YouVersion Logo
Search Icon

မဿဲ 5

5
တောန်ထတ်တရားတော်ကြောန်း
1ယေရှုဟှာ လူအောက်ဂီးဟှို ဗြင်ဟှူ ခီမာ တောန်ထတ်ဟှို တတ်ဘီး ထိုင်နေလေဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နားဟှို လာဂေ့ကြောန့် 2ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို စဘီးဟှာ သွန်သန်ဇာဟှ
မင်္ဂလာတရားတော်ကြောန်း
(လုကာ ၆.၂၀–၂၃)
3“စိနှလောင်းနှိခ္လဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
4ဝန်းနဲပူဆွေးဘီး သောကရော့‑က်နေဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို အားပေးနှစ်သိမ့်မှုလေ ပေးလေ့မယ်!
5စိနူးညံ့သိမ်မွေ့ဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ လောကရဲ့ မွီဟှို လတ်ခံရလေ့မယ်!
6ဖြောန့်မတ်ရှင်းဟှို ငတ်ပြတ်နေဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဖြားဖြစ်ကြောန်းနူးဆိုဟှာ သူးနို့လေဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!
7သနားကြင်နာတတ်ဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို သနားကြင်နာတော်မူလေ့မယ်!
8စိနှလောင်းဖ္လူစင်ဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ဟှို ဗြင်ရဂေ့လေ့မယ်!
9ယော့‑က်နယော့‑က်ဟှို သင့်မြတ်အောန် လောက်ပေးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရလေ့မယ်!
10 # ၁ ပေ ၃.၁၄ ဘုရားသခင်ရဲ့ လိုတော်တိုင်း လောက်ဆောန်ဟှူကြောန့် နှိစစ်ညှင်းဆဲခံရသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
11 # ၁ ပေ ၄.၁၄ “ငါ့ကြောန့် ညှင်းဆဲကဲ့ရဲ့ခံရဘီး မှန်ဘဲန စွပ်စွဲခံရခီမာ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ 12#တ ၇.၅၂ဝန်းသာအားရဖြစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူဆုလာဒ်ရှိဟှယ်။ နန်းနို့ရှေ့ဟှ ပရောဖက်လေလည်း အယ်မျိုးဘဲ့ ညှင်းဆဲခံရဂေ့ဟှယ်။”
ဆားန လန်းရောန်ကြောန်း
(မာကု ၉.၅၀; လုကာ ၁၄.၃၄,၃၅)
13 # မာ ၉.၅၀; လု ၁၄.၃၄,၃၅ “နန်းနို့လေဟှာ အယ်လောကရဲ့ ဆားဖြစ်ဟှယ်။ ဆားဟှာ ငန်ဟှူရသာ ပျော့‑က်ဟှားမယ် ဆိုဟှာ ငန်ဟှူရသာဟှို ဖယ်မျိုးလည်း ပ္လန်ရနိုင်ဟှို့ မှုဟှ။ တန်ဖိုးမှေ့ဘဲဟှူ ဆားဖြစ်ဟှားကြောန့် ပ္လန်ဟှိုပစ်ထုလိုက်ဘီး လူလေဟှာ ကျော်နန်းဟှားဟှယ်။
14 # ယော ၈.၁၂; ၉.၅ “နန်းနို့လေဟှာ အယ်လောကရဲ့ လန်းရောန်ဖြစ်ဟှယ်။ တောန်ထိထတ်မာ တည်ဟှူဗြို့ဟှို ကွယ်နိုင်ဟှ။ 15#မာ ၄.၂၁; လု ၈.၁၆; ၁၁.၃၃ဆီမီးအီဟှို ထွန်းဘီးဟှာ တောန်းအော့‑က်မာ ထားဟှားလေ့ မှေ့ဟှ။ အီသူအီသားလေ လန်းရောန်ရအောန် ဆိုဘီး ဆီမီးခေါင်ထတ်မာဘဲ့ တန်ဟှားတတ်ဟှယ်။ 16#၁ ပေ ၂.၁၂အယ်မူမျိုးဘဲ့ လူလေဟှာ နန်းနို့လေရဲ့ ကောန်းဟှူ ကျင့်ဟှို ဗြင်ဘီးဟှာ ကောန်းဂန်ဘောင်မာရှိဟှူ နန်းနို့ဖရဲ့ ဂေါင်တော်ဟှို ချီးမွမ်းစေဟှို့တွပ် နန်းနို့လေရဲ့ သတ်တာလန်းရောန်ဟှို လန်းစေဂေ့ပါ။
ပညတ်တရားန ပရောဖက်လေကြောန်း
17“မောရှေရဲ့ ပညတ်တရားန ပရောဖက်လေရဲ့ သွန်သန်ဟှားဇာလေဟှို ဖျစ်ပယ်ဟှို့တွပ် ငါလာဟှယ် ဆိုဘီး ထန်ဂေ့န။ ဖျစ်ပယ်ဟှို့တွပ် ငါလာဇာ မှုဟှ။ ပ္လဲ့ဇောင်ဟှို့တွပ် ငါလာဇာဖြစ်ဟှယ်။ 18#လု ၁၆.၁၇နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကောန်းဂန်ဘောင်န မ္လေဂီး ပျော့‑က်ကွယ်ခန်ထိ ပညတ်တရားထဲမာ ငယ်ဆောင်းဖြစ်ဟှူ စာလောင်း တလောင်းလည်း ပ္လဲ့ဇောင်ခန်ထိ ပျစ်စီးစေဟှ။#၅.၁၈ တလောင်းလည်း ပ္လဲ့ဇောင်ခန်ထိ ပျစ်စီးစေဟှ၊ အယ်မျိုးမှုဘဲနေဟှာ အယ်ကျမ်းစာမာ သန်ကြားဇာလေ အားလောင်းဂူဟှာ ဖြစ်လာရလေ့မယ်။ 19အယ်ကြောန့် ငယ်ဆောင်းဖြစ်ဟှူ ပညတ်တခုဟှို ကိုယ်ကိုတိုင်လည်း ကျူးလွန်ဘီးဟှာ သူများလေဟှိုလည်း အယ်မျိုးသွန်သန်ပေးဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံတော်မာ အငယ်ဆောင်းသူ ဖြစ်ရလေ့မယ်။ ကိုယ်ကိုတိုင်လည်း လိုက်နာဘီးဟှာ သူများလေဟှိုလည်း သွန်သန်ပေးလေဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံမာ ကီးမြတ်ဟှူ သူဖြစ်လေ့မယ်။ 20ဘုရားသခင်ရဲ့ လိုတော်တိုင်း သတ်ရှင်ခီမာ နန်းနို့လေရဲ့ ကျင့်ဟှာ ဖာရိရှဲန ကျမ်းပြုဆရာလေ ကျင့်ဟှူကျင့်ထတ် ပိုသာဘဲဟှ ဆိုဟှာ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ ဆိုဘီး ငါမှန်တိုင်းပြောဟှယ်။
မျစ်ဒေါသကြောန်း
21“ ‘လူ့ရဲ့သတ်ဟှို သတ်န။ သတ်ဟှူသူဟှာ တရားရောင်းမာ ပြစ်စီရင်ခံရမယ် ဆိုဘီး ရှေးဟှ ပြောဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’ 22ငါပညတ်ဇာဟှ နန်ဟှာ ကိုယ့်ညီကိုဟှို ဒေါသထွပ်ဟှယ်#၅.၂၂ ဒေါသထွပ်ဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ကြောန်းမှေ့ဘဲန စိဆိုးဟှားဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ ဆိုဟှာ တရားလွတ်တော်ရှေ့ဟှို ရော့‑က်ရမယ်! ညီကိုရှင်းရှင်းဟှို ကီဆဲဟှူသူဟှာ ရောင်းမာ ပြစ်ပေးခံရမယ်။ ညီကိုရှင်းရှင်းဟှို လူမိုက် ဆိုဘီး ပြောဟှူသူလည်း ငရဲမှာ မီးရှို့ဇာခံရလေ့မယ်။ 23အယ်ကြောန့် နန်းနို့လေဟှာ ယဇ်ပလ္လင်မာ ပူဇော်ဆစ်သဟှို့ ပြင်ဆင်ဟှူ ခီမာ ညီကိုဟှို ပြစ်မှားဟှားဇာလေ ဒိရလာဟှယ် ဆိုဟှာ 24နန့်ရဲ့ ပူဇော်သကာဟှို ယဇ်ပလ္လင်ရှေ့မာ ထားရစ်ဘီး ညီကိုဟှို သွားဘီး တောန်းဗန်လိုက်ပါ။ အယ်ဘီးမှ ပ္လန်လာဘီး ဘုရားသခင်ဟှို ပူဇော်သကာဟှို ပူဇော်ပါ။
25“နန့်ဟှို တရားစွဲဟှူ လူနတူးဒူ ခရီးသွားနေခီမာ သူ့ဟှို ဗြန်းဗြန် တောန်းဗန်လိုက်ပါ။ နော့‑က်မှုဘဲနေဟှာ သူဟှ နန့်ဟှို တရားသူဂီးလတ်ထဲအပ်ဘီး တရားသူဂီးဟှ ရဲလတ်ဟှို အပ်လိုက်ဟှူကြောန့် နန်ဟှာ ထောန်ထဲမာ ထဲ့ဟှားဇာဟှို ခံရလေ့မယ်။ 26နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကပ်ကွီးကျေအောန် မဆပ်မရှင်း နန်ဟှာ ထောန်ထဲမာ နေရလေ့မယ်။
သူများရဲ့မယားဟှို ပြစ်မှားဟှူကြောန်း
27“ ‘အီထောန်ရေးဖော့‑က်ပ္လန်ဇာဟှို ကျူးလွန်န ဆိုဘီး ပြောဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’ 28ငါပညတ်ဇာဟှ ကိလေသစိန သူများရဲ့မယားဟှို ကေ့မိဟှူသူဟှာ စိနှလောင်းထဲဟှ အယ်မီးမန ပြစ်မှားလေဘီ။ 29#မ ၁၈.၉; မာ ၉.၄၇အယ်ကြောန့် ညာမျစ်စိန မှားယွင်းမိဟှယ် ဆိုဟှာ ညာမျစ်စိဟှို ထုပစ်လိုက်! တကိုယ်လောင်း ငရဲထဲဟှို ပစ်ခ္လခံရထတ် မျစ်စိတဖတ်မှေ့ဘဲန သတ်ရှင်ရဇာဟှာ ပိုကောန်းဟှယ်။ 30#မ ၁၈.၈; မာ ၉.၄၃အယ်မူမျိုးဘဲ့ နန့်ညာလတ်ဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ ညာလတ်ဟှို ဖြတ်ပစ်လိုက်! တကိုယ်လောင်း ငရဲထဲဟှို ပစ်ခ္လခံရထတ် လတ်တဖတ်မှေ့ဘဲန သတ်ရှင်ရဇာဟှ ပိုကောန်းဟှယ်။
လန်မယား ကွာရှင်းဟှူကြောန်း
(မဿဲ ၁၉.၉; မာကု ၁၀.၁၁,၁၂; လုကာ ၁၆.၁၈)
31 # မ ၁၉.၇; မာ ၁၀.၄ “ ‘ကိုယ့်မယားဟှို ကွာရှင်းရှင်ဟှယ် ဆိုဟှာ ကွာရှင်းစာချောက်ဟှို ပေးရမယ် ဆိုဘီး ပညတ်ဟှားလေဟှယ်။’ 32#မ ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈; ၁ ကော ၇.၁၀,၁၁ငါပညတ်ဇာဟှ ဆိုးသွန်းဘီး ဖော့‑က်ပ္လန်ဇာမှေ့ဘဲန တခြားကြောန်းလေကြောန့် ကိုယ့်မယားဟှို ကွာရှင်းရှင်သူဟှာ အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။ ကွာရှင်းဟှူမီးမန ပေါန်းသင်းဟှူသူဟှလည်း အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်ဟှယ်။
ကီဆိုဟှူကြောန်း
33“ ‘မှုဘဲန ကီဆိုဂေ့န။ ကီဆိုလိုက်ဟှူတိုင်း ဘုရားသခင်ရှေ့မာ တည်ရမယ် ဆိုဘီး ရှေးဟှပညတ်ဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’ 34#မ ၂၃.၂၂ငါပညတ်ဇာဟှ လောင်းဝ ကီဆိုဂေ့န။ ကောန်းဂန်ဘောင်ဟှို တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။ ကောန်းဂန်ဘောင်ဟှာ ဘုရားသခင်ရဲ့ ပလ္လင်တော်ဖြစ်ဟှယ်။ 35မ္လေဂီးဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ မ္လေဂီးဟှာ ဘုရားသခင်ရဲ့ ခေတော်တန်ရာခေါင် ဖြစ်ဟှယ်။ ယေရုရှလင်ဗြို့ဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ မဟာမန်းဂီးရဲ့ ဗြို့တော်ဖြစ်လေဟှယ်။ 36နန်းနို့ရဲ့ ဆားဗန်တဗန်ဟှိုမှ ဖ္လူအောန်၊ မဲအောန် လောက်နိုင်ဘဲန ကိုယ့်ရဲ့ခေါန်းဟှို တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။ 37နန်းနို့စကားဟှာ ‘မှန်ဇာဟှို’ မှန်ဖြစ်စေဘီး ‘မှုဘဲဇာဟှို’ မှုဟှ ဆိုဘီး ဖြစ်စေဂေ့ပါ။ အယ်ထတ်ပိုဟှူစကားဟှာ မုသာနဘဲ့ စပ်ဆိုင်ဇာဖြစ်လေဟှယ်။
ရန်တုံ့ပ္လန်ဟှူကြောန်း
(လုကာ ၆.၂၉,၃၀)
38“‘မျစ်စိတလောင်းတွပ် မျစ်စိတလောင်း၊ သွားတရှောန်းတွပ် သွားတရှောန်း’ ဆိုဘီး ပညတ်ဟှားဇာဟှို နန်းနို့ကြားဟှားပီးဘီ။ 39ငါပညတ်ဇာဟှ နှော့‑က်ရှစ်ဟှူသူလေဟှို ရန်တုံ့ပ္လန်ဂေ့န ဆိုဘီး ငါပြောဟှယ်။ နန့်ပါးတဖတ်ဟှို ရိုက်ဟှယ် ဆိုဟှာ ကျန်ဟှူ ပါးတဖတ်ဟှိုလည်း ရိုက်ဟှို့ လှည့်ပေးလိုက်ပါ။ 40နန့်အန်းဂီဟှို လိုရှင်ဟှူကြောန့် စီရင်ဟှူသူလေဟှို နန့်ဝတ်လောင်ဟှိုလည်း ပေးလိုက်ပါ။ 41ယော့‑က်ယော့‑က်ဟှ နန်းနို့ဟှို နိုင်ကျင့်ဘီး တမိုင် သွားခိုင်းမယ် ဆိုဟှာ အယ်သူနတူးဒူ နှေ့မိုင် သွားလိုက်ပါ။ 42နန့်နားမာ တောန်းဟှူလူဟှို ပေးလိုက်ပါ။ ချေးငှားဟှူသူလေဟှိုလည်း ငြင်းဘဲန ချေးငှားလိုက်ပါ။
ရန်သူဟှို ရှစ်ရဟှို့ကြောန်း
(လုကာ ၆.၂၇,၂၈,၃၂–၃၆)
43“ ‘နန့်ရဲ့ အီဇနီးရှင်းဟှို ရှစ်ပါ။ ရန်သူဟှိုမူးပါ ဆိုဘီး ရှေးဟှပညတ်ဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’ 44ငါပညတ်ဇာဟှ ရန်သူလေဟှို ရှစ်ဂေ့။ ညှဉ်းဆဲဟှူသူလေဟှို ဆုတောန်းဂေ့။ နန်းနို့လေဟှို မူးဟှူသူလေဟှိုလည်း ကူညီဂေ့။ 45အယ်ဆိုဟှာ နန်းနို့လေဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ဘုရားသခင်ရဲ့ သားမီးလေဖြစ်လာလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ဖဟှာ ဖြောန့်မတ်ဟှူသူလေ၊ ဖြောန့်မတ်ဘဲဟှူသူလေထတ်မာ သူ့ရဲ့နေရောန်ဟှို ထွန်းလန်းစေဘီး သူတော်ကောန်းလေ၊ သူယောက်မာလေထတ်မာလည်း မိုးဝါစေတော်မူဟှယ်။ 46နန်းနို့ဟှို ရှစ်ဟှူသူလေဟှိုဘဲ့ ပ္လန်ဘီးရှစ်ဟှယ် ဆိုဟှာ ဖြားကျိုးထူးမယ်နူး။ ခွန်ကော့‑က်မားလေလည်းဘဲ့ အယ်မူမျိုး လောက်တတ်ဟှယ်! 47နန်းနို့ရဲ့ ညီကိုလေဟှိုဘဲ့ မြစ်တာထားဘီး စကားပြောဟှယ် ဆိုဟှာ ဘုရားသိဘဲဟှူ လူလေန ဖြားဇာလေ ကွာခြားနူး။ ဘုရားသိဘဲဟှူ လူလေလည်းဘဲ့ အယ်မျိုး လောက်ဂေ့ဟှယ်! 48အယ်ကြောန့် ကောန်းဂန်ဘောင်ဟှ နန်းနို့ ဖဟှာ စောင်လင်ဟှူ မျိုးဘဲ့ နန်းနို့လည်း စောင်လင်အောန် နေဂေ့ပါ။

Currently Selected:

မဿဲ 5: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in