မဿဲ 17
17
အဆင်းသဏ္ဌာန်ပြောင်းလဲခြင်း
(မာကု ၉.၂–၁၃; လုကာ ၉.၂၈–၃၆)
1ခြောက်ရက်ကြာသောအခါ ယေသျှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်ရို့ကို မိမိနှင့် အတူ ခေါ်ယူပြီးလျှင် လူသူကင်းမဲ့သော တောင်ကုန်းမြင့်ထက်သို့ ကြွတော်မူ၏။ 2ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။ 3ထို့နောက် သူရို့ရှိ့၌ မောသျှေနှင့် ဧလိယသည် ပေါ်လာ၍ ယေသျှုနှင့် စကားပြောနိန်ကြ၏။ 4ထိုအခါ ပေတရုက “အသျှင်ဘုရား၊ ဤအရပ်သည် အကျွန်ရို့အတွက် နီစရာကောင်းပါ၏။ သို့ဖြစ်၍ ကိုယ်တော်အလိုဟိလျှင် အကျွန်သည် ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါမည်” ဟု ယေသျှုအား ပြောလေ၏။
5 #
မ ၃.၁၇; ၁၂.၁၈; မာ ၁.၁၁; လု ၃.၂၂ ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။
6တပည့်တော်ရို့သည် ထိုအသံကို ကြားသောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်လျက် မိမိရို့၏မျက်နှာကို မြီကြီးပြင်၌ ကပ်ထားကြ၏။ 7ထိုအခါ ယေသျှုသည် ရောက်လာ၍ သူရို့ကို လက်နှင့် ပုတ်ပြီးလျှင် “ထ၊ ကြောက်မနိန်ကတ်ကေ့” ဟု ပြောလေ၏။ 8တပည့်တော်ရို့က မော့ကြည့် လိုက်သည့်အခါ ယေသျှုမှတပါး တခြားမည်သူမျှ မဟိ။
9သူရို့သည် တောင်ထက်မှ ဆင်းလာကြသောအခါ ယေသျှုက “လူသားသည် သီခြင်းမှ ထမြောက်လာသောအချိန်ထိ သင်ရို့ မြင်တွိ့ခသည့်အရာကို ဇာသူ့ကိုလည်း ဖွင့်မပြောကတ်ကေ့ဦး” ဟု တပည့်တော်တိကို မိန့်မှာတော်မူ၏။
10ထိုအခါ တပည့်တော်တိက “ဧလိယအယင်ဆုံး ရောက်လာလိမ့်မည်ဟု ကျမ်းတတ်ဆရာတိက ဇာအကြောင်းကြောင့် ပြောနိန်ကတ်ပါလဲ” ဟု ယေသျှုအား မိန်းလျှောက်ကြ၏။
11ယေသျှုက “ဧလိယ အယင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်၏။ သူသည် အရာအားလုံးကို အဆင်သင့်ပျင်ဆင်လိမ့်မည်။ 12#မ ၁၁.၁၄သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား ဧလိယ ရောက်လာခပြီးပြီ၊ သို့သော်လည်း လူတိ မသိလိုက်ကြ။ ထို့ကြောင့် သူ့ကို လူတိက စိတ်တိုင်းကျ နှိက်စက်ကြ၏။ ထိုနည်းတူ သူရို့သည် လူသားကို နှိက်စက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
13ထိုအခါမှ ကိုယ်တော်သည် ဗတ္တိဇံယောဟန်အကြောင်း သူရို့အား ပြောပြနိန်သည်ကို တပည့်တော်တိက နားလည်ကြ၏။
ယေသျှုသည် နတ်ဆိုးပူးနေသော သူငယ်တစ်ဦးကို ကျန်းမာစီတော်မူခြင်း
(မာကု ၉.၁၄–၂၉; လုကာ ၉.၃၇–၄၃က)
14ယေသျှုနှင့် တပည့်တော်ရို့သည် လူထုပရိသတ်ပါးသို့ ပြန်ရောက်လာကြသောအခါ လူတစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာပြီး ရှိ့မှာ ဒူးထောက်လျက်၊ 15“အသျှင်ဘုရား၊ အကျွန့်သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါကို ပြင်းထန်စွာ ခံစားနိန်ရပြီးလျှင် မီးထဲ၌လည်းကောင်း၊ ရီထဲ၌လည်းကောင်း မကြာမကြာ လဲကျတတ်ပါ၏။ 16အကျွန်သည် ကိုယ်တော်၏တပည့်တိပါးသို့ သူ့ကို ပို့ဆောင်ပြီးပါပြီ။ သို့သော် သူရို့သည် သူ့ကို ကျန်းမာစီခြင်းငှာ မတတ်နိုင်ကတ်ပါ” ဟု လျှောက်၏။
17ထိုအခါ ယေသျှုက “သင်ရို့သည် ယုံကြည် ခြင်းမဟိ၊ ဖောက်ပြန်တတ်သောအမျိုးပါကား၊ ငါသည် သင်ရို့နှင့်အတူ ဇာလောက်ကြာကြာ နီရပါဖို့လဲ။ ငါသည် သင်ရို့ကို ဇာလောက်ကြာကြာ သည်းခံနိန်ရပါဖို့လဲ။ သူငယ်ကို ငါ့ပါးသို့ ယူလာခ” ဟု မိန့်တော်မူ၏။ 18ယေသျှုက နတ်ဆိုးကို အမိန့်တစ်ချက် ပီးလိုက်သည်နှင့် ထိုနတ်ဆိုးသည် သူငယ်ပါးမှ ထွက်လားသဖြင့်၊ သူငယ်သည် ချက်ချင်း ကျန်းမာလား၏။
19ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ သီးသန့် လာတွိ့ကြပြီးလျှင် “အကျွန်ရို့သည် နတ်ဆိုးကို ဇာဖြစ်လို့ မမောင်းထုတ်နိုင်ကတ်ပါလဲ” ဟု မိန်းလျှောက်ကြ၏။
20 #
မ ၂၁.၂၁; မာ ၁၁.၂၃; ၁ ကော ၃.၂ ကိုယ်တော်က “သင်ရို့၌ ယုံကြည်ခြင်း အလွန် အားနည်းသောကြောင့်ဖြစ်၏။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် မုန်ညှင်းစိလောက်မျှ ယုံကြည်ခြင်းဟိမည်ဆိုလျှင် ဤတောင်ကို ‘ဤနီရာက ထိုနီရာသို့ ရွှိ့လော့’ ဟု ဆိုလျှင် တောင်သည် ရွှိ့လားမည်ဖြစ်၏။ သင်ရို့မလုပ်နိုင်သောအရာသည်မဟိ” ဟု မိန့်တော်မူ၏။ 21#၁၇.၂၁ အချို့ လက်ရီးမူရင်းကျမ်းများတွင် အခန်းငယ် ၂၁ ကို၊ သို့သော်လည်း ဆုတောင်းခြင်း၊ အစာယှောင်ခြင်း အားဖြင့်သာ ထိုနတ်မျိုးကို မောင်းထုတ်နိုင်၏၊ အခြားနည်းလမ်းမဟိ၊ ဟု ဖြည့်စွက်ထားသည် (ရှု မာ ၉.၂၉)။
ယေသျှုက အသီသတ်ခြင်းခံရမည့်အကြောင်း တစ်ဖန်မိန့်ကြားတော်မူခြင်း
(မာကု ၉.၃၀–၃၂; လုကာ ၉.၄၃ခ–၄၅)
22ဂါလိလဲဒေသ၌ အားလုံးသော တပည့်တော်တိနှင့် အတူကြွတော်မူစဉ်၊ ယေသျှုက “လူသားကို လူရို့လက်သို့ အပ်နှံကြလိမ့်မည်၊ 23ထိုသူရို့က သူ့ကို သီယောင် သတ်ကတ်လိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့မှာ သူသည် သီခြင်းက ထမြောက်လာလိမ့်မည်” ဟု သူရို့အား မိန့်မှာတော်မူ၏။
ထိုအခါ တပည့်တော်ရို့သည် အလွန်ဝမ်းနည်းကြ၏။
ဗိမာန်တော်အခွန် ပီးဆောင်ခြင်း
24ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်လာကြသောအခါ ဗိမာန်တော် အခွန်ကောက်သူများသည် ပေတရုပါးသို့ ရောက်လာကြပြီးလျှင် “သင်ရို့ဆရာသည် ဗိမာန်တော်အခွန်ကို ပီးပါလား” ဟု မိန်းကြ၏။
25“ပီးပါရေ” ဟု ပေတရုက ပြန်ပြော၏။
ပေတရုသည် အိမ်ထဲသို့ ဝင်လာသောအခါ ယေသျှုက “သျှိမုန်၊ သင်၏ထင်မြင်ယူဆချက်က ဇာပိုင်လဲ။ လောကီ သျှင်ဘုရင်တိကို ဇာသူတိက အခွန်ပီးကတ်ရလဲ။ တပါးအမျိုးသားတိက ပီးကတ်ရလား၊ မိမိနိုင်ငံသားတိက ပီးကတ်ရလား” ဟု ဦးစွာ မိန်းတော်မူ၏။
26“တပါးအမျိုးသားတိကသာ အခွန် ပီးကတ်ရပါရေ” ဟု ပေတရုက ဖြေ၏။
ထိုအခါ ယေသျှုက “ကောင်းပြီ၊ ဆိုလိုသည်မှာ မိမိနိုင်ငံသားတိက ပီးစရာမလို။ 27သို့သော်လည်း ငါရို့သည် အခွန်ကောက်သောသူရို့ကို စော်ကားပြစ်မှားခြင်းငှာ အလိုမဟိ။ ထို့ကြောင့် အိုင်သို့ လား၍ ငါးမျှားခီ။ သင်သည် ပထမဆုံး မျှားလို့ရသည့်ငါးကို ဆွဲတင်၍ ထိုငါး၏ ပါးစပ်ကို ဖွင့်လိုက်လျှင် ငါနှင့် သင်ရို့၏ ဗိမာန်တော်အခွန်အတွက် လုံလောက်သော ဒင်္ဂါးတစ်ပြားကို တွိ့လိမ့်မည်။ ထိုဒင်္ဂါးကို ယူ၍ ငါ့ရို့အတွက် အခွန်ကို သူရို့အား ပီးလိုက်ကြ” ဟု မိန့်တော်မူ၏။
Currently Selected:
မဿဲ 17: NTRKB24
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.