YouVersion Logo
Search Icon

ယောဟန် 17

17
ယေရှုဟှာ တဗဲ့တော်လေတွပ် ဆုတောန်းပေးဟှူကြောန်း
1ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန ကောန်းဂန်ဟှို မော့ကေ့ဘီးဟှာ “ဖ၊ ခီရော့‑က်ဟှားဘီ။ သားတော်ဟှာ ဖရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဟှို့တွပ် သားတော်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေတော်မူပါ။ 2ဖဟှ သားတော်ဟှို လူလေ ဂူလောင်းဟှို အောက်စိုးရဟှူ ခွမ့်အာဏာဟှို ပေးတော်မူဟှယ်။ အယ်ကြောန့် သားတော်ဟှာ ဖဟှနေ ပေးဟှားဟှူ လူလေ ဂူလောင်းဟှို ထာဝရသတ် ပေးနိုင်ဟှယ်။ 3ထာဝရသတ် ဆိုဇာဟှာ စစ်မှန်ဟှူ ဘုရားသခင် တဆူဒဲရှိဟှယ် ဆိုဇာန စေလွှတ်တော်မူဟှူ ယေရှုခရစ်တော်ဟှို သိဟှို့ဖြစ်ဟှယ်။ 4ကိုယ်တော် အပ်ပေးတော်မူဟှူ မှုတော်ဟှို ကျွန်တော်ဟှာ ဆောန်ရွက်ပီးဟှားဘီ ဖြစ်ဟှူကြောန့် ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို မ္လေဂီးထတ်မာ ထန်ရှားစေဘီ။ 5ဖ! အယ်လောကဟှို ဖန်ဆင်းခန်ဂဒဲဟှ ကိုယ်တော်နတူးဒူ ကျွန်တော်ခံစားရဟှူ ဖောင်းသရေတော်ဟှို ခု ကိုယ်တော့်ရှေ့တော်မာ ကျွန်တော့်ဟှို ပေးတော်မူပါ။
6“အယ်လောကထဲဟှနေ ဝီးကော့‑က်ဘီး ကျွန်တော့်ဟှို အပ်ပေးတော်မူဟှူ လူလေဟှို ကိုယ်တော်ရဲ့ နာမဟှို ထန်ရှားစေပီးဘီ။ သူးနို့ဟှို ကိုယ်တော်ဟှ ပိုင်တော်မူဘီး ကျွန်တော့်ဟှို အပ်ပေးတော်မူဘီ။ သူးနို့ဟှာ ကိုယ်တော်ရဲ့ စကားတော်ဟှို လိုက်နာဂေ့ဘီ။ 7ကျွန်တော့်ဟှို ကိုယ်တော်ပေးဟှားဇာလေ ဂူလောင်းဟှာ ကိုယ်တော်နားဟှ ရရှိလာဟှယ် ဆိုဇာဟှို ခု သူးနို့သိရှိဂေ့ဘီ။ 8ကျွန်တော့်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ စကားတော်ဟှို ကျွန်တော်ဟှာ သူးနို့ဟှို ပေးဟှူ ခီမာ သူးနို့လတ်ခံဂေ့ဟှယ်။ ကိုယ်တော်နားဟှနေ ကျွန်တော်ကြွလာဟှယ် ဆိုဇာဟှို သူးနို့ဟှာ မှန်ဘဲ့သိဂေ့ဟှယ်။ ကျွန်တော့်ဟှို ကိုယ်တော်စေလွှတ်ဟှယ် ဆိုဇာဟှိုလည်း သူးနို့ဟှာ ယောင်ကြည်ဂေ့ဟှယ်။
9“သူးနို့တွပ် ကျွန်တော် ဆုတောန်းဟှယ်။ ကျွန်တော်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ လူလေဟှာ ကိုယ်တော်ပိုင်တော်မူဟှူ လူလေဖြစ်ဟှူကြောန့် အယ်လောကတွပ် မှုဘဲ သူးနို့တွပ်ဘဲ့ တောန်းလျှော့‑က်ပေးဟှယ်။ 10ကျွန်တော့်မာရှိဟှူဇာလေ ဂူလောင်းဟှာ ကိုယ်တော်ဇာလေဖြစ်ဘီး ကိုယ်တော်မာ ရှိဟှူဇာလေ ဂူလောင်းဟှာလည်း ကျွန်တော့်ဇာလေဖြစ်ဟှူကြောန့် သူးနို့လေအားဖြင့် ကျွန်တော့်ဖောင်းသရေတော်ဟှို ထန်ရှားစေဘီ။ 11ကျွန်တော်ဟှာ အယ်လောကမာ ခီကြာဂီးရှိဟှို့ မှုဟှ။ အယ်ဘေမဲ့ သူးနို့ဟှာ အယ်လောကမာ ရှိဂေ့ဟှယ်။ ခု ကျွန်တော်ဟှာ ကိုယ်တော်နားဟှို လာပါဟှယ်။ သန့်ရှင်းတော်မူဟှူဖ! ကိုယ်တော်န ကျွန်တော်ဟှာ တလောင်းတဝဒဲ ဖြစ်မျိုးဘဲ့ ကျွန်တော့်ဟှို ပေးအပ်တော်မူဟှူ လူလေလည်း တလောင်းတဝဒဲ ဖြစ်ဟှို့တွပ် သူးနို့ဟှို ကိုယ်တော်ရဲ့ နာမတော်န တဂိုးတော်အားဖြင့် ကာကွယ်ပေးတော်မူပါ။#၁၇.၁၁ သူးနို့ဟှို ကိုယ်တော်ရဲ့ နာမတော်န တဂိုးတော်အားဖြင့် ကာကွယ်ပေးတော်မူပါ၊ တချို့ မူရင်းလတ်ရေးမူလေမာ ကျွန်တော့်ဟှို အပ်ပေးတော်မူဟှူ လူလေဟှို ကိုယ်တော့်နာမတော်ရဲ့ တဂိုးတော်အားဖြင့် စောန့်ထီးပေးတော်မူပါ၊ ဆိုဘီး ပါရှိဟှယ်။ 12#ယော ၁၃.၁၈ကျွန်တော်ဟှာ သူးနို့နတူးဒူရှိနေဒူးမာ ကိုယ်တော်ပေးတော်မူဟှူ နာမတော်ထဲမာ သူးနို့ဟှို ပျစ်စီးမှုဟှနေ စောန့်ထီးတော်မူဘီ။#၁၇.၁၂ ကိုယ်တော်ပေးတော်မူဟှူ နာမတော်ထဲမာ သူးနို့ဟှို ပျစ်စီးမှုဟှနေ စောန့်ထီးတော်မူဘီ၊ တချို့ မူရင်းလတ်ရေးမူလေမာ ကျွန်တော့်ဟှို ကိုယ်တော်ပေးတော်မူဟှူ လူလေဟှို ကိုယ်တော့်နာမတော်ရဲ့ တဂိုးတော်အားဖြင့် ကျွန်တော်ဟှာ စောန့်ထီးပေးတော်မူဘီ၊ ဆိုဘီး ပါရှိဟှယ်။ ကျွန်တော်ဟှာ သူးနို့ဟှို ကာကွယ်ပေးတော်မူဟှားဘီ။ ပျစ်စီးရဟှို့ လူတယော့‑က်ဟှလွဲဘီး သူးနို့ထဲဟှ ဖယ်လူလည်း ပျစ်စီးဂေ့ဟှ။ အယ်လူပျစ်စီးဟှားရဇာဟှာ ကျမ်းစာ ပ္လဲ့ဇောင်ဟှို့ ဖြစ်ဟှယ်။ 13ခု ကိုယ်တော်နားဟှို ကျွန်တော်ဟှာ လာပါဟှယ်။ သူးနို့ဟှာ ကျွန်တော့်ရဲ့ ဝန်းသာမှုဟှို သူးနို့ရဲ့ စိနှလောင်းထဲမာ ပ္လဲ့ဝခံစားရဟှို့တွပ် အယ်လောကထဲ ရှိနေဒူးခီမာ အယ်မူဇာလေဟှို ကျွန်တော် ပြောပါဟှယ်။ 14ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ တရားစကားဟှို သူးနို့ဟှို ပေးဟှားပီးဘီ။ ကျွန်တော်ဟှာ အယ်လောကနဆိုင်ဘဲမျိုး သူးနို့လည်း အယ်လောကနဆိုင်ဘဲဟှူကြောန့် လောကဟှာ သူးနို့ဟှို မူးတီးဂေ့ဟှယ်။ 15သူးနို့ဟှို အယ်လောကဟှနေ နုယူတော်မူဟှို့မှုဘဲန နတ်ဆိုးရဲ့လှည့်ဇားမှုဟှနေ ကွယ်ကာပေးဟှို့ ကျွန်တော်တောန်းလျှော့‑က်ဟှယ်။ 16ကျွန်တော်ဟှာ အယ်လောကနဆိုင်ဘဲမျိုး သူးနို့ဟှာလည်း အယ်လောကနဆိုင်ဂေ့ဟှ။ 17သမ္မာတရားအားဖြင့် သူးနို့ဟှို သန့်ရှင်းတော်မူပါ။ ကိုယ်တော်ရဲ့ စကားတော်ဟှာ သမ္မာတရားဖြစ်ဟှယ်။ 18ကိုယ်တော်ဟှာ ကျွန်တော်ဟှို အယ်လောကထဲဟှို စေလွှတ်မျိုးဘဲ့ ကျွန်တော်ဟှာလည်း သူးနို့ဟှို အယ်လောကထဲဟှို စေလွှတ်လိုက်ဟှယ်။ 19သူးနို့ဟှာလည်း သမ္မာတရားအားဖြင့် သန့်ရှင်းခံရဟှို့တွပ် ကျွန်တော်ဟှာ သူးနို့တွပ် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစေပါဟှယ်။
20“ကျွန်တော်ဟှာ သူးနို့တွပ်ဘဲ့မှုဘဲန သူးနို့ဟောပြောဟှူ တရားစကားအားဖြင့် ကျွန်တော့်ဟှို ယောင်ကြည်ဟှူ လူလေတွပ်လည်း တောန်းလျှော့‑က်ဟှယ်။ 21သူးနို့လေ ဂူလောင်းဟှာ တလောင်းတဝဒဲ ဖြစ်စေဟှို့ ကျွန်တော်ဆုတောန်းဟှယ်။ ဖ! ကိုယ်တော်ဟှာ ကျွန်တော့်ထဲမာရှိဘီး ကျွန်တော်ဟှာလည်း ကိုယ်တော်ထဲမာ ရှိနေမျိုးဘဲ့ သူးနို့ဟှိုလည်း ကျွန်တော့်ဟှားလေထဲမာ ရှိတော်မူစေပါ။ ကျွန်တော့်ဟှို ကိုယ်တော်စေလွှတ်တော်မူဟှယ် ဆိုဇာဟှို လောကသားလေ ယောင်ကြည်လာစေဟှို့တွပ် သူးနို့ဟှို တလောင်းတဝဒဲ ဖြစ်စေတော်မူပါ။ 22ကိုယ်တော်န ကျွန်တော်ဟှာ တလောင်းတဝဒဲ ဖြစ်မျိုးဘဲ့ သူးနို့ဟှိုလည်း တလောင်းတဝဒဲ ဖြစ်စေဟှို့တွပ် ကျွန်တော်ဟှို ကိုယ်တော်ပေးတော်မူဟှူ ဖောင်းသရေတော်ဟှို သူးနို့ဟှိုလည်း ပေးတော်မူဘီ။ 23ကျွန်တော်ဟှာ သူးနို့ထဲမာရှိဘီး ကိုယ်တော်ဟှာ ကျွန်တော်ထဲမာ ရှိပါဟှယ်။ သူးနို့ဟှို တလောင်းတဝဒဲ ပ္လဲ့ဇောင်စေဟှို့တွပ် ကိုယ်တော်ဟှာ ကျွန်တော့်ဟှို စေလွှတ်တော်မူကြောန်းန ကျွန်တော့်ဟှို ရှစ်မျိုးဘဲ့ သူးနို့ဟှိုလည်း ရှစ်တော်မူကြောန်းဟှို လောကသားလေဟှာ သိရှိစေဟှို့ဖြစ်ဟှယ်။
24“ဖ! အယ်လောကဟှို ဖန်ဆင်းခန်ဂဒဲဟှ ကိုယ်တော်ဟှာ ကျွန်တော်ဟှို ရှစ်တော်မူဘီး ပေးတော်မူဟှူ ဖောင်းသရေတော်ဟှို ကျွန်တော့်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ လူလေဟှို ဗြင်တွိစေဟှို့တွပ် သူးနို့ဟှို ကျွန်တော်ရှိဟှူ နေရာမာ ကျွန်တော့်နတူးဒူ ရှိစေရှင်ဟှယ်။ 25ဖြောန့်မတ်တော်မူဟှူဖ! အယ်လောကဟှာ ကိုယ်တော့်ဟှို သိဂေ့ဟှ။ အယ်ဘေမဲ့ ကျွန်တော်ဟှာ ကိုယ်တော့်ဟှို သိဟှယ်။ ကိုယ်တော်ဟှာ ကျွန်တော့်ဟှို စေလွှတ်တော်မူဟှယ် ဆိုဇာဟှို အယ်လူလေဟှာ သိဂေ့ဟှယ်။ 26ကျွန်တော့်ဟှို ကိုယ်တော် ရှစ်ဟှူမြစ်တာဟှာ သူးနို့နှိုက်ရှိစေဘီး ကျွန်တော်ဟှာလည်း သူးနို့နှိုက်ရှိနေဟှူကြောန့် ကိုယ်တော့်နာမဟှို သူးနို့ဟှို ကျွန်တော်သိစေပါဘီ။ ထပ်ဘီးလည်း သိစေအူးမယ်” ဆိုဘီး ပြောလေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in