YouVersion Logo
Search Icon

ယောဘ 23

23
ငါ၏​မြည်​တမ်း​ခြင်း​ခါး​သီး၏
1-2ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ ယ​ခု​ငါ​ပြင်း​စွာ မြည်​တမ်း​သော်​လည်း၊ ငါ​ခံ​ရ​သော​ဒဏ်​သည် သာ၍​ပြင်း​ပါ၏။ 3ဘု​ရား​သ​ခင်​ကို တွေ့​နိုင်​သော​အ​ရပ်​ကို ငါ​သိ​ပါ​စေ​သော။ ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ပါ​စေ​သော။ 4ရှေ့​တော်​သို့​ရောက်​မှ ငါ​သည် ကိုယ်​အ​မှု​ကို​ပြင်​ဆင်၍၊ များ​စွာ​သော အ​ကျိုး​အ​ကြောင်း​တို့​ကို လျှောက်​ထား​ရ၏။ 5ငါ့​အား ပြန်​ပြော​မိန့်​မြွက်​တော်​မူ​သော​စ​ကား​တော်​ကို ငါ​သိ​နား​လည်​ရ၏။ 6မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် ငါ​နှင့်​တ​ရား​တွေ့​တော်​မူ​မည်​လော။ တွေ့​တော်​မ​မူ။ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။ 7ဖြောင့်​မတ်​သော​သူ​သည် ရှေ့​တော်၌​ဆွေး​နွေး​သော​အ​ခွင့်​ရှိ၍၊ တ​ရား​ရှင်​သည် ငါ့​အ​မှု​ကို အ​စဉ်​ရှင်း​လင်း​စေ​တော်​မူ​မည်။ 8ယ​ခု​မူ​ကား၊ ငါ​တက်​လျှင် ဘု​ရား​သ​ခင်​ရှိ​တော်​မ​မူ။ ဆုတ်​လျှင် ကိုယ်​တော်​ကို မ​ရိပ်​မိ၊ 9လုပ်​တော်​မူ​ရာ လက်​ဝဲ​ဘက်​သို့​သွား​လျှင် ကိုယ်​တော်​ကို​မ​ဖူး​မ​တွေ့​ရ။ လက်​ယာ​ဘက်၌ ပုန်း​ရှောင်​လျက် နေ​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို​မ​မြင်​ရ။ 10သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။ 11ခြေ​တော်​ရာ​ကို အ​စဉ်​တ​စိုက်​ငါ​လျှောက်​သွား၍၊ ကြွ​တော်​မူ​ရာ​လမ်း​ကို မ​လွှဲ​မ​ရှောင်​လိုက်​ပါ၏။ 12ထား​တော်​မူ​သော ပ​ညတ်​တို့​ကို ငါ​မ​ပယ်။ နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ငါ​ရင်​ခွင်၌ သို​ထား​ပါ၏။ 13သို့​ရာ​တွင် သ​ဘော​တ​ညီ​တည်း​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​သည် ပြောင်း​လဲ​စေ​နိုင်​မည်​နည်း။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​လိမ့်​မည်။ 14ငါ့​အ​ငန်း​အ​တာ​ကို စီ​ရင်​တော်​မူ၏။ ထို​သို့​သော အ​ကြံ​အ​စည်​တော်​အ​များ ရှိ​ကြ၏။ 15ထို​ကြောင့်​ရှေ့​တော်၌ ငါ​ထိတ်​လန့်​လျက်​နေ၍ ဆင်​ခြင်​သော​အ​ခါ၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရ၏။ 16ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​ပျက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ​ကြောက်​ရွံ့​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ 17အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​မ​ရောက်​မီ ငါ့​ကို​ပယ်​ရှင်း​တော်​မ​မူ၊ ထူ​ထပ်​သော​မှောင်​မိုက်​မှ ငါ့​ကို​ကွယ်​ကာ​တော်​မ​မူ​ပါ​တ​ကား။

Currently Selected:

ယောဘ 23: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in