ဇာခရိ 11
11
မင်းဆိုးမင်းညစ်များကျဆုံးကြခြင်း
1အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည်
မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။#* သစ်ကတိုးပင်။ သစ်ပင်များကိုတန်ခိုးကြီးတိုင်းပြည် များသို့မဟုတ်မင်းကိုသရုပ်ဆောင်၍ ဖော်ပြထားခြင်းဖြစ်သည်။
2အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။
သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။
ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။
အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။
ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
3ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။
သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။
ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။
သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
သိုးထိန်းနှစ်ဦး
4ငါ၏ဘုရားသခင်ထာဝရဘုရားကငါ့ အား``သင်သည်သတ်ရန်လျာထားသည့်သိုး စုမှသိုးထိန်းကဲ့သို့ပြုမူလော့။- 5သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
6(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
7သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။- 8ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။- 9ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။- 10ထိုနောက်ငါသည်လူမျိုးတကာတို့နှင့် ထာဝရဘုရားပြုတော်မူခဲ့သည့်ပဋိ ညာဉ်တော်ကိုဖျက်သိမ်းသည့်အနေဖြင့်``ကျေး ဇူးပြုခြင်း'' နာမည်တွင်သောတောင်ဝှေး ကိုယူ၍ချိုးပစ်လိုက်လေသည်။- 11ဤသို့လျှင်ပဋိညာဉ်တော်သည်ထိုနေ့၌ ပျက်ပြား၍သွားလေတော့၏။ သိုးများ ကိုဝယ်ယူရောင်းချသူတို့သည်ငါ့အား စောင့်၍ကြည့်နေကြ၏။ သူတို့သည်ငါ၏ အပြုအမူအားဖြင့်ထာဝရဘုရားဗျာ ဒိတ်ပေးတော်မူလျက်ရှိကြောင်းကိုသိ ကြ၏။- 12ငါကသူတို့အား``သင်တို့ပေးလိုလျှင်ငါ၏ လုပ်အားခကိုပေးကြလော့။ မပေးလိုလျှင် လည်းနေကြတော့'' ဟုပြော၏။ သို့ဖြစ်၍သူ တို့သည်ငါ့လုပ်အားခအဖြစ်ငွေစသုံး ဆယ်ကိုပေးကြ၏။#မ၊ ၂၆:၁၅။
13ထာဝရဘုရားကငါ့အား``ထိုငွေများ ကိုဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့်လိုက် လော့'' ဟုမိန့်တော်မူသည့်အတိုင်းငါသည် မိမိ၏တန်ဖိုးအဖြစ်သူတို့အကဲဖြတ် သည့်မြောက်မြားလှသောငွေစသုံးဆယ် ကိုယူ၍ဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့် လိုက်လေသည်။-#မ၊ ၂၇:၉-၁၀။ 14ထိုနောက်ငါသည်``စည်းလုံးခြင်း'' နာမည်တွင် သောတောင်ဝှေးကိုချိုးပစ်လိုက်၏။ ထိုအခါ ယုဒပြည်နှင့်ဣသရေလပြည်စည်းလုံးမှု သည်ပျက်ပြား၍သွားလေတော့၏။
15ထာဝရဘုရားကငါ့အား``သင်သည်နောက် တစ်ကြိမ်သိုးထိန်းကဲ့သို့ပြုမူပြန်ဦးလော့။ ယခုအကြိမ်၌သိုးထိန်းမိုက်ကဲ့သို့ဖြစ်၏။- 16ငါသည်မိမိ၏သိုးစုအတွက်သိုးထိန်းတစ် ဦးကိုခန့်ထားခဲ့သော်လည်း သူသည်သေဘေး တွေ့သည့်သိုးများကိုမကူညီ။ ပျောက်သည့် သိုးများကိုမရှာဖွေ။ အနာရသည့်သိုးများ ကိုမကုသ။ မသေဘဲကျန်ရှိနေသောသိုး များကိုလည်းမကျွေးမွေး။ ယင်းသို့ပြုမည့် အစားသူသည်အဆူဖြိုးဆုံးသောသိုးတို့ ၏အသားကိုစား၏။ သူတို့၏ခွာများကို လည်းချွတ်ပစ်၏။- 17တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။
Currently Selected:
ဇာခရိ 11: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar