YouVersion Logo
Search Icon

ရှင်မဿဲ 8

8
နူ​နာ​ကို​ပျောက်​ကင်း​စေ​ခြင်း
(​မာ၊ ၁:၄၀-၄၅။ လု၊ ၅:၁၂-၁၆။)
1ကိုယ်​တော်​သည် တောင်​ပေါ်​မှ​ဆင်း​ကြွ​တော်​မူ​လျှင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- 2ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- 3ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။- 4ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-#ဝတ်၊ ၁၄:၁-၃၂။
တပ်​မှူး၏​ငယ်​သား​ကို​ကု​သ​ခြင်း
(​လု၊ ၇:၁-၁၀။)
5ထို​နောက်​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ​လျှင်၊ တပ်​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍၊- 6သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။- 7ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊- 8တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- 9ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။- 10ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။- 11ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊-#လု၊ ၁၃:၂၉။ 12နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-#မ၊ ၂၂:၁၃၊ ၂၅:၃၀။ လု၊ ၁၃:၂၈။ 13တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-
ပေ​တ​ရု​ယော​က္ခ​မ​ကို​ကု​သ​ခြင်း
(​မာ၊ ၁:၂၉-၃၄။ လု၊ ၄:၃၈-၄၁။)
14ထို​နောက်​မှ ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ၍ ပေ​တ​ရု၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ​လျက် တုံး​လုံး​နေ​သည်​ကို တွေ့​မြင်​တော်​မူ၏။- 15ထို​မိန်း​မ၏​လက်​ကို တို့​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။-
16ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။- 17ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-#ဟေ​ရှာ၊ ၅၃:၄။
ယေ​ရှု​နောက်​သို့​လိုက်​သူ​များ
(​လု၊ ၉: ၅၇-၆၂။)
18များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ကမ်း​တစ်​ဖက်​သို့ ကူး​မည့်​အ​ကြောင်း အ​မိန့်​တော်​ရှိ၏။- 19ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် လာ၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။- 20ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။- 21အ​ခြား​သော တ​ပည့်​တော်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- 22ယေ​ရှု​က​လည်း၊ ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။-
မုန်​တိုင်း​ကို​ဆုံး​မ​ခြင်း
(​မာ၊ ၄:၃၅-၄၁။ လု၊ ၈:၂၂-၂၅။)
23ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။- 24ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။- 25တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- 26ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။- 27ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-
နတ်​ဆိုး​ကို​နှင်​ထုတ်​ခြင်း
(​မာ၊ ၅:၁-၂၀။ လု၊ ၈:၂၆-၃၉။)
28ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊- 29ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။- 30ထို​သူ​တို့​နှင့် မ​နီး​မ​ဝေး​သော​အ​ရပ်၌ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- 31နတ်​ဆိုး​တို့​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​လျှင်၊ ထို​ဝက်​အ​စု​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​သော်၊- 32သွား​ကြ​ဟု မိန့်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​ရှိ​သ​မျှ​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ ရေ၌​သေ​ကြ၏။- 33ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊- 34တစ်​မြို့​လုံး​လည်း ယေ​ရှု​ကို​တွေ့​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ ကိုယ်​တော်​ကို​တွေ့​မြင်​လျှင် မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in