေးမုန့်နဲ့ ငါးဟို ငါ့ဆေဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။ 19ကိုယ်တော်ဟ လူအုပ်လို့ဟို မြက်ခင်းပေါ်တွင် ထိန်စေရန် အမိန့်ပေးနောက် မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူယွေ့ ခေါန်းခင်ဟို မော်ကျေ့လျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်များဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ တဘဲ့တော်လို့ဟလည်း လူလို့အား ဝေပေးကြအယ်။ 20လူအပေါင်းလို့ဟ အဝစားကြအယ်။ အဲပင်းရင် တဘဲ့တော်လို့ဟ အကြွင်းအကျန်များဟိုပင် ကောက်သိမ်းကြရာ တဆယ့်နေတောင်း အပြေ့ရကြအယ်။ 21အမျိုးသမီးနဲ့ လူပဲ့များမှလွဲရင် မုန့်စားသူ ယောက်ျား ဦးရေမှာ ၅,၀၀၀ လောက် ဆိအယ်။
ယေရှု ယေပေါ်မှာ လမ်းဆှောက်ခြင်း
(မာကု ၆.၄၅–၅၂; ယောဟန် ၆.၁၅–၂၁)
22အဲပင်းရင် ယေရှုဟ လူအပေါင်းလို့အား ပြန်လွှတ်နေစဉ် တချိန်တည်းမှာပင် တဘဲ့တော်လို့အား လှေပေါ်ဟို တက်စေယွေ့ အိန်တဖက်အရင် ကူးစေအယ်။ 23လူအပေါင်းလို့အား ပြန်စေပင်းနောက် ယေရှုဟ ဆုတောင်းရန် တောင်ပေါ်ဟို တကိုယ်တည်း တက်အယ်။ ညခင်းချိန်ရောက်သောအခါ အဲအရပ်တွင် ကိုယ်တော် တယောက်တည်း ဆိနေအယ်။ 24အားပင်း အဲအချိန်တွင် လှေဟ ကမ်းနဲ့ ရမ်းဆာ့ ဝေးကွာ သွားပင်း လေဆန်ဖြစ်သောကျောန့် အဲလှေဟို လှိုင်းတံပိုးများ ရိုက်ခတ်လျက်ဆိအယ်။
25အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။ 26ယေပေါ်မှာ ကိုယ်တော် လမ်းဆှောက်နေတာဟို သူလို့ မျော်သောအခါ တဘဲ့တော်လို့ဟ တုန်လှုပ်ချောက်ချားကြယွေ့ “ကဆေ” ဟု အလန့်တကြား ဟစ်အော်ကြအယ်။
27ယေရှုဟ သူလို့အား “အားမငယ်ကြနဲ့၊ ငါပင် ဖြစ်အယ်၊ မကြောက်ကြနဲ့” ဟု ခုတင်ချင်း မိန့်အယ်။
28အဲပင်းရင် ပေတရုဟ “သခင်၊ ကိုယ်တော်ဖြစ်တာ မန်ရင် ငါဟ ယေပေါ်မှာ ဆှောက်ပင်း အထံတော်ဟို လာနိန်ရန် အမိန့်ဆိမန့်” ဟု ဆှောက်အယ်။
29ယေရှုဟ “လာခဲ့လော့” ဟု မိန့်အယ်။ အဲလိုမို့ ပေတရုဟ လှေပေါ်ဟ ဆင်းယွေ့ ယေပေါ်တွင် စတင်ဆှောက်ကာ ယေရှု ဆေဟို သွားလေအယ်။ 30အဲလိုလဲ သူဟ လေဟုန်ပြင်းတာဟို မျော်သောအခါ ကြောက်လန့်လာသဖြင့် ယေနစ်စပြုတာနဲ့ “သခင်၊ ငါ့အား ကယ်ပါ” ဟု အော်လေအယ်။
31ခုတင်ချင်း ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ ပေတရုဟို ဆွဲကိုင်ပင်းလျှင် “ယုံကြည်ခြင်းအားနည်းသောသူ၊ မစာကျောန့် သံသယဖြစ်လုန်း” ဟု မိန့်အယ်။
32သူလို့နေယောက်လုံး လှေပေါ်ဟို တက်ကြရာ လေဟ ငြိမ်သွားလေအယ်။ 33အဲပင်းရင် လှေထဲဆိ တဘဲ့တော်လို့ဟ ယေရှုအား ဦးချရှိခိုးလျက် “အမန်တကယ် ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်” ဟု ဆှောက်ကြအယ်။
ယေရှုဟ ဖျားနာသူများဟို ဂင်နေသရက်မြို့တွင် ကျန်းမာစေခြင်း
(မာကု ၆.၅၃–၅၆)
34သူလို့ဟ အိန်ဟို ဖြတ်ပင်း ဂင်နေသရက်မြို့ဟို ကုန်းကျောန်းလာကြအယ်။ 35အဲမှာဆိသော လူများဟ ယေရှုဟို မှတ်မိကြအယ်။ အဲလိုမို့ သူလို့ဟ ပတ်ဝန်းကျင်အရပ်ရပ်သို့ လူများစေလွှတ်ပင်း ဖျားနာသူလို့ဟို ယေရှုဆေဟို ခေါ်လာကြအယ်။ 36ဖျားနာသူလို့ဟ ကိုယ်တော်ရဲ့ အဝတ်တော်အမြိတ်ဟို တို့ထိခွင့်ပြုရန် ကိုယ်တော်ဟို တောင်းပန်ကြအယ်။ ဟေသို့ တို့ထိရသူ အပေါင်းလို့ဟလည်း ကျန်းမာသွားကြအယ်။

Currently Selected:

မဿဲ 14: NTDNB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in