YouVersion Logo
Search Icon

ကမ္ဘာဦး 16

16
ဟာ​ဂ​ရ​နှင့်​ဣ​ရှ​မေ​လ
1အာ​ဗြံ၏​မ​ယား​စာ​ရဲ၌ သား​ဖွား​ခြင်း​မ​ရှိ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​အ​မည်​ရှိ​သော ကျွန်​မ​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊ 2စာ​ရဲ​က၊ အ​ကျွန်ုပ်​အား​သား​ဖွား​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ။ အ​ကျွန်ုပ်၏​ကျွန်​မ​ထံ​သို့ ဝင်​ပါ​လော့။ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း ရှိ​ကောင်း​ရှိ​ပါ​လိမ့်​မည်​ဟု အာ​ဗြံ​အား​ပြော​ဆို၍၊ အာ​ဗြံ​သည် စာ​ရဲ၏​စ​ကား​ကို နား​ထောင်​လေ၏။ 3ထို​သို့​အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​ဆယ်​နှစ်​နေ​ပြီး​မှ၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​သည် မိ​မိ​ကျွန်​မ​အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​ကို​ယူ၍၊ မိ​မိ​ခင်​ပွန်း​အာ​ဗြံ​သိမ်း​ပိုက်​စေ​ဖို့ အပ်​နှင်း​လေ၏။ 4အာ​ဗြံ​သည်​လည်း ဟာ​ဂ​ရ​ထံ​သို့​ဝင်၍၊ ဟာ​ဂ​ရ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​လေ၏။ ဟာ​ဂ​ရ​သည် မိ​မိ​တွင်​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ မိ​မိ​သ​ခင်​မ​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။ 5စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။ 6အာ​ဗြံ​က​လည်း၊ သင်၏​ကျွန်​မ​သည် သင်၏​လက်၌​ရှိ၏။ သူ၌​ပြု​ချင်​သ​မျှ​ပြု​ပါ​လော့​ဟု စာ​ရဲ​အား​ပြန်​ပြော​လျှင်၊ စာ​ရဲ​သည် ကျွန်​မ​ကို​ညှဉ်း​ဆဲ​သ​ဖြင့်၊ ကျွန်​မ​သည် သ​ခင်​မ​ထံ​မှ​ထွက်​ပြေး​လေ၏။
7ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​တော​လမ်း၌​ရှိ​သော စမ်း​ရေ​တွင်း​နား​မှာ ဟာ​ဂ​ရ​ကို​တွေ့​လျှင်၊ 8စာ​ရဲ​ကျွန်​မ​ဟာ​ဂ​ရ၊ အ​ဘယ်​က​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု​မေး​သော်၊ ကျွန်​မ​သည် သ​ခင်​မ​စာ​ရဲ​ထံ​မှ​ပြေး​လာ​ပါ​သည်​ဟု ဆို​လေ၏။ 9ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​သ​ခင်​မ​ထံ​သို့ ပြန်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​ခံ​လော့​ဟု အ​မိန့်​ရှိ၏။ 10တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို မ​ရေ​တွက်​နိုင်​အောင်၊ ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟူ၍​လည်း​ကောင်း၊ 11သင်​သည်​ကိုယ်​ဝန်​ဆောင်​သည်​ဖြစ်၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​သိ​တော်​မူ​ပြီ။ 12သူ​သည်​လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ကို ရန်​ဘက်​ပြု​လိမ့်​မည်။ သူ့​ကို​လည်း​လူ​အ​ပေါင်း​တို့​သည် ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ မိ​မိ​ညီ​အစ်​ကို​အ​ပေါင်း​တို့၏​အ​ပါး၌ နေ​ရ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း မြွက်​ဆို​လေ၏။ 13ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။ 14ထို​အ​ကြောင်း​ကို​အ​စွဲ​ပြု၍၊ ထို​ရေ​တွင်း​ကို ဗေ​ရ​လ​ဟဲ​ရော​ဟု​သ​မုတ်​ကြ၏။ ကာ​ဒေ​ရှ​မြို့​နှင့် ဗေ​ရက်​မြို့၏​စပ်​ကြား​မှာ​ရှိ​သ​တည်း။
15ထို​နောက်၊ ဟာ​ဂ​ရ​သည်​အာ​ဗြံ​အား သား​ကို​ဖွား​မြင်၏။ အာ​ဗြံ​လည်း ဟာ​ဂ​ရ​တွင်​မြင်​သော​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။ 16အာ​ဗြံ​သည်၊ သား​ဣ​ရှ​မေ​လ​ကို ဟာ​ဂ​ရ​ဖွား​မြင်​သော​အ​ခါ၊ အ​သက်​ရှစ်​ဆယ်​ခြောက်​နှစ်​ရှိ​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in