YouVersion Logo
Search Icon

ဇာခရိ 12

12
ယေ​ရု​ရှ​လင်​မြို့​အောင်​ပွဲ
1ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ 2ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​အား တုန်​လှုပ်​စေ​သော ဖ​လား​ဖြစ်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​စဉ်​တွင် ယု​ဒ​ပြည်​ကို​လည်း ထို​အ​တူ ဖြစ်​စေ​မည်။ 3ထို​ကာ​လ​အ​ခါ၌​လည်း ထို​မြို့​ကို လူ​မျိုး​အ​ပေါင်း​တို့​အား လေး​သော​ကျောက်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို ချီ​သော​သူ​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​ကြေ​မွ ကြ​လိမ့်​မည်။ လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ စု​ဝေး​လျက် ရှိ​ကြ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​ကို အ​ရူး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​သည် ဒဏ်​ခတ်​မည်။ ယု​ဒ​အ​မျိုး​ကို ငါ​ကြည့်​ရှု၍၊ တစ်​ပါး​အ​မျိုး​သား​တို့၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​မည်။ 5ယု​ဒ​မင်း​တို့​က​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် သူ​တို့​သည် ငါ့​ခွန်​အား​ဖြစ်​ကြ၏​ဟု စိတ်​ထဲ​မှာ ဆို​ကြ​လိမ့်​မည်။ 6ထို​ကာ​လ၌ ငါ​သည် ယု​ဒ​မင်း​တို့​ကို ထင်း​ပုံ​တွင် မီး​ဖို​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​လှိုင်း​တွင် မီး​စ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​သ​ဖြင့်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၊ ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို မီး​လောင်​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြို့​ရာ​ဟောင်း၌ တည်​မြဲ​တည်​လိမ့်​မည်။ 7ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တဲ​တို့​ကို ရှေ့​ဦး​စွာ ကယ်​တင်​တော်​မူ​မည်။ ထို​ကြောင့် ဒါ​ဝိဒ်​မင်း​မျိုး၏ ဘုန်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘုန်း​သည် ယု​ဒ​ပြည်​တစ်​ဖက်၌ မ​ဝါ​ကြွား​ရ။ 8ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ကွယ်​ကာ စောင့်​မ​တော်​မူ​သ​ဖြင့်၊ အား​နည်း​သော​သူ​သည် ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​လည်း​ကောင်း၊ ဒါ​ဝိဒ်​မင်း​မျိုး​သည် ဘု​ရား​သ​ခင် ကဲ့​သို့​လည်း​ကောင်း သူ​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
ထိုး​ဖောက်​ခံ​ရ​သူ​အ​တွက်​မြည်​တမ်း
9ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ငါ​သည် အား​ထုတ်​မည်။ 10ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။#ယော၊ ၁၉:၃၇။ ဗျာ၊ ၁:၇။ #မ၊ ၂၄:၃၀။ ဗျာ၊ ၁:၇။ 11မေ​ဂိ​ဒ္ဒေါ​ချိုင့်​တွင် ဟာ​ဒ​ဒြိ​မ္မုန်​မြို့​မှာ ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​မှာ ကြီး​စွာ​သော ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​လိမ့်​မည်။ 12တစ်​ပြည်​လုံး အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း ကြ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ နာ​သန်၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ 13လေ​ဝိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ ရှိ​မိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ 14ကျန်​ကြွင်း​သော အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် တစ်​မျိုး​တ​ခြား​စီ၊ သူ​တို့​မိန်း​မ​များ တစ်​စု​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။

Currently Selected:

ဇာခရိ 12: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in