YouVersion Logo
Search Icon

ရှင်ယောဟန် 12

12
ယေ​ရှု၏​ခြေ​ကို​ဆီ​မွှေး​ဖြ​င့်​လိမ်း​ခြင်း
(မ၊ ၂၆:၆-၁၃။ မာ၊ ၁၄:၃-၉)
1ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။- 2ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။- 3ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-#လု၊ ၇:၃၇-၃၈။ 4တ​ပည့်​တော်​တို့ အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်​က၊- 5ထို​ဆီ​မွှေး​ကို ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​အ​ဖိုး​နှင့် ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား အ​ဘယ်​ကြောင့် မ​ပေး​သ​နည်း​ဟု​ဆို၏။- 6ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။- 7ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။- 8ဆင်း​ရဲ​သော​သူ​တို့​ကား သင်​တို့၌​အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား၊ အ​စဉ်​ရှိ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။#တ​ရား၊ ၁၅:၁၁။
လာ​ဇ​ရု​ကို​သတ်​ရန်​ကြံ​စည်​ခြင်း
9ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။- 10ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊- 11ယေ​ရှု​ကို ယုံ​ကြည်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လာ​ဇ​ရု​ကို​လည်း သတ်​ခြင်း​ငှာ တိုင်​ပင်​စီ​ရင်​ကြ၏။
ယေ​ရု​ရှ​လင်​သို့​ဝင်​တော်​မူ​ခြင်း
(မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀)
12နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊- 13စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-#ဆာ၊ ၁၁၈:၂၅၊ ၂၆။ 14ကျမ်း​စာ၌​လာ​သည်​ကား၊- 15အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။-#ဇာ၊ ၉:၉။ 16ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။
17နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- 18ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။- 19ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။
ဂ​ရိ​အ​မျိုး​သား​တို့​ယေ​ရှု​ကို​ရှာ​ခြင်း
20ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။- 21ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။- 22ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။- 23ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။- 24ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။- 25မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။-#မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။ 26ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။
အ​သေ​ခံ​ရ​မည်ကို​ဖော်​ပြ​ခြင်း
27ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။- 28အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။- 29ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။- 30ယေ​ရှု​က၊ ထို​စ​ကား​သံ​သည် ငါ့​အ​ဖို့​အ​လို​ငှာ လာ​သည်​မ​ဟုတ်၊ သင်​တို့​အ​ဖို့​အ​လို​ငှာ​လာ၏။- 31ယ​ခု​တွင် ဤ​လော​က​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယ​ခု​တွင် ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- 32ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။- 33ထို​သို့ မိန့်​တော်​မူ​သော်၊ မိ​မိ​သည် အ​ဘယ်​သို့​သေ​ရ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။
34လူ​များ​တို့​က​လည်း၊ ခ​ရစ်​တော်​သည် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ပ​ည​တ္တိ​ကျမ်း၌​လာ​ကြောင်း​ကို အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​လျှင် လူ​သား​သည် မြှောက်​ထား​ခြင်း​ကို​ခံ​ရ​မည်​ဟု သင်​သည် အ​ဘယ်​သို့​ဆို​သ​နည်း။ ထို​လူ​သား​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု ဆို​ကြ၏။-#ဆာ၊ ၁၁၀:၄။ ဟေ​ရှာ၊ ၉:၇။ ယေ​ဇ၊ ၃၇:၂၅။ ဒံ၊ ၇:၁၄။ 35ယေ​ရှု​က​လည်း၊ အ​လင်း​သည် သင်​တို့​တွင်​ခ​ဏ​သာ​ရှိ၏။ အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် မှောင်​မိုက်​သည် သင်​တို့​ကို​မီ​လိမ့်​မည်။ မှောင်​မိုက်၌​သွား​သော​သူ​သည် အ​ဘယ်​ဆီ​သို့​မိ​မိ​သွား​သည်​ကို မိ​မိ​မ​သိ။- 36အ​လင်း​ရှိ​စဉ်​အ​ခါ အ​လင်း၏​သား​ဖြစ်​အံ့​သော​ငှာ အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည်​ထွက်​ကြွ၍ ထို​သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ၏။
လူ​တို့​၏​မ​ယုံ​ကြည်​ခြင်း
37ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။- 38ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း ဟူ​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-#ဟေ​ရှာ၊ ၅၃:၁။ 39တစ်​ဖန် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြန်​သည်​ကား၊- 40သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-#ဟေ​ရှာ၊ ၆:၁၀။ 41ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။- 42သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။- 43အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။
ဟော​ပြော​သော​စ​ကား​သည်​ပင်အ​ပြစ်​စီ​ရင်​ခြင်း
44ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။- 45ငါ့​ကို ကြည့်​မြင်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ကြည့်​မြင်၏။- 46ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။- 47ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။- 48ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။- 49အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။- 50ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in