YouVersion Logo
Search Icon

မဿဲ 17

17
ပေါင်သဏ္ဌာန် ပ္လောန်းလဲတော်မူဟှူကြောန်း
(မာကု ၉.၂–၁၃; လုကာ ၉.၂၈–၃၆)
1 # ၂ ပေ ၁.၁၇,၁၈ ခြော့‑က်ရစ်ကြာဘီးန ယေရှုဟှာ ပေတရု၊ ယာကုပ်၊ ယာကုပ်ရဲ့ညီ ယောဟန်လေဟှို ခေါ်ဘီးဟှာ တောန်ထတ်ဟှို ကြွဟှားလေဟှယ်။ 2သူးနို့လေရှေ့မာ ကိုယ်တော်ရဲ့ ပေါင်သဏ္ဌာန်တော်ဟှာ ပ္လောန်းလဲဟှားဘီး မျစ်နှာတော်ဟှာ နေရောန်မျိုးဘဲ့ တော့‑က်ပနေလေဟှယ်။ ဝတ်တော်ဟှလည်း လန်းရောန်မျိုး ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ်။ 3အယ်ဘီးန မောရှေန ဧလိယဟှာ ပေါ်လာဘီး ယေရှုန စကားပြောနေဇာဟှို ဗြင်ရလေဟှယ်။ 4အယ်ကြောန့် ပေတရုဟှ ယေရှုဟှို “သခင်၊ အယ်နေရာဟှာ ကျွန်တော်ဟှားလေတွပ် ရရာတိုင်းဘဲ့ ကောန်းပါဟှယ်! ကိုယ်တော် လိုတော်ရှိဟှယ် ဆိုဟှာ ကိုယ်တော်တွပ် တဲတဆောန်၊ မောရှေတွပ် တဆောန်န ဧလိယတွပ် တဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော်ဆော့‑က်ပါမယ်” ဆိုဘီးဟှာ လျှော့‑က်လေဟှယ်။
5 # မ ၃.၁၇; ၁၂.၁၈; မာ ၁.၁၁; လု ၃.၂၂ ပေတရု လျှော့‑က်နေဟှူ ခီမာဘဲ့ တော့‑က်ပဟှူ မိုးတီတခုဟှာ သူးနို့လေထတ်ဟှို လွှမ်းမိုးလာဘီး “အယ်သူဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါရဲ့ ရှစ်ဟှူသား ဖြစ်ဟှယ်။ သူ့ရဲ့စကားဟှို နားထောန်ဂေ့ပါ!” ဆိုဘီး မိုးတီထဲဟှ သံတော်ဟှို ကြားရလေဟှယ်။
6အယ်သံတော်ဟှို တဗဲ့တော်လေ ကြားရဟှူ ခီမာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဘီး သူးနို့ဟှာ မ္လေဂီးမာ ဝပ်နေဂေ့ဟှယ်။ 7ယေရှုဟှာ သူးနို့လေနားဟှို ကြွလာဘီး သူးနို့လေဟှို တို့လိုက်ဘီးဟှာ “ထဂေ့၊ ကြော့‑က်ဂေ့န!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 8သူးနို့လေလည်း မှော်ကေ့လိုက်ဟှူ ခီမာ ယေရှုဟှလွဲဘီး ဖယ်သူ့ဟှိုလည်းဘဲ့ တွိဂေ့ဟှမ်း။
9အယ်ဘီးန တောန်ထတ်ဟှနေ ဆင်းလာဟှူ ခီမာ ယေရှုဟှ “နန်းနို့လေ ဗြင်လိုက်ဟှူ ရူပါရောင်လေဟှို လူ့ရဲ့သားဟှာ သေရာဟှနေဘီး ထမြော့‑က်ခန်ခီထိ ဖယ်သူ့ဟှိုလည်း ပြောပြဂေ့န” ဆိုဘီး မိန့်တော်မူလေဟှယ်။
10တဗဲ့တော်လေဟှ “ဧလိယဟှာ ရင်ကြွလာရမယ် ဆိုဘီး ကျမ်းပြုဆရာလေဟှ ဖြားဖြစ်ကြောန့် ပြောဟှားဂေ့နူး” ဆိုဘီး ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှယ်။
11ယေရှုဟှ “ဧလိယဟှာ ရင်ဦးဆောင်း ကြွလာဘီး ရာအားလောင်းဂူဟှို ပ္လန်ဘီးတည်ဆော့‑က်ရမယ် ဆိုဇာ မှန်ဟှယ်။ 12#မ ၁၁.၁၄နန်းနို့လေဟှို ငါပြောမယ်။ ဧလိယဟှာ ကြွလာပီးဘီ။ လူလေဟှာ သူ့ဟှိုသိဂေ့ဟှ။ အယ်ဘေမဲ့ လောက်ရှင်ဟှူတိုင်း လောက်ဂေ့လေဘီ။ အယ်မျိုးဘဲ့ လူ့ရဲ့သားဟှာလည်း အယ်သူလေ လတ်ထဲမာ နှိစစ်ညှင်းဆဲခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
13အယ်ဘီးန တဗဲ့တော်လေဟှလည်း ဗတ္တိဇံယောဟန် ကြောန်းဟှို မိန့်တော်မူနေဟှယ် ဆိုဇာဟှို နားလည်ဂေ့ဟှယ်။
ကောန်သားထဲဟှ နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
(မာကု ၉.၁၄–၂၉; လုကာ ၉.၃၇–၄၃က)
14ကိုယ်တော်န တဗဲ့တော်လေဟှာ လူအောက်ဂီးနားဟှို ရော့‑က်လာခီမာ လူတယော့‑က်ဟှ ယေရှုရှေ့မာ ဒူးထော့‑က်ဘီး 15“သခင်၊ ကျွန်တော်ရဲ့ သားဟှို သနားတော်မူပါ! သူဟှာ ဝပ်ရူးပ္လန်ရောဂါစွဲဘီး မီးထဲရေထဲဟှို ခဏခဏ လဲက္လတတ်ပါဟှယ်။ 16ကိုယ်တော်ရဲ့ တဗဲ့တော်လေနားဟှို ခေါ်လာဘေမဲ့ သူးနို့လေဟှာ သူဟှို ကျန်းမာပေးနိုင်ဂေ့ဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
17ယေရှုဟှ “ယောင်ကြည်ရှင်းမှေ့ဘဲန ဖော့‑က်ပ္လန်တတ်ဟှူ လူလေ! ငါဟှာ နန်းနို့လေနတူးဒူ ဖယ်မျှကြာအောန် နေရဟှို့နူး၊ နန်းနို့လေဟှို ဖယ်မျှကြာအောန် သီးခံရအူးမယ်နူး၊ ကောန်သားဟှို ငါ့နားဟှိုခေါ်လာဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 18ယေရှုဟှ နတ်ဆိုးဟှို ထွပ်ဟှားဟှို့ မိန့်ပေးလိုက်ဟှူ ခီမာ နတ်ဆိုးဟှာ အယ်မူကောန်သားထဲဟှနေ ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ အယ်ကောန်သားလည်း ကျန်းမာဟှားလေဟှယ်။
19အယ်ဘီးန တဗဲ့တော်လေဟှာ ယေရှုနားဟှို သီးသန့်လာဂေ့ဘီး “ကျွန်တော်ဟှားလေဟှာ အယ်နတ်ဟှို ဖြားဖြစ်ကြောန့် နှန်ထုနိုင်ဘဲနေပါနူး” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
20 # မ ၂၁.၂၁; မာ ၁၁.၂၃; ၁ ကော ၁၃.၂ ကိုယ်တော်ဟှ “နန်းနို့လေဟှာ ယောင်ကြည်ရှင်း မှေ့ဘဲကြောန့်ဖြစ်ဟှယ်။ ငါ မှန်တိုင်ပြောမယ်။ နန်းနို့လေဟှာ မုညင်းစေ့မျှလော့‑က်ဘဲ့ ယောင်ကြည်ရှင်းရှိမယ် ဆိုဟှာ ‘အယ်တောန်ဟှို အယ်နေရာဟှရွေ့!’ ဆိုဘီး ပြောလိုက်ဟှူန အယ်တောင်ဟှာ ရွေ့ဟှားလေ့မယ်။ နန်းနို့တွပ် ဖြစ်နိုင်ဘဲဇာလေ မှေ့ဟှ!” 21#၁၇.၂၁ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၂၁ ဟှို၊ အယ်ဘေမဲ့ ဆုတောန်းဇာန စာရှောန်ဇာတခုဒဲဘဲ့ အယ်နတ်ဟှို နှန်ထုနိုင်ဟှယ်၊ ဖြားဇာမျိုးလည်း တတ်နိုင်ဂေ့ဟှ၊ ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု မာ ၉.၂၉)။
သေခံရဟှို့တွပ် ထပ်ဘီးပြောဟှူကြောန်း
(မာကု ၉.၃၀–၃၂; လုကာ ၉.၄၃ခ–၄၅)
22သူးနို့ဟှာ ဂါလိလဲပြည်မာ ရှိနေခီမာ ယေရှုဟှ “လူ့ရဲ့သားဟှို လူလေရဲ့ လတ်ထဲဟှို အပ်ဂေ့လေ့မယ်။ 23သူးနို့လေဟှာ လူ့ရဲ့သားဟှို သတ်ဂေ့လေ့မယ်။ သောင်းရစ်မြော့‑က်ဟှူ နေ့မာ သူဟှာ ထမြော့‑က်လေ့မယ်” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှလည်း ရရာတိုင်း ဝန်းနဲဂေ့လေဟှယ်။
ဗိမာန်တော် ခွန်ပေးဆောန်ဟှူကြောန်း
24ကပေရနောင်ဗြို့ဟှို သူးနို့ရော့‑က်လာဟှူ ခီမာ ဗိမာန်တော် ခွန်ကော့‑က်မားလေဟှာ ပေတရုနားဟှို လာဘီး “နန့်ရဲ့ ဆရာဟှာ ဗိမာန်တော်ခွန်ဟှို ပေးဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
25ပေတရုဟှ “ပေးပါဟှယ်” ဆိုဘီး ဖြေလေဟှယ်။
ပေတရုဟှ အီထဲဟှို ဝမ်လာခီမာ ယေရှုဟှ “ရှိမုန်၊ နန်ဖယ်မျိုးထန်နူး။ လောကမာရှိဟှူ မန်းဂီးလေဟှာ ဖယ်သူ့နားဟှနေ ခွန်ကော့‑က်ဂေ့နူး။ သူးနို့သားလေ နားဟှလော။ ခြားသူလေ နားဟှလော” ဆိုဘီး မေးလေဟှယ်။
26ပေတရုဟှ “ခြားသူလေဘဲ့ ပေးရပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
ယေရှုဟှ “အယ်ဆိုဟှာ သားလေဟှာ ကန်းလွတ်ခွမ့်ရဂေ့ဟှယ်။ 27အယ်ဘေမဲ့ အယ်သူလေဟှို မှားယွင်းစေရှင်ဟှ။ အယ်ကြောန့် အိုင်ထဲဟှို သွားဘီးဟှာ ငါးဟှိုမျှားလော။ ရင်ဦးဆောင်းရလာဟှူ ငါးဟှို ယူဘီးဟှာ ဇပ်ပေါ့‑က်ဟှို ဖွမ့်လိုက်ပါ။ ငွေဒင်္ဂါးတပ္လားဟှို တွိရလေ့မယ်။ အယ်ဒင်္ဂါးဟှို ယူဘီးဟှာ နန့်နငါ့တွပ် ဗိမာန်တော်ခွန်ဟှို ပေးလိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။

Currently Selected:

မဿဲ 17: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in