YouVersion Logo
Search Icon

ရှင်လုကာ 11

11
ခန်း (၁၁)
ဆုတောခြင်း
(ရှင်မဿဲ ၆.၉-၁၃၇.၇-၁၁)
1နေ့မှာ ကိုယ်တော်ယေရှု ဆုတောပီးဝိုခါမှာ ဗြိတော်တစ်ယော့ဟ “အရှင်၊ ယောဟန်ဟ သူရဲ့ဗြိတော်ဒွေဝို ဆုတောနည်းဝို သန်ပေးတော်မူမျိုး ဗြိတော်ဒို့ဝိုလဲ ဆုတောပုံ၊ ဆုတောနည်း သန်ပေးတော်မူပါ” ဆိုပီး ရှော့တံလေရယ်။ 2အဲခါ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “နန်းနို့ဟ ဘုရားရှင်ဆီမှာ ဆုတောဂေ့ဝိုခါမှာ
‘အဖဘုရား၊ အဖဘုရားရဲ့နာမတော်ဟ ရိုသေလေးမြတ်ဇာခံရပါစေ။ သာသနာတော်ပေါ်ထွန်းပါစေ။
3ကျနော်ဒို့တွက် တနေ့တာလိုအပ်ဝို စာအာဟာရဒွေဝို နေ့ဒိုင်း ပေးသနားတော်မူပါ။
4ကျနော်ဒို့ရဲ့ ပြစ်ဒွေတွက် ခွမ့်လွှတ်ပေးတော်မူပါ။
ကျနော်ဒို့ပေါ် ပြစ်ပြုလုပ်ဒဲ့သူဒွေဝို ကျနော်ဒို့ဟ ခွမ့်လွှတ်မျိုး၊ ကျနော်ဒို့ရဲ့ ပြစ်ဒုဇရိုက်ဒွေဝိုလဲ ခွမ့်လွှတ်ပေးတော်မူပါ။
ကျနော်ဒို့ ပြစ်ဒုဇရိုက်ကျူးလွန်အော် သွီးဆော်နေဝိုဇာဒွေဝိုလဲ တားဆီးပေးတော်မူပါ’ ဆိုပီး ဆုတောဂေ့ပါ” ဆိုပီး မိတော်မူလေရယ်။
တောပါ၊ရှာပါ၊ခေါ့ပေါ့ခေါ့ပါ
5အဲနော့ ကိုယ်တော်ယေရှုဟ သူ့ရဲ့ဗြိတော်ဒွေဝို မိတော်မူဝိုခါမှာ “နန့်မှာ မိဆွေတစ်ယော့ရှေ့ရယ်ဆိုဝါ၊ ညစ်နတ်တဂေါ်ခီမှာ နန်ဟ သူ့အီဝိုသွားပီး 6‘မိဆွေ၊ ငါ့သိတယော့ဟ ခရီးဝီးဟနေ ရော့လာရိ ငါ့မှာ သူ့ဝို ကျွေးဝို့ ဟယ်ရာလဲမှေ့ဘဲရိတွက်ဂျော့ မုသုံးလုံးလော့ ချေးပါ’ ဆိုပီး ပြောရယ်ဆိုဝါ။ 7နန့်ရဲ့မိဆွေဟ ‘ငါ့ဝိုနှော့ရှစ်ပါန ခေါ့ပေါ့ဒွေလဲ ပိရားပီးပီ၊ ငါ့သားမီးဒွေန ငါဟလဲ အိယာဝမ်နေဂေ့ပီ၊ ငါအိယာဟ ထပီး ဟဲရာလဲလုပ်ပေးနိုင်ရ’ ဆိုပီး အီထဲဟနေ ပလန်ပြောပါလိမယ်။ 8နန်းနို့ဝို ငါပြောရှင်ဇာဟလော အဲမိုလူဟ မိဆွေဖြစ်ဇာဝို ထော့ပီး နန့်ဝို ဟဲရာလဲပေးလာမှာမုဘေမဲ့ နန်ဟ ဇွဲရှော့ဘဲန ဆစ်ပီး တောခံနေမယ်ဆိုဝါ သူဟ သူ့ဂုဏ်သိခါဝို ထီးသီးရှင်ရိတွက် အိယာဟနေထပီး နန် လိုအပ်ဇာဝို ပေးလိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
9အဲမိုဂျော့ ငါ နန်းနို့ဝို ပြောရှင်ဇာဟလော “တောပါ ရဂေ့လိမယ်၊ ရှာပါ တွီ့လိမယ်၊ ခေါ့ပေါ့ခေါ့ပါ ဖွမ့်ပေးလိမယ်။ 10တောဝို သူဒိုင်းဟ လက်ခံရရှေ့လိမယ်၊ ရှာဝိုသူဒိုင်းဟ တွီ့လိမယ်ဖြစ်ရယ်၊ ခေါ့ဝိုသူဒိုင်းတွက် ခေါ့ပေါ့ဟ ဖွမ့်ပေးလိမယ်ဖြစ်ရယ်။
11ဂယ်ရိ နန်းနို့ရဲ့သားဒွေဟ ဖဖြစ်သူဒွေဆီမှာ ငါးဝိုတောမယ်ဆိုဝါ ဘွီဝိုပေးဂေ့မှာလော။ 12ဂယ်ရိ နန့်သားဟ ကြစ်ဥဝိုတောရယ်ဆိုဝါ ဟယ်ဖဟ ကမ်းမြီးကော့ဝို ပေးမယ်နူး။ 13အဲဂျော့ နန်းနို့ဟ ကောဘဲဝိုသူဒွေဖြစ်နေဂိုမှ နန်းနို့ရဲ့သားမီးဒွေဝို ကောမွန်ဝိုဇာဒွေဘဲ့ ပေးရယ်ဆိုဝါ ရွှေဗြို့တော်မှာရှေ့ဝို ဖဘုရားရှင်ဟလဲ သူ့ဆီဟ တောရှော့ဝိုလူ ဟယ်သူမဆို ဉာဏ်လင်းတော်ဂိုမှ ပေးအပ်ဝို့တွက် ပိုပီးဂိုမှ ဆင်သင့်ရှေ့ရယ်” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှုဟ ဘုရားရှင်ရဲ့ဂိုးန ကောဆိုးဝါးဒွေဝိုနှံထုခြင်း
(ရှင်မဿဲ ၁၂.၂၂-၃၀ရှင်မာကု ၃.၂၀-၂၇)
14နေ့မှာ ကိုယ်တော်ယေရှုဟ လူတယော့ဝို ဂါးပြောနိုင်ဘဲအော် လုပ်ရားဝို ကောဆိုးဝါးဝို နှံထုလေရယ်။ ကောဆိုးဝါးဟ ဆွံ့အနေဝိုလူဆီဟ ထွက်ရားဝိုခီမှာ အဲမိုဆွံ့အနေဝိုလူဟ ဂါးပလန်ပြောနိုင်ရိတွက် လူထုပရိသတ်ဟလဲ အံဩဂေ့လေရယ်။ 15အယ်ဘေမဲ့ လူချို့ဟ “ကိုယ်တော်ယေရှုဟ ကောဆိုးဝါးဒွေရဲ့ခေါဆော် ဗေလဇေဗုလရဲ့ ဂိုး န ကောဆိုးဝါးဒွေဝို နှံထုနေရယ်” ဆိုပီး ပြောဆိုဂေ့လေရယ်။ 16ခြားသူဒွေဟလဲ ကိုယ်တော်ယေရှုဝို စမ်းသပ်ရှင်ရိဂျော့ ကိုယ်တော်ယေရှုရဲ့ဂိုးဟ ဘုရားရှင်ဆီဟ လာကြော ပြသဝို့တွက် အံ့ဖွယ်မှုကိစဒွေပြုလုပ်ဝို့ တောဆိုဂေ့လေရယ်။
17အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ သူ့နို့ရဲ့စိဝို သိတော်မူရိတွက် သူ့နို့ဝို “နိုင်ငံတနိုင်ငံမှာ လူဒွေဟ စိဝမ်းကွဲပီး ချင်းချင်းရန်ဖြစ်နေဂေ့မယ်ဆိုဝါ အဲမိုနိုင်ငံဟ ဟဲမျိုးတည်မြဲမယ်နူး။ အဲမျိုးဘဲ့ မိသားဇု တစ်ဇုမှာလဲ စိဝမ်းကွဲပီး ချင်းချင်းရန်ဖြစ်နေဂေ့မယ်ဆိုဝါ အဲမိုမိသားဇုဟ ပြိုကွဲရလိမယ်။ 18အဲ့မိုမျိုးဘဲ့ မာရ်နတ် န သူ့မကောဆိုးဝါးဒွေဟလဲ သူ့နို့ချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေမယ်ဆိုဝါ သူ့နိုင်ငံဟ ဖျစ်စီးခံရလိမယ်။ ငါ အဲမျိုးပြောရဇာဟ နန်းနို့ဟ ငါ့ဝို ကောဆိုးဝါးဒွေဝို မောထုဝို့တွက် ဗေလဇေဗုလရဲ့ ဂိုးဝို သုံးပြုရယ်ဆိုပီး ပြောဂေ့ရိဂျော့ဖြစ်ရယ်။ 19ငါဟ ဗေလဇေဗုလရဲ့ ဂိုးဝို သုံးပြုပီး ကောဆိုးဝါးဒွေဝို နှံထုလိုက်ရယ်ဆိုဝါ နန်းနို့ရဲ့ဗြိဒွေဟ ဟယ်သူဂိုးအာဏာန ကောဆိုးဝါးဒွေဝို နှံထုနေဂေ့နူး။ နန်းနို့ရဲ့ဗြိဒွေဟ နန်းနို့မှားနေရယ်ဆိုဇာရဲ့ သက်သေဒွေဘဲ့ဖြစ်ရယ်။ 20အယ်ဘေမဲ့ ကောဆိုးဝါးဒွေဝို နှံထုဝို့တွက် ဘုရားရှင်ရဲ့ ဂိုးတော်ဝို ငါသုံးပြုနေဇာ ဖြစ်ရိတွက်ဂျော့ ဘုရားရှင်ရဲ့သာသနာတော်ဟ နန်းနို့ဆီမှာ ရော့နေပီဆိုဇာဝို ဖော်ပြနေဇာဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။
21အဲနော့ ကိုယ်တော်ဟ ပုံဥပမာန ပြောဝိုဇာဟ “အားကီးသူတယော့ဟ လက်နက်ပလဲ့ဇုံန သူ့အီဝို စော့ရှော့ဝိုခါမှာ သူရဲ့ပစ္စည်းဥစ္စာဒွေဟ လုံခြုံနေမယ်ဖြစ်လေရယ်။ 22အယ်ဘေမဲ့ သူ့ထက် ခွန်အားကီးသူဟ သူ့ဝို လာတိုက်ခိုက်ပီး နိုင်ရရယ်ဆိုဝါ သူအားထားရဝို လက်နက်ဒွေဝို သီးယူဝါးပီး သူ့ပစ္စည်းဥစ္စာဒွေဝိုလဲယူဝါးပီး ခြားလူဒွေဝို ခွဲဝီပေးလိမယ်ဖြစ်ရယ်။
23ငါ့ဖက်မှာ ရပ်တည်ဘဲဝို ဟယ်သူမဆို ငါ့ဝိုဆန့်ကျင်ဝိုသူဘဲ့ဖြစ်ရယ်။ ငါ့န တူတူ စုဝေးနေဘဲဝိုလူဒွေဟလဲ ကွဲတပြားဖြစ်ရလိမယ်။” ဆိုပီး မိတော်မူလေရယ်။
ပလန်လာဝိုကောဆိုးဝါး
24အဲနော့ ကိုယ်တော်ယေရှုဟ ဆစ်ပီး “ကောဆိုးဝါးဟ ပူးကပ်ရားဝိုသူဆီဟနေ ထွက်ပီး ကန္တာရထဲမှာ လှည့်လည်ပီး နားခိုဝို့နေရာဝို ရှာလေရယ်။ အယ်ဘေမဲ့ တနေရာမှ ရှာတွီ့ဘဲရိတွက် ‘ငါ စဒူးဟနေဖူးဝို နေရာဝိုဘဲ့ ပလန်မယ်’ ဆိုပီး ပြောပီး ပလန်လာလေရယ်။ 25သူပလန်လာဝိုခါမှာ စဒူးဟ သူပူးကပ်ရားဝို လူရဲ့ခန္ဓာကိုယ်ဟ သန့်ရှင်းနေအော် မှိုက်လှည်းရားဝို အီတလုံးမျိုးဖြစ်နေဇာဝို တွီ့လိုက်ရရယ်။ 26အဲခါမှာ ကောဆိုးဝါးဟ ထွက်ရားပီး သူ့ထက်ပိုဆိုးဝို ခြားကောဆိုးဝါး ခုနှေ့ကော်ဝို ခေါ်လာပီး နေထိုင်ရိတွက် အဲမိုပူးကပ်ခံရဝိုလူဟ စဒူးဟထက် ခြေနေပိုဆိုးဝါးလေရယ်။” ဆိုပီး မိတော်မူလေရယ်။
ကံကောဝိုသူဒွေ
27ကိုယ်တော်ယေရှုဟ အယ်မိုဇာဒွေဝို ဟောပြောနေဝိုခီမှာ လူအုပ်ထဲဟ မျိုးမီးတယော့ဟ “အရှင်ဝို မွီးဖွားသန့်ဇင်ပေးပီး ပြုဇုစော့ရှော့ခဲ့ဝို မျိုးမီးဟ ကံကောဝိုသူဘဲ့ဖြစ်ပါရယ်” ဆိုပီး သံကလယ်ကလယ်န ရှော့တံလေရယ်။
28အဲခါ ကိုယ်တော်ဟ “မှန်ပါရယ်။ အယ်ဘေမဲ့ ဘုရားရှင်ရဲ့နှုကပတ်တော်ဝို နားထော်ပီး နာခံဝိုသူဒွေဟ ပိုပီးကံကောဝိုသူဒွေဖြစ်ဂေ့ပါရယ်” ဆိုပီး ပလန်လည်မိတော်မူလေရယ်။
နမိလက္ခဏာဝို တောဆိုခြင်း
(ရှင်မဿဲ ၁၂.၃၈-၄၂)
29ကိုယ်တော်ရဲ့ပတ်ပတ်လည်မှာ လူဒွေ ပိုပီးတိုးလာဂေ့ဝိုခါမှာ ကိုယ်တော်ဟ “အယ်နေ့ခေတ်လူဒွေဟ ဆိုးဝိုလူဒွေဖြစ်ဂေ့ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဟ ဘုရားရှင်ဟ ငါ့ဝို စေလွှတ်တော်မူကြောဝို သက်သေဖြစ်န အံဖွယ်မှုကိစဝို ပြဇေရှင်ဂေ့ရယ်။ အယ်ဘေမဲ့ နန်းနို့ဗြင်ရဝို့ ခုဒဲသော အံ့ဖွယ်မှုကိစဟ ရှေးဒူးဟ ပရောဖက်ယောန#11.29 ပရောဖက်ယောန ယောနဟ ရှေးဒူးဟ ရှေ့ခဲ့ဝို ဘုရားရှင်ရဲ့ ပုရောဖက်တဘားဖြစ်ရယ်။ ရားဒိုင်းကီးဝို ငါးဂီးတဂေါ်ဟ သူ့ဝို မျိုခလခဲ့ပီး သုံးရစ်ကြာဝိုခါမှာ ဘုရားရှင်ဟ ငါးဂီးဝို ယောနဝို ကူးပေါ်ဝို ပလန်အန်ခလခိုင်းခဲ့ရယ် မှာဖြစ်ခဲ့ဝို အံ့ဖွယ်ကိစမျိုးဘဲ့ ဖြစ်လိမယ်။ 30ပရောဖက်ယောနဟ ဘုရားရှင်စေလွှတ်တော်မူကြောဝို နိနေဝေဗြို့သားဒွေဝို သက်သေပြရစ်ဝိုမျိုး ငါ၊ လူ့သားတော်ဟလဲ ငါ့ဝို ဘုရားရှင်စေလွှတ်တော်မူကြောဝို အယ်နေ့ခေတ်လူဒွေဝို သက်သေပြမယ်။ 31ရှေဘပြည်ရဲ့ ဘုရင်မ#11.31 ရှေဘပြည်ရဲ့ ဘုရင်မ ရှေဘပြည်ဘုရင်မဆိုဇာဟ တော်ပိုင်းဘုရင်မဝို ရည်ညွှန်းရယ်။ သူ့နိုင်ငံဟ အစ္စရေးပြည်ရဲ့ တော်ဖက်မှာရှေ့ရယ်။ဟ ဉာဏ်ပညာကီးမားဝို ရှောလမုန်ဘုရင်ရဲ့ ဂါးဝိုနားထော်ဝို့ ဝီးလံခေါဖျားဝို တိုင်းပြည်ဟနေ လာခဲ့ရရယ်။ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ ရှောလမုန်မန်းဂီးထက် ပိုပီးကီးမြတ်ဝိုသူဟ အယ်မိုနေရာမှာ ရော့နေပီဖြစ်နေဂိုမှ နန်းနို့ဟ သူ့ဂါးဝိုနားထော်ဝို့ လက်မခံဂေ့ရ။ အဲဂျော့ ရားစီရင်ဝို့နေ့ရော့လာဝိုခါမှာ ရှေဘပြည်ရဲ့ဘုရင်မဟ ခုခေတ်လူဒွေနတူတူ သက်ပလန်ရှင်ပီး ခုခေတ်လူဒွေဝို မှားယွင်းစွာ လုပ်ဆော်နေဂေ့ရိတွက် ပြစ်တံစွပ်စွဲလိမယ်။ 32အဲမိုမျိုးဘဲ့ ရားစီရင်ဝိုနေ့မှာ နိနေဝေဗြို့သားဒွေဟလဲ ခုခေတ်လူဒွေနတူတူ သက်ပလန်ရှင်ပီး ခုခေတ်လူဒွေဝို မှားယွင်းစွာ လုပ်ဆော်နေဂေ့ရိတွက် ပြစ်တံစွပ်စွဲလိမယ်။ ဟဲဖြစ်ရိနူးဆိုဝါ နိနေဝေဗြို့သားဒွေဟ ယောနရဲ့ဟောပြောသွန်သန်ဇာဝို နားထော်ပီး သူ့နို့ရဲ့ပြစ်ဒွေဟနေ နော်ဒသံဝေဂရဂေ့ရိတွက်ဖြစ်ရယ်။ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ ယောနထက် ပိုပီးကီးမြတ်ဝိုသူဟ အယ်မိုနေရာမှာ ရော့နေပီဖြစ်နေဂိုမှ နန်းနို့ဟ သူ့ဂါးဝိုနားထော်ဝို့ လက်မခံဂေ့ရ။” ဆိုပီး မိတော်မူလေရယ်။
ကိုယ်ခန္ဓာရဲ့လန်းရော်
(ရှင်မဿဲ ၅.၁၅၆.၂၂-၂၃)
33အဲနော့ ကိုယ်တော်ဟ “ဟယ်သူမှ ဆီမီးဝိုထွန်းပီး ကွယ်ရာမှာ ထားဘဲဝိုမျိုး ခြင်းတောအော့မှာလဲ ထားဂေ့မှာမုဝ။ အဲမိုစား အီထဲဝို ဝမ်လာသူဒွေ လန်းရော်ရဇေဝို့ မီးအီဝို မီးတိုင်မှာဘဲ့ ခိဆွဲရားလေ့ရှေ့ရယ်။ 34နန်းနို့ရဲ့မျစ်လုံးဒွေဟ နန်းနို့ခန္ဓာကိုယ်ရဲ့ မီးအီမျိုးဘဲ့ဖြစ်ရယ်။ မျစ်လုံးကောရယ်ဆိုဝါ နန်းနို့လန်းရော်ဝို ရမှာဖြစ်ပီး မျစ်လုံးကောဘဲနေဆိုဝါ ရာအားလုံးဟ မှော်မိုက်နေလိမယ်။ 35အဲမိုဂျော့ နန်းနို့ရဲ့ လန်းဟ မှော်မိုက်မနေစေဝို့တွက် သေချာဂရုစိုက်ဂေ့ပါ။ 36နန်းနို့မှာ လန်းရှေ့ရယ်ဆိုဝါ ဟဲရာဇာမှ မှော်မိုက်ဇာမှေ့ဘဲမျိုး မီးအီဟ တော့ပဝိုလန်းရော်န နန့်ပေါ်ဝို ထွန်းလန်းနေမျိုး နေရာဒိုင်းမှာ ထွန်းလန်းတော့ပနေမှာဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှုဟ ဖာရိရှဲ န ကျမ်းတတ်ဆရာဒွေဝို ဆုံးမတော်မူခြင်း
(ရှင်မဿဲ ၂၃.၁-၃၆ရှင်မာကု ၁၂.၃၈-၄၀)
37အဲမိုမျိုး ကိုယ်တော်ယေရှု မိတော်မူပီးဝိုခါမှာ ဖာရိရှဲတယော့ဟ ကိုယ်တော်ဝို စားဇာန ဧည့်ခံဝို့ သူ့အီဝို ပမ့်ရိတွက် ကိုယ်တော်ဟ ကြွတော်မူပီး ဘွဲမှာ ထိုင်တော်မူလေရယ်။ 38စာမစားခံမှာ ဂျူးဒွေရဲ့ဓလေ့ထုံးစံတိုင်း လိုအပ်ဝို လက်ဆေးဇာဝို ကိုယ်တော်ယေရှုဟ ဦးဆုံးမလုပ်ဘဲနေဇာဝို ဖာရိရှဲဟ ဗြင်ဝိုခါမှာ အံ့ဩဝါးဂေ့လေရယ်။
39အဲဂျော့ အရှင်ဟ သူ့ဝို “ဖာရိရှဲဒို့ နန်းနို့ဟ အိုးခွက်ပဂန်ဒွေရဲ့ ပလန်ဖက်ဝိုဘဲ့ သန့်ရှင်းစေပီး နန်းနို့ရဲ့ တွမ်းပိုင်းဟ လောဖကီးပီး ဆိုးသွမ်းဂေ့လေရယ်။ 40လူမိုက်ဒွေ၊ ဘုရားရှင်ဟ တွမ်းနပလန် နှေ့ဖက်လုံးဝို ဖန်တီးထားဇာမုဝလော။ 41အဲဂျော့ရိ လောဖကီးပီး ကော့ကျစ်ဂေ့န။ အဲမိုစား နန်းနို့မှာ ရှေ့ဝိုဇာဒွေဝို ဆင်းရဲနွမ်းပါးဝို သူဒွေဝို ပေးကမ်းစွန့်ကြဲမယ်ဆိုဝါ နန်းနို့လုပ်ဇာမှန်သမျှဝို ဘုရားရှင်ဟ နှစ်သက်တော်မူပါလိမယ်။
42ဖာရိရှဲဒွေ၊ နန်းနို့ဟ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဟ ပူစီနံ၊ လျူဝက်#11.42 ပူစီနံ၊ လျူဝက် ပူစီနံ န လျူဝက်ဆိုဇာဟ ပင်စိမ်း န နံနံပမ်ဝိုမျိုး ဆေးဖက်ဝမ်ပမ်ဒွေထဲဟ သေးဆုံး န စျေးသက်သာဆုံးဖြစ်ရယ်။ န ခြံဟနေထွက်ဝို ခြားသောဆေးဖက်ဝမ် ဟမ်းသီးဟမ်းဝက်ဒွေဝို ဆယ်ဖို့တစ်ဖို့ ဘုရားရှင်ဝို လှူဒါန်းဂေ့ဘေမဲ့ နန်းနို့ဟ သူများပေါ်မှာ မတရားဆစ်ဆံဂေ့ပြီး ဘုရားရှင်ဝိုလဲ ရှစ်ဂေ့ရ။ နန်းနို့ဟ ဘုရားရှင်ဝို ဆယ်ဖို့တစ်ဖို့လှုဒါန်းရဝို့ပြင် ခြားသူဒွေဝိုလဲ တရားမျှမျှတတဆစ်ဆံပြီး ဘုရားရှင်ဝိုလဲ ရှစ်မြတ်နိုးဂေ့ရမယ်ဖြစ်ရယ်။
43ဖာရိရှဲဒွေ၊ နန်းနို့ဟ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။ နန်းနို့ဟ ဓမ္မာရုံဒွေမှာ ရှေ့ဟထိုင်ရဇာဝို နှစ်သက်ဂေ့လေရယ်၊ နန်းနို့ဟ စျေးထဲဟလူဒွေရဲ့ ဂုဏ်ပြုနှုဆစ်ဇာ ခံရဇာဝိုလည်း ဘောကလဂေ့လေရယ်။
44နန်းနို့ဟ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။ နန်းနို့ဟ မှတ်သားမှေ့ဘဲဝို သန်းခလိုင်းဂူန တူရယ်။ လူဒွေဟ မှတ်သားမှေ့ဘဲဝိုဂူပေါ်ဟနေ လမ်းရှော့သွားဂေ့ဝိုခါမှာ သန်းခလိုင်းဂူဆိုဇာဝို သူ့နို့မသိဂေ့ဘဲရိတွက် သူ့နို့ဟ သန့်ရှင်းဂေ့ဟန်းဖြစ်ရားရယ်#11.44 သန့်ရှင်းဂေ့ဟန်းဖြစ်ရားရယ် ထုံးတမ်းစဉ်လာရ သန်းခလိုင်းဂူဝို ထိမိဝို ဂျူးလူမျိုးဟ ခုနှေ့ရစ်လုံး သန့်ရှင်းဟန်း။” ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။
45အဲခါ ကျမ်းတတ်ဆရာတစ်ယော့ဟ “ဆရာ၊ အဲမျိုး မိဆိုဇာဟ ကျနော်ဒို့ဝို ပြစ်တံရှုံ့ခလရာ ရော့ပါရယ်” ဆိုပီး ပလန်ပြောလေရယ်။ 46အဲခါ ကိုယ်တော်ဟ “ကျမ်းတတ်ဆရာဒွေ၊ နန်းနို့လဲ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ နန်းနို့ဟ လူဒွေလိုက်နာဝို့ စည်းမျဥ်းစည်းကမ်းဒွေ များဂီးထုဂေ့ရယ်။ အဲမိုဇာဟ သူ့နို့နော့ကျောမှာ သူ့နို့ထမ်းနိုင်ဘဲဝို လေးလံဝို ဝန်ထုပ်ဝန်ပိုးဒွေဝို ထမ်းခိုင်းဝိုမျိုးဖြစ်လေရယ်။ အယ်ဘေမဲ့ နန်းနို့ဟ နန်းနို့ရဲ့အားထုတ်ကြိုးပမ်းဇာ ဒစ်ရားနဂိုမှ နန်းနို့ဟ သူ့နို့ဝို အယ်မိုစည်းမျဥ်းစည်းကမ်းဒွေဝို လိုက်နာဝို့ ကူညီဂေ့ရ။
47နန်းနို့ဟ မှန်တဂယ်ဘဲ့ ဆင်းရဲဒုက္ခဂီးန ကြုံတွီ့ရလိမယ်ဖြစ်ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ တိကာလဟ နန်းနို့ဘိုးဘေးဒွေသတ်ရားဝို ပရောဖက်ဒွေတွက် သန်းခလိုင်းဂူဒွေဝို နန်းနို့ဟ ဆော့ပေးနေဂေ့ရယ်။ 48အဲမိုဂျော့ နန်းနို့ အဲမျိုးလုပ်ရယ်ဆိုဝါ နန်းနို့ရဲ့ ဘိုးဘေးဒွေလုပ်ခဲ့ဇာဝို နန်းနို့ထော့ခံနေဇာဘဲ့ ဖြစ်ရယ်၊ နန်းနို့ ထော့ခံရဆိုဝါ နန်းနို့ဘိုးဘေးဒွေ သတ်ရစ်ဝို ပရောဖက်ဒွေတွက် သန်းခလိုင်းဂူဒွေဝို နန်းနို့ဆော့ပေးမှာ မုဝ။ 49အဲဂျော့ ရာအားလုံးဝို သိတော်မူဝို ဘုရားရှင်ဟ ‘နန်းနို့ဆီဝို ပရောဖက်ဒွေန သာဝကဒွေဝို စေလွှတ်တော်မူမယ်။ အယ်ဘေမဲ့ နန်းနို့ဟ ချို့ဝိုသတ်ပီး ချို့ဝို ညှင်းဆဲဂေ့လိမယ်’ ဆိုပီး မိတော်မူဇာဖြစ်ရယ်။ 50အဲဂျော့ ဘာဦးစဒဲဟနေစပီး နန်းနို့ဘိုးဘေးဒွေ သတ်ပစ်ခဲ့ဝို ပရောဖက်ဒွေဂူလုံး သေဆုံးဇာတွက် ခုသက်ရှင်နေဝို နန်းနို့ဝို ဘုရားရှင်ဟ ပြစ်ပေးလိမယ်ဖြစ်ရယ်။ 51နန်းနို့ဝို ငါမှန်ဝိုပြောရမယ်ဆိုဝါ ပရောဖက်အာဗေလ#11.51 ပရောဖက်အာဗေလ ကာဣနဟ သူ့ညီအာဗေလဝို သတ်ခဲ့ပီး သူ့နို့ဟ အာဒံရဲ့သားဒွေဖြစ်ရယ်။ အာဗေလဟ ဓမ္မဟောကျမ်းမှာ ဦးဆုံးသတ်ခံခဲ့ရသူဖြစ်ရယ်။ဟနေ စပီး ပူဇော်ပလ္လင် န ဗိမာန်တော်ဆော့အုံဂျားမှာ သတ်ခံခဲ့ရဝို ပရောဖက်ဇာခရိ#11.51 ပရောဖက်ဇာခရိ ဇာခရိဟ ရှေးဒူးဟ ယဇ်ပုရောဟိတ်တယော့ဖြစ်ပီး သူဟ ဘုရားရှင်ရဲ့နှုကပတ်တော်ဝို ကြေငြာရိတွက် သတ်ခံခဲ့ရဇာဖြစ်ရယ်။ သူဟ နော့ဆုံးသတ်ခံရဝိုလူဖြစ်ရယ်။ထိတိုင်အော် နန်းနို့ဘိုးဘေးဒွေ ပြုလုပ်ရားဝိုဇာဒွေတွက် ဘုရားရှင်ဟ နန်းနို့ဝို ပြစ်ဒဏ်ခလလိမယ် ဆိုဇာဟ သေးချာဘဲ့ဖြစ်ရယ်။
52ကျမ်းတတ်ဆရာဒွေ၊ နန်းနို့ဟ ဒုက္ခဆင်းရဲဒွေန ကြုံတွီ့ရဂေ့လိမယ်ဖြစ်ရယ်။ ဟဲရာဖြစ်ရိနူးဆိုဝါ နန်းနို့ဟ ဘုရားရှင်ဝို သိဗြင်ဝိုနည်းလမ်းဝို ယူဝါးဂေ့ပီး နန်းနို့ကိုယ်တိုင်ဟလဲ ဘုရားရှင်ဝို သိဂေ့ရ၊ အဲမိုပြင် ခြားသူဒွေသိရဝို့လဲ နန်းနို့ဟ ပိပမ်တားဆီးနေဂေ့ရယ်။” ဆိုပီး မိတော်မူလေရယ်။
53ကိုယ်တော်ယေရှု အဲမိုဇာဒွေပြောဆိုပီးဝိုနော့မှာ သူဟ အဲမိုနေရာဟနေ ထွက်ခွာလာလေရယ်။ အဲနော့ ဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒွေဟ ကိုယ်တော်ဝို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တံဂေ့ပီး ကိုယ်တော်ဝို ကြောရာများဂီးန ပတ်သက်ပီး မေးခွန်းဒွေ မေးဂေ့လေရယ်။ 54အဲမိုလူဒွေဟ ကိုယ်တော်မိတော်မူဝို ဂါးဒွေမှာ မှားတစ်ခုခုပါရယ်ဆိုဝါ ကိုယ်တော်ဝို ပြစ်တံစွပ်စွဲဝို့တွက် အယ်မိုမျိုး မေးဂေ့ဇာဖြစ်ရယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in