YouVersion Logo
Search Icon

ယောဟန် 21

21
အသျှင်ယေသျှုက တပည့်တော်ခုနစ်ယောက်ကို ကိုယ်ထင်ပြခြင်း
1ထိုသို့ ဖြစ်ပျက်ပြီးနောက် ယေသျှုသည် တပည့်တော်တိအား တိဗေရိအိုင်တွင် နောက်တဖန် ကိုယ်ထင်ပြတော်မူခ၏။ ပြတော်မူသည်မှာ ဤသို့ဖြစ်၏။ 2သျှိမုန်ပေတရုနှင့် အမြွှာပူးဟု ခေါ်သည့် သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားများနှင့် အခြားသော ယေသျှု၏တပည့်တော်နှစ်ယောက်သည်လည်း အတူတကွ ဟိနိန်ကြ၏။ 3#လု ၅.၅သျှိမုန်ပေတရုက “အကျွန် ငါးဖမ်း လားဖို့ယာ” ဟု ပြောသောအခါ၊
တခြားလူတိက “သင်နှင့်အတူ အကျွန်ရို့လည်း လိုက်ပါဖို့” ဟု ဆို၍ သူရို့သည် လောင်းတစ်စီးဖြင့် ထွက်လာကြ၏။ သို့ရာတွင် သူရို့သည် ထိုညတွင် ဇာတစ်ခုမျှ မရကြပေ။ 4မိုးလင်းလာသောအခါ ယေသျှုသည် ရီကမ်းစပ်နားတွင် ရပ်နိန်တော်မူ၏။ သို့သော်လည်း တပည့်တော်တိက ယေသျှုဖြစ်သည်ကို မသိကြ။ 5ထိုအခါ ကိုယ်တော်က “မိတ်ဆွီရို့ ငါး မရကြသလော” ဟု သူရို့အား မိန်း၏။
“တစ်ခုလည်း မရပါ” ဟု သူရို့က ပြန်ပြောကြ၏။
6 # လု ၅.၆ ကိုယ်တော်က “သင်ရို့၏ပိုက်ကို လောင်း၏ညာဖက်မှာ ချကြလော့၊ ငါးတိ ရလာလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည် ပိုက်ကို ချကြသောအခါ များစွာသော ငါးတိကို ဖမ်းမိသောကြောင့် ပိုက်ကိုပင် ဆွဲ၍ မတင်နိုင်ကြပေ။
7ယေသျှု ချစ်သောတပည့်တော်က “သခင်ဘုရား ဖြစ်ပေ၏” ဟု ပေတရုအား ပြောလေ၏။ “သခင်ဘုရား ဖြစ်ပေ၏” ဟူသောစကား သျှိမုန်ပေတရုသည် ကြားလျှင်ကြားချင်း အဝတ်မဝတ်ဘဲ၊ အပြင်အင်္ကျီကို မိမိကိုယ်၌ ပတ်စည်းကာ ရီထဲသို့ ခုန်ဆင်းလေ၏။ 8အခြားသော တပည့်တော်ရို့သည် ငါးများနှင့် ပြည့်နိန်သော ပိုက်ကို လက်လံငါးဆယ်လောက် ကွာဝီးသည့်နီရာက လောင်းဖြင့် ဆွဲ၍ ကမ်းခြီသို့ လာကြ၏။ 9သူရို့သည် ကမ်းခြီသို့ ရောက်ကြသောအခါ မီးကျီးခဲမီးဖိုကို လည်းကောင်း၊ ကင်ထားသော ငါးများကို လည်းကောင်း၊ မုန့်တချို့ကို လည်းကောင်း တွိ့ကြလေ၏။ 10ယေသျှုကလည်း “သင်ရို့ အဂု ဖမ်းမိသော ငါးတချို့ကို ယူခကြလော့” ဟု သူရို့အား မိန့်တော်မူ၏။
11သျှိမုန်ပေတရုသည် လောင်းထက်သို့ ပြန်၍ တက်ပြီးလျှင် ငါးကြီး ၁၅၃ ကောင်နှင့် ပြည့်နိန်သည့် ပိုက်ကွန်ကို ကုန်းထက်သို့ ဆွဲတင်လာ၏။ ငါးများသော်လည်း ပိုက်ကွန်သည် စုတ်ပြဲခြင်းမဟိပေ။ 12ယေသျှုက “လာ၍ စားကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ တပည့်တော်တိကလည်း သခင်ဘုရား ဖြစ်တော်မူကြောင်းကို သိကြသောကြောင့် “သင်ကား ဇာသူဖြစ်သနည်း” ဟု မည်သူမျှ မမိန်းဝံ့ကြပေ။ 13ယေသျှုသည်လာ၍ မုန့်ကို ယူပြီးလျှင် တပည့်တော်တိကို ပီးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း ပီးတော်မူ၏။
14ဤကား ယေသျှုသည် သီခြင်းက ထမြောက်ပြီးနောက် တပည့်တော်တိအား သုံးကြိမ်မြောက် ကိုယ်ထင်ပြတော်မူခြင်းဖြစ်၏။
ယေသျှုနှင့် ပေတရု
15သူရို့သည် စားပြီးကြသောအခါ ယေသျှုက သျှိမုန်ပေတရုအား “ယောဟန်၏သား သျှိမုန် သင်သည် ဤအရာတိထက် ငါ့ကို ပို၍ ချစ်သလော” ဟု မိန်းသော်၊
“ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု ပြောလေ၏။
ယေသျှုက “ငါ၏သိုးငယ်တိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။ 16တဖန် ယေသျှုက “ယောဟန်၏သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု ဒုတိယအကြိမ် မိန်းတော်မူပြန်၏။
သျှိမုန်ပေတရုက “ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်သော်၊ ယေသျှုက “ငါ့ သိုးတိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။
17ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။
ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော်အား “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။
ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။ 18ငါအမှန် ဆိုသည်ကား၊ သင်သည် အသက်အရွယ် နုပျိုသောအခါ သင်၏ ခါးပတ်ကို ပတ်စည်း၍ သင်လားချင်သော အရပ်ကို လားနိုင်သော်လည်း အသက်အရွယ် ကြီးလာသောအခါ သင်၏ လက်နှစ်ဖက်ကို ဆန့်၍ လူတချို့က သင့်ကို ပတ်စည်းပြီးလျှင် သင် မလားချင်သောအရပ်သို့ ပို့ဆောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ 19ဤကား ပေတရုသည် မည်သို့ သီရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ ထင်ရှားလိမ့်မည်ကို လည်းကောင်း မိန့်တော်မူခြင်းဖြစ်၏။ ထို့နောက် ယေသျှုက ပေတရုအား “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ယေသျှုနှင့် အခြားတပည့်တော်
20 # ယော ၁၃.၂၅ ပေတရုသည် နောက်ကို လှည့်၍ ကြည့်လိုက်သောအခါ ယေသျှု ချစ်သော တပည့်တော်သည် သူရို့ နောက်မှ လိုက်လာသည်ကို မြင်လေ၏။ ထိုသူသည် တစ်ချိန်က ညစာ စားကြသောအခါ သခင်ဘုရား၌ မှီလျက် “သခင်ဘုရားကို ဇာသူက သစ္စာဖောက်လိမ့်မည်နည်း” ဟု မိန်းသော တပည့်တော်ဖြစ်၏။ 21ပေတရုက သူ့ကို မြင်သောအခါ “အသျှင်ဘုရား၊ ဤသူကား ဇာပိုင် ဖြစ်လိမ့်မည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။
22ယေသျှုက “ငါ ကြွလာသည့်တိုင်အောင် သူ့ကို အသက်ရှင်စီခြင်းငှာ ငါ အလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ၊ သင်မူကား ငါ့နောက်သို့ လိုက်လော့” ဟု ပေတရုအား မိန့်တော်မူ၏။
23ထို့ကြောင့် ဤတပည့်တော်သည် မသီ ဟူသော သတင်းသည် ယေသျှု၏နောက်လိုက်တိပါးသို့ ပြန့်နှံ့လားလေ၏။ သို့သော် ထိုသူ မသီ ဟု ကိုယ်တော်က ပြောခြင်း မဟုတ်ပေ။ “ငါ ကြွလာသည့်တိုင်အောင် သူ့အား အသက်ရှင်စီခြင်းငှာ ငါအလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ” ဟု ကိုယ်တော်က မိန့်တော်မူခခြင်း ဖြစ်၏။
24ထိုတပည့်တော်ကား ဤအကြောင်းအရာများကို သက်သီခံ၍ ရီးထားခသောသူ ဖြစ်၏။ သူ၏ သက်သီခံချက် မှန်သည်ကို ငါရို့ သိကြ၏။
နိဂုံးချုပ်
25အဂုတွင် ယေသျှုပြုတော်မူခသော အကြောင်းအရာများစွာ ဟိသိမ့်၏။ ဤအကြောင်းအရာ ဟိသမျှကို တစ်ခုပြီးတစ်ခု ရီးသားမည်ဆိုလျှင် စာအုပ်များသည် လောကတစ်ခုလုံး မဆန့်နိုင်အောင် များပြားပေလိမ့်မည်ဟု အကျွန် ထင်မြင်မိပါ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in