YouVersion Logo
Search Icon

ရောမ 5

5
ဖြောင့်​မတ်​ခြင်း​ကျေး​ဇူး​တော်
1ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။- 2ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။- 3ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- 4သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။- 5ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။- 6ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- 7ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။- 8ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။- 9သို့​ဖြစ်၍ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။- 10အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။- 11ထို​မျှ​မ​က၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရာ ကျေး​ဇူး​ကို ယ​ခု​ခံ​ပြီး​လျှင်၊ ထို​သ​ခင်​အား​ဖြင့် ဘု​ရား​သ​ခင်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။
အာ​ဒံ​နှင့်​ခ​ရစ်​တော်
12ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။-#က၊ ၂း၁၇၊ ၃:၆။ 13ပ​ညတ်​တ​ရား​ကို မ​ထား​မီ​တိုင်​အောင် ဤ​လော​က၌ အ​ပြစ်​ရှိ၏။ အ​ဘယ်​ပ​ညတ်​တ​ရား​မျှ မ​ရှိ​လျှင်၊ အ​ပြစ်​ရှိ​သည်​ဟု မှတ်​စ​ရာ​မ​ရှိ၊- 14သို့​သော်​လည်း အာ​ဒံ​လက်​ထက်​မှ​စ၍ မော​ရှေ​လက်​ထက်​တိုင်​အောင် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ အာ​ဒံ​ပြစ်​မှား​သည်​နည်း​တူ မ​ပြစ်​မှား​သော သူ​တို့​ကို​ပင် အ​စိုး​ရ၏။ ထို​အာ​ဒံ​သည် နောက်​လာ​လ​တ္တံ့​သော​သူ၏ ပုံ​ပ​မာ​ဖြစ်​သ​တည်း။
15သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- 16ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​ပြစ်​မှား​သော​အ​ရာ​နှင့် ကျေး​ဇူး​တော်​အ​ရာ မ​တူ။ အ​ကြောင်း​မူ​ကား၊ တ​ရား​စီ​ရင်​သော​အ​ရာ​မှာ၊ အ​ပြစ်​တစ်​ခု​ကြောင့် ဒဏ်​ခံ​စေ​ဟု စီ​ရင်၏။ ကျေး​ဇူး​တော်​အ​ရာ​မှာ၊ အ​ပြစ်​များ​လျက်​ပင် လွှတ်​စေ​ဟု​စီ​ရင်၏။- 17ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​လ​တ္တံ့။- 18ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ၏ ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​အ​ခွင့်​ကို ရ​ကြ၏။- 19အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- 20ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။- 21ထို​သို့​ဖြစ်​လျှင်၊ အ​ပြစ်​တ​ရား​သည် သေ​ခြင်း​အား​ဖြင့် အ​စိုး​ရ​သည်​နည်း​တူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ပြု​စု​တော်​မူ၍ ကျေး​ဇူး​တ​ရား​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ သွင်း​ခြင်း​အား​ဖြင့် အ​စိုး​ရ​လေ​အံ့​သ​တည်း။

Currently Selected:

ရောမ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ရောမ 5