ယောဘ 26
26
ဘုရားသခင်၏ကြီးမြတ်ခြင်း
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။ 3မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသောပညာကို အဘယ်သို့ပြသနည်း။ 4ဤစကားကို အဘယ်သူအား မြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေများနှင့် ရေ၌နေသောသူများတို့သည် တုန်လှုပ်ကြ၏။ 6မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ 7မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ 8ထူထပ်သော မိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုးတိမ်သည် မစုတ်မပြတ်နေ၏။ 9မိုးတိမ်တော်ကိုဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။ 10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ 11ဆုံးမတော်မူခြင်းကြောင့်၊ မိုးကောင်းကင်တိုင်တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။ 12တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ 13ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကိုလည်း ဖန်ဆင်းတော်မူ၏။ 14ဤရွေ့ကား၊ အမှုတော်အရိပ်အမြွက်သာ ဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူနားလည်နိုင်သနည်းဟု မြွက်ဆို၏။
Currently Selected:
ယောဘ 26: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.